အိပ်စက်ခြင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၆ -
ကောင်းမွန်စွာ အိပ်စက်ခြင်းဟာ နံနက်ခင်းမှာပဲ စတင်ပါတယ်။ အိပ်ရာ နိုးနိုးချင်း မျက်စိဖွင့်လိုက်တယ် ဆိုရင်ပဲ နံနက်ခင်း အလင်းရောင်က မျက်စိထဲကို ဝင်ရောက်လာပြီးအမြင်အာရုံကြောများဆီကို ရောက်ပါတယ်။ ထိုမှ တဆင့် ဦးနှောက်ကို ရောက်ပါတယ်။ဟိုမုန်းထုတ်လုပ်ခြင်းကို လှုံ့ဆော်ပြီး ဘယ်လို တွေးတယ်၊ ဘယ်လိုခံစားရတယ်ဆိုတာတွေကို တွေးသမျှ ၊ လုပ်ဆောင်သမျှ တွေကို မျှတအောင် ညှိပေးပါတယ်။
 
နေရာင်ခြည်က ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ် လို့ UCLA Sleep Disorders Centre မှ ဆေးဘက်ဆိုင်ရာ ဒါရိုက်တာ Dr. Frisca L. Yan Go ကဆိုပါတယ်။ နံနက်ခင်းတိုင်းမှာ အချိန်မှန် ပုံမှန် လှုံ့ဆော်မှုက လူ့ခနာကိုယ်ကိုလူ့ခန္ဓာကိုယ်ကို ညဖက်မှာ အိပ်စက်ဖို့နဲ့ နံနက်ခင်းမှာနိုးထဖို့ကို သင်ပြပေးပါတယ်။ ဆိုလိုတာက ညတိုင်း ပုံမှန် ည ၁၁နာရီမှာ အိပ်စက်ပြီး နံနက် ၆ နာရီမှာ အိပ်ရာ ထတယ် ဆိုရင် နေ့စဉ် ည ၁၁ နာရီဆိုလျှင် အိပ်ချင်လာပြီး နံနက် ၆ နာရီမှာ အိပ်ရာ အမြဲနိုးထတတ်ပါတယ်။ နံနက်ခင်းတွေမှာ အိပ်ရာနိုးထချိန်တွေ တစ်နေ့နဲ့ တစ်နေ့ မတူတဲ့အခါမှာ ခန္ဓာကိုယ်နဲ့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေက နာရီအချိန်မမှန်တော့ဘဲ လေးလံထိုင်းမှိုင်းလာတတ်ပါတယ်။ နိုးထကာစမှာ လေးလံထိုင်းမှိုင်းနေပြီး ဘာကိုမှ စိတ်ဝင်တစား အလုပ်လုပ်လို့ မရတာမျိုး ဖြစ်တတ်ပါတယ်။
 
အမျိုးသမီးများက သူတို့အတွက် သူတို့ တစ်စက္ကန့်လေးတောင် အချိန်မပေး တတ်ကြသူများဖြစ်နေပါတယ်။ အမျိုးသမီး ၆၀% က ညအိပ်ရာ မဝင်ခင် နာရီပိုင်း အချိန်ကလေးမှာ အိမ်အလုပ်တွေကို ဆက်တိုက် လုပ်နေကြရသူများ ဖြစ်ကြပါတယ်။ ၃၇% ကတော့ ကလေးတွေကို ထိန်းကျောင်းကာ ကလေးများနဲ့ အလုပ်ရှုပ်နေကြပါတယ်။ ၃၆% ကတော့ မိသားစုနဲ့ အတူ မိသားစုတာဝန်တွေနဲ့ ရှိနေတတ်ကြပြီး ၃၆%က အင်တာနက် လုပ်နေတတ်ကြပါတယ်။ ၂၁% ကတော့ လုပ်ငန်းခွင်မှာပဲ ရှိနေပါသေးတယ်။