ကန့်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၃ -
| အိုင်ယွန်နစ်အချင်းဝက် =
| အိုင်ဆိုတုပ် = ၄
| ရှဲလ် = [&#91;[[Ne]]]&#93; 3s<sup>2</sup> 3p<sup>4</sup>
| အိုင်ရွန်နိုင်ဇေးရှင်းစွမ်းအင်= 1313999.96 kJ·mol<sup>−1</sup>
| တွေ့ရှိသူ = Carl Wilhelm Scheele
| ခုနှစ် = 1773
}}
'''ကန့်'''ကို လူတို့သည် အလွန်ရှေးကျသောခေတ်ကပင် သိရှိခဲ့ကြသည်။ အင်္ဂလိပ်ဘာသာဖြင့် ဆာလဖာ (Sulphur) ဟုခေါ်ပြီး ဓာတုဗေဒ သင်္ကေတမှာ S ဖြစ်သည်။ အာရပ်လူမျိုး အဂ္ဂိယတ်ဆရာတို့သည် ကန့်၏ မီးလောင်လွယ်သော ဂုဏ်အင်္ဂါကို အစွဲပြု၍ မီးလောင်ရာ၌ လိုအပ်သော အခြေခံပစ္စည်းဟု သတ်မှတ်ခဲ့သည်။ ကန့်ကို သဘာဝတွင် အနှံ့အပြား တွေ့ရသည်။ အချို့ကို သန့်သန့်တွေ့ရ၍ အချို့ကိုမူ [[ပြဒါး]]နှင့် ပေါင်းစပ်ကာ ဟင်းသပြဒါးရိုင်းအဖြစ်လည်းကောင်း၊ [[သံ (သတ္တု)|သံ]]နှင့်ပေါင်းစပ်ကာ ဗဟန်းကျောက်အဖြစ်လည်းကောင်း၊ [[ခဲ]]နှင့်ပေါင်းစပ်ကာ ဂလီးနားအဖြစ်လည်းကောင်း တွေ့ကြရသည်။ ဗဟန်းကျောက်တွင် ကန့်ကြွယ်ဝသဖြင့် တစ်ခါတစ်ရံ ကန့် သို့မဟုတ် ဆာလဖာဒိုင်အောက်ဆိုဒ် ထုတ်ယူရန် အသုံးပြုသည်။ [[မီးတောင်]]ရှိသော အရပ်ဒေသများတွင် ကန့်သန့်သန့်ကို အများအားဖြင့် တွေ့ရှိရလေရာ ထိုသို့တွေ့ရခြင်းမျာ ဟိုက်ဒရိုဂျင် ဆာလဖိုက်နှင့် ဆာလဖာဒိုင်အောက်ဆိုက် တစ်ခုနှင့်တစ်ခု တွေ့ဆုံကပြီး ဓာတ်ပြောင်းလဲမှု ဖြစ်ပွားခြင်းကြောင့်ဖြစ်သည်ဟု ထင်မှတ်ရသည်။ ရှေးအခါက ကမ္ဘာပေါ်တွင် ရောင်းဝယ်ဖောက်ကားရာ၌ အသုံးပြုခဲ့သည့် ကန့်အားလုံးကို စစ္စလီကျွန်းမှ ရရှိသည်။ သို့သော် ယခုအခါ အီတလီ၊ အမေရိကန်၊ ဂျပန်၊​ ချီလီနှင့် ပီရူးနိုင်ငံတို့မှလည်း တူးဖော်ရရှိသည်။
"https://my.wikipedia.org/wiki/ကန့်" မှ ရယူရန်