ဝိုင် (အရက်): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
{{Infobox beverage
{| align="right" cellpadding="0" border="1" cellspacing="0"
| name = Wine
|-----
| image = Red and white wine 12-2015.jpg
| [[File:Red Wine Glas.jpg|149px|]]
| caption = ဝိုင်နီနှင့် ဝိုင်ဖြူခွက်
| [[File:white Wine Glas.jpg|140px|]]
| type = Alcoholic beverage
|-----
| abv = 5.5–15.5%
| colspan="2" align="center" | <small>ဝိုင်နီနှင့် ဝိုင်ဖြူ</small>
| ingredients = အမျိုးမျိုးကွဲပြားသည်
|}
| variants = {{Flatlist|
* [[ဝိုင်နီ]]
* [[ဝိုင်ဖြူ]]
* [[နှင်းဆီဝိုင်]]
* [[လိမ္မော်ဝိုင်]]
* [[စပါကလင်ဝိုင်]]
* [[ဒဲဆတ်ဝိုင်]]
|}}
| related =
| website =
}}
[[File:Wine press from 16th century.jpg|thumb|upright|၁၆ ရာစုမှ ဝိုင်ညှစ်စက်]]
 
'''ဝိုင်''' ဆိုသည်မှာ ယမကာ တစ်မျိုးဖြစ်ပြီး ကဇော်ဖောက်ထားသော စပျစ်သီးမှ ပြုလုပ်ထားခြင်း ဖြစ်သည်။ တဆေး သည် စပျစ်သီးထဲမှ သကြားကို စုပ်ယူပြီး အီသနော၊ ကာဗွန်ဒိုင် အောက်ဆိုက်ဒ်နှင့် အပူဓာတ်တို့ အဖြစ် ပြောင်းလဲပေးသည်။ စပျစ်သီး အမျိုးမျိုး နှင့် တဆေးမျိုးထူး အမျိုးမျိုးတို့မှ ဝိုင်စတိုင်လ် အမျိုးမျိုးကို ရရှိစေသည်။ ထိုသို့ အမျိုးမျိုး ကွဲပြားရခြင်း အကြောင်းမှာ စပျစ်သီး၏ ဇီဝဓာတုဆိုင်ရာ ပြောင်းလဲဖြစ်ပေါ်ခြင်း၏ ရှုပ်ထွေးသော ဩဇာတွဲဖက်မှုများ၊ ကဇော်ဖောက်ခြင်း လုပ်ငန်းစဉ်တွင် ပါဝင်သော ဓာတ်ပြုခြင်းများ၊ စပျစ်သီးစိုက်ပျိုးရာ ပတ်ဝန်းကျင် နှင့် ထုတ်လုပ်မှု လုပ်ငန်းစဉ်များ စသည်တို့၏ ရလာဒ်များပင် ဖြစ်သည်။ နိုင်ငံအများစုတွင် ဝိုင်၏ စတိုင်လ် နှင့် အရည်အသွေးကို သတ်မှတ်ရန် အတွင် တရားဥပဒေအရ သတ်မှတ်ထားသော အမည်နာမ များ ရှိသည်။ ၎င်းတို့မှ ပထဝီဆိုင်ရာ မူလရင်းမြစ် နှင့် ခွင့်ပြုထားသော စပျစ်သီး အမျိုးမျိုးကို ကန့်သတ်ထားသကဲ့သို့ ဝိုင်ထုတ်လုပ်မှု၏ အခြားသော အရာများကိုလည်း ကန့်သတ် ထားသည်။ စပျစ်သီးမှ ပြုလုပ်ထားခြင်း မဟုတ်သော ဝိုင်များတွင် အခြားသော သီးနှံများကို အသုံးပြုထားပြီး ၎င်းတို့တွင် ဆန်မှ ပြုလုပ်ထားသော ဝိုင်နှင့် အခြားသော သစ်သီးများ ဖြစ်သော ဇီးသီး၊ ချယ်ရီသီး၊ တလည်းသီး၊ ဘယ်ရီသီးနှင့် အဲလ်ဒါးဘယ်ရီသီးတို့ကို အသုံးပြုကြသည်။
ဝိုင်ဆိုသည်မှာ မူးယစ်စေတတ်သော [[အဖျော်ယမကာ]] တစ်မျိုး ဖြစ်သည်။ အင်္ဂလိပ်စကားလုံး Wine သည် အများအားဖြင့် စပျစ်သီးမှ ချက်လုပ်ထားသော ဝိုင်အရက်ကို ရည်ညွှန်းခြင်း ဖြစ်သော်လည်း လူအများစုက အခြား အသီးအနှံများမှ ချက်လုပ်သော ဝိုင်အရက် (ဥပမာ မက်မန်းဝိုင်၊ ပန်းသီးဝိုင်) စသည်တို့ကိုလည်း ဝိုင် ဟု ခေါ်ဆို သုံးနှုန်းလေ့ ရှိကြသည်။
 
