ဦးခန္တီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ဘဝနိဂုံး
စာကြောင်း ၃၉ -
 
 
ထိုနောက် ၁၂၇၅ ခုနှစ်တွင် [[ရန်ကင်းတောင်]]ကို ပြုပြင်သည်။ မန္တလေး တောင်ခြေ စန္ဒမုနိ ဘုရားနှင့် သထုံမြို့ ရွှေစာရံ ဘုရား များတွင် ကျောက်ချပ်ရေ ၃၀၀ဝ ကျော်ရှိ ပိဋကတ်တော် အဋ္ဌကထာများကို ကျောက်ထက် အက္ခရာ တင်ခဲ့သည်။ အခြားသော ဦးခန္တီ၏ ကောင်းမှု ကုသိုလ်တော်ကား မန္တလေး ကျောက်တော်ကြီး ဘုရား၊ ကုသိုလ်တော်ဘုရား၊ အာနန္ဒာဘုရား တို့၌ အာရုဏ်ခံ တန်ဆောင်းများ ၊ အုတ်ဆောင်းတန်းများ၊ ရုပ်ပွားတော်များ တည်ဆောက်ခြင်း၊ တောင်ပြုံး ဆုတောင်းပြည့် စေတီနှင့် စောင်းတန်းများ တည်ဆောက်ခြင်း၊ မယ်ဥတောင်၌ စေတီပုထိုးများ တည်ခြင်း၊ အမရပူရမြို့ ပုထိုးတော်ကြီး အတွင်းရှိ ခေါင်းလောင်းကြီးနှင့် တန်ဆောင်းများ တည်ခြင်း၊ စစ်ကိုင်း၊ [[ဆင်များရှင်စေတီ]] ထီးတင်ခြင်း၊ [[ရွှေစာရံ စေတီတော် (မန္တလေး)|ရွှေစာရံဘုရား]] မွမ်မံခြင်း၊ မေမြို့ [[ညံတောဘုရားကြီး(ပြင်ဦးလွင်)]]၌ ရုပ်ပွားတော်ကြီးများ တည်ခြင်း၊ ပဲခူးမြို့ [[ရွှေမော်ဓောဘုရား]]မှသည် [[ဟင်္သာကုန်းဘုရား]] အထိ စောင်းတန်းနှင့် တန်ဆောင်းများ တည်ဆောက်ခြင်းများ ပြုလုပ်ခဲ့သည်။