ဂျပ်စတီနီယံ၊ (ပထမ): တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၇ -
==အခြားစွမ်းဆောင်ချက်များ==
[[image:Justinian coin.jpg |thumb|left|ပထမ ဂျပ်စတီနီယံ ပုံပါ အကြွေစေ့]]
ဂျပ်စတီနီယံသည် အလုပ်ကိုကြိုးစားပြီး အလွန်ထူးချွန်သူဖြစ်သည်။ အုပ်ချုပ်ရေးတွင် အဂတိလိုက်စားမှုများကို ထိရောက်စွာ နှိမ်နှင်းခဲ့သည်။ ရောင်းရေး၀ယ်တာ၊ ကုန်စည်ကူးသန်းရေးကိုကုန်စည် ကူးသန်းရေးကို အားပေးသည်။ အဆောက်အဦးများစွာ ဆောက်လုပ်ပေးခဲ့ရာ ခံတပ်ကြီးများ ဆောက်လုပ်ခြင်း ၊ ကွန်စတန်တီနိုပယ်မြို့ကို မွမ်းမံတိုးချဲ့ခြင်းနှင့် နာမည်ကြီး [[ဟာဂီရ ဆိုဖီယာ]] (the Hagia Sophia) အပါအ၀င် ဘာသာရေး အဆောက်အဦးများကိုလည်း တည်ဆောက်ပေးသည်။ ထိုသို့ တည်ဆောက်ရေးများကို ဆောက်ရာ ငွေကြေးလိုအပ်ချက်အရငွေကြေးလိုအပ်ချက် အရ အခွန်ငွေများ တိုးမြှင့်ကောက်ခံရာ ပြည်သူတို့၏ အုံကြွမှုကိုလည်းခံခဲ့ရသေးသည်။
 
၅၃၂ တွင် ဖြစ်ပွားသည့် နီးကား ဆူပူမှု (the Nika rids) ဆိုလျှင် ဧကရာဇ်ပလ္လင်မှပင် ဆင်းပြေးရတော့မတတ် ကြီးမားခဲ့သည်။ သို့သော် ထိုအရေးအခင်းကို အောင်နိုင်ပြီးနောက် အာဏာတည်မြဲပြီဟု ဆိုနိုင်သည်။ ထိုသို့ အာဏာကြီးရသည်တွင် အလွန်တော်သည့် မိဖုရားဖြစ်သူ [[သီအိုဒိုရာ]](Theodora) ကြောင့်လည်း ဖြစ်သည်။ ၅၄၈ တွင် ကင်ဆာရောဂါဖြင့် မိဖုရားကွယ်လွန်ရာ အလွန်ပင် စိတ်ထိခိုက်ရှာသည်။ သို့သော် ကွယ်လွန်ချိန် ၅၆၅ ထိ တစ်ဦးတည်း အုပ်ချုပ်ရေးမှာလည်း ခိုင်မြဲသည်ဟုဆိုနိုင်သည်။ သို့ဖြင့် ဂျပ်စတီနီယံ ကွယ်လွန်သော် ပြည်သူအများ အထင်အရှားပင် ၀မ်းမြှောက်ကြသည်ကို တွေ့ရသည်။