ဝိုင် အားချက်လုပ်ခဲ့ကြသည်မှာ နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဝိုင်နှင့် ပတ်သက်၍ အစောဆုံးတွေ့ရသော အထောက်အထားမှာ ဂျော်ဂျီယာနိုင်ငံ (ဘီစီ ၆၀၀၀)၊ အီရန် (ဘီစီ ၅၀၀၀) ၊ <ref name="indie">{{cite news|url=http://www.penn.museum/blog/collection/125th-anniversary-object-of-the-day/7000-year-old-wine-jar-object-of-the-day-24/|title=7,000 Year-old Wine Jar|last=Ellsworth|first=Amy|date=18 July 2012|publisher=University of Pennsylvania Museum of Archaeology and Anthropology}}</ref> နှင့် စစ္စလီကျွန်း (ဘီစီ ၄၀၀၀)<ref name="SicilyGuardian">{{cite news|url=https://www.theguardian.com/science/2017/aug/30/traces-of-6000-year-old-wine-discovered-in-sicilian-cave|title=Traces of 6,000-year-old wine discovered in Sicilian cave|last=Tondo|first=Lorenzo|date=30 August 2017|agency=The Guardian}}</ref> တို့ဖြစ်ကြသည်။ ယနေ့ခေတ်တွင် နိုင်ငံ ၅ နိုင်ငံ၌ ဝိုင်အများဆုံး ထုတ်လုပ်သော ဒေသများ ရှိပြီး ၎င်းတို့မှာ အီတလီ၊ စပိန်၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု နှင့် တရုတ်နိုင်ငံတို့ ဖြစ်ကြသည်။<ref>{{cite book |title=Vintage: The Story of Wine |last=Johnson |first=H. |year=1989 |publisher=Simon & Schuster |isbn=978-0-671-79182-7 |pages=11–6}}</ref>
ဝိုင်ကို [[စပျစ်သီး]]အတွင်းမှ သကြားဓာတ်ကို [[ကဇော်ပေါက်ခြင်း]]ဖြင့် ချက်လုပ်ကြသည်။ ပုံမှန်အားဖြင့် ဝိုင်ဖြူနှင့် ဝိုင်နီ ဟူ၍ နှစ်မျိုး နှစ်စား ရှိတတ်သည်။ ဝိုင်နီကို စပျစ်သီး အနီဖြင့် ချက်လုပ် ကြပြီး ဝိုင်ဖြူကို စပျစ်သီး အဖြူဖြင့် ချက်လုပ်ကြသည်။ နှင်းဆီဝိုင်ကိုမူ စပျစ်သီးအနီရောင်မှ ပြုလုပ်ပြီး စပျစ်သီး အခွံနှင့် ခဏတာမျှသာ ထိတွေ့ပြီး ချက်လုပ်ကြသည်။ ဝိုင်၏ အရောင်မှာ စပျစ်သီး အခွံမှ ရရှိခြင်း ဖြစ်သဖြင့် စပျစ်သီး အခွံနှင့် ခဏတာမျှသာ ထိတွေ့ခြင်းကြောင့် အရောင်ဖျော့ပြီး ပန်းရောင်ရှိသော နှင်းဆီဝိုင်ကို ရရှိသည်။ ဝိုင်အတွင်းတွင် အမြှုပ်ထနေသော ဝိုင်ကို စပါကလင်ဝိုင်ဟု သိကြသည်။ စပါကလင်ဝိုင်များတွင် အထင်ရှားဆုံးမှာ [[ပြင်သစ်]]မှ ထုတ်လုပ်သော ရှန်ပိန် ဖြစ်သည်။
 
ဝိုင်သည် ဘာသာရေးတွင် အရေးပါသော ကဏ္ဍမှ ပါဝင်ခဲ့သည်။ ဝိုင်အနီးသည် ရှေးခေတ် အီဂျစ်တို့အတွက် သွေး နှင့် ဆက်နွယ်နေသည်။<ref>{{cite web | url = http://penelope.uchicago.edu/Thayer/E/Roman/Texts/Plutarch/Moralia/Isis_and_Osiris*/A.html | title = Isis & Osiris | publisher = University of Chicago}}</ref>ထို့ပြင် ရှေးဟောင်း ဂရိတို့၏ ဒိုင်ယိုနီးဆပ်စ်ဂိုဏ်း နှင့် ရှေးဟောင်း ရောမတွင်လည်း အသုံးပြုကြသည်။ ရဟူဒီဘာသာ နှင့် ခရစ်ယာန် ဘာသာတို့နှင့်လည်း ဆက်နွယ်လျှက် ရှိသည်။
