နယ်သာလန်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၁၀ -
[[File:RUB9281213-111 1.jpg|thumb|upright=0.85|၁၉ ရာစုမှ [[:en:Concertgebouw|တော်ဝင် ဂီတခန်းမ]]]]
 
နယ်သာလန်နိုင်ငံတွင် အမျိုးစုံသော ဂီတရိုးရာများ ရှိပါသည်။ ဒတ်ခ်ျရိုးရာ ဂီတအမျိူအစားကို "''Levenslied''" ဟု ခေါ်ပြီး ဘဝရဲ့သီချင်း ဟု အဓိပ္ပါယ်ရသည်။ ဤသီချင်းများသည် ပုံမှန်အားဖြင့် ရိုးရှင်းသော တေးသွားနှင့် ရမ်သမ်ရှိပြီး ရိုးရှင်းသော နှစ်ကြောင်းဆက်ကာရန်နှင့် ကောရပ် ဖွဲ့စည်းပုံရှိသည်။ ပေါ့ပါးသော တေးသွားသံစဉ်ပုံစံရှိပြီး လွမ်းဆွက်တမ်းသသော တေးသွားပုံစံဖြစ်လည်း ရေးဖွဲ့လေ့ရှိကာ အခဈ်အကြောင်း၊ သေခြင်းတရားနှင့် အထီးကျန်ဆန်မှုတို့အကြောင်းပါဝင်သည်။ အကော်ဒီယံနှင့် လေမှုတ်အော်ဂန်ကဲ့သို့သော ရိုးရာတူရိယာများသည် levenslied ဂီတအတွက် အဓိကကျသော တူရိယာများဖြစ်ပြီး နောက်ပိုင်းခေတ်များတွင် ဂီတပညာရှင်များသည် synthesiser များနှင့် ဂစ်တာများကို အသုံးပြု၍လာခဲ့သည်။  ယန် စမစ်(Jan Smit)၊ ဖရန့် ဘောင်အာ(Frans Bauer) နှင့် အန်ဒရဲ ဟာ့ဇ်(André Hazes) တို့သည် ဤဂီတအမျိုးအစားကို သီဆိုသူအနုပညာရှင်များထဲတွင် ပါဝင်ကြသည်။
 
[[File:Anouk, ESC2013 press conference 09 (crop).jpg|thumb|upright=0.85|ပေါ့ အဆိုတော် [[:en:Anouk (singer)|Anouk]] (၂၀၁၃ ခုနစ်)]]
[[File:Coldplay perform "Up&Up", Amsterdam Arena, June 2016 (5).jpg|thumb|upright=0.85|အကြီးဆုံး ဒတ်ခ်ျ ဂီတဖျော်ဖြေရေးကွင်း ဖြစ်သော [[:en:Johan Cruyff Arena|Johan Cruyff Arena]]]]
 
ခေတ်ပေါ် ဒတ်ခ်ျ ရော့ခ်နှင့် ပေါ့ပ်ဂီတ([[en:Nederpop|Nederpop]]) တို့သည် ၁၉၆၀ ခုနှစ်များထွန်း ပေါ်ထွန်းခဲ့ခြင်းဖြစ်ပြီး ‌‌[[အမေ‌ရိကန်ပြည်ထောင်စုအမေရိကန်ပြည်ထောင်စု|အမေရိကန်]]နှင့် [[ယူနိုက်တက် ကင်းဒမ်း|ဗြိတိန်]]တို့၏ ခေတ်ပေါ်ဂီတတို့မှ ကြီးစွာလွှမ်းမိုးမှု ရှိခဲ့သည်။ ၁၉၆၀ ခုနှစ်များနှင့် ၇၀ ခုနှစ်များတွင် စာသားအားလုံးနီးပါးသည် အင်္ဂလိပ်စာသားများဖြင့်ပြီး အချို့သီချင်းများမှာ အတီးချည်းသပ်သပ်ဖြစ်သည်။ Shocking Blue၊ Golden Earring၊ Tee Set၊ George Baker Selection aနှင့် Focus စသော တီးဝိုင်းအဖွဲ့များသည် နိုင်ငံတကာထိပါ အောင်မြင်မှုများ ရရှိခဲ့သည်။ ၁၉၈၀ ခုနှစ်များအရောက်တွင် အကြီးအကျယ် အောင်မြင်ခဲ့သည့် Doe Maar တီးဝိုင်းအဖွဲ့အား အတုယူ၍ များစွာသော ပေါ့ပ်ဂီတသမားများသည် ဒတ်ခ်ျဘာသာဖြင့် စတင်ရေးဖွဲ့လာခဲ့ကြသည်။ ယနေ့အခါတွင် ဒတ်ခ်ျ ရော့ခ်နှင့် ပေါ့ပ်ဂီတသည် ဘာသာစကားနှစ်ခုစလုံးဖြင့် ရှင်သန်၍လာခဲ့ပြီး အချို့သော အနုပညာရှင်များသည် ဘာသာစကားနှစ်ခုလုံးဖြင့်ပင် အသံသွင်းခြင်းများ ပြုလုပ်၍ လာခဲ့သည်။
 
လက်ရှိတွင် [[Symphonic metal]] တီဝိုင်းအဖွဲ့များဖြစ်သော Epica, Delain, ReVamp, The Gathering, Asrai, Autumn, Ayreon and Within Temptation နှင့် [[ဂျက်စ်ဂီတ|ဂျက်စ်]]နှင့် ပေါ့ပ် အဆိုတော် Caro Emerald တို့သည် နိုင်ငံတကာ အောင်မြင်မှုများရနေသော အဖွဲ့များဖြစ်သည်။ မက်တဲယ်တီးဝိုင်းအဖွဲ့များဖြစ်သော Hail of Bullets, God Dethroned, Izegrim, Asphyx, Textures, Present Danger, Heidevolk and Slechtvalk တို့သည်လည်း ဥရောပ၏ အကြီးမားသော မက်တဲယ်ဂီတဖျော်ဖြေပွဲများတွင် ဝင်ရောက်တီးခတ်ကြသည့် အထူးဧည့်တီးဝိုင်းအဖွဲ့များ ဖြစ်ကြသည်။ ခေတ်ပြိုင် ဒေသတွင်း နာမည်ကျော်ကြားကြသူများတွင် ပေါ့ပ်အဆိုတော် Anouk၊ ကျေးလက်ပေါ့ပ်အဆိုတော် DeLange၊ South Guelderish နှင့် Limburgish ဘာသာစကားဖြင့်ဆိုသော Rowwen Hèze တီးဝိုင်းအဖွဲ့၊ ရော့ခ်ဂီတအဖွဲ့ဖြစ်သော BLØF နှင့် Nick & Simon အတွဲတို့ ပါဝင်ကြသည်။ စွယ်စုံရ အဆိုတော် တစ်ဦးဖြစ်သည့် Trijntje Oosterhuis သည် နိုင်ငံ၏ အကျော်ကြားဆုံးသော အနုပညာရှင်များထဲတွင်ပါဝင်ပြီး ကျော်ကြားသည်ြ အမေရိကန် တေးရေးဆရာများဖြစ်ကြသည့်  Vince Mendoza and Burt Bacharach တို့နှင့်တွဲဖက်ပြီး အယ်ဘမ်များစွာ သီဆိုခဲ့သည်။