လူတို့သည် ဝိုင်ကို ချက်လုပ်ခဲ့ကြသည်မှာ နှစ်ပေါင်း ၅၀၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
 
==သမိုင်းကြောင်း==
[[File:Areni-1 cave entrance.jpg|thumb|အာမေးနီးယားနိုင်ငံရှိ အာရန်နီ-၁ လှိုဏ်ဂူသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးဟု သိရှိသော ဝိုင်ချက်လုပ်ရာ ဖြစ်သည်။]]
ဝိုင်၏ အစောဆုံး လက်ရာများကို ဂျော်ဂျီယာနိုင်ငံတွင် ဘီစီ ၆၀၀၀ ခုနှစ်၊<ref>https://www.haaretz.com/archaeology/earliest-wine-in-world-found-in-8-000-year-old-neolithic-georgia-1.5465158</ref><ref name="independent8k">{{cite news|url=https://www.independent.co.uk/news/science/now-thats-what-you-call-a-real-vintage-professor-unearths-8000yearold-wine-84179.html|title=Now that's what you call a real vintage: professor unearths 8,000-year-old wine|last=Keys|first=David|date=28 December 2003|work=[[The Independent]]}}</ref><ref name="MichaelWong">{{cite book|url=|title=Cultures of The World Georgia|last1=Spilling|first1=Michael|last2=Wong|first2=Winnie|year=2008|isbn=978-0-7614-3033-9|location=|page=128|authorlink=|accessdate=}}</ref><ref>{{cite news|url=http://www.euronews.com/2015/05/21/evidence-of-ancient-wine-found-in-georgia-a-vintage-quaffed-some-6000-years-bc/|title=Evidence of ancient wine found in Georgia a vintage quaffed some 6,000 years BC|date=21 May 2015|accessdate=24 May 2015|agency=Euronews}}</ref><ref>[https://www.npr.org/sections/thesalt/2015/06/08/412039092/georgias-giant-clay-pots-hold-an-8-000-year-old-secret-to-great-wine/ Georgia's Giant Clay Pots Hold An 8,000-Year-Old Secret To Great Wine], NPR.</ref> အီရန် (ပါရှား)တွင် ဘီစီ ၅၀၀၀ <ref name="indie" /><ref name="archaeology96">{{cite journal|last=Berkowitz|first=Mark|year=1996|title=World's Earliest Wine|url=http://www.archaeology.org/9609/newsbriefs/wine.html|journal=Archaeology|publisher=Archaeological Institute of America|volume=49|issue=5}}</ref> နှင့် စစ္စလီကျွန်းတွင် ဘီစီ ၄၀၀၀ ခုနှစ်တွင် တွေ့ရသည်။<ref name="SicilyGuardian" /> ထိုခေတ်များမတိုင်မီက ဘီစီ ၇၀၀၀ ခန့်တွင် တရုတ်နိုင်ငံ၌ အလားတူ ယမကာမျိုးကို သောက်သုံးခဲ့ကြောင်းလည်း အထောက်အထားများ တွေ့ရှိရသည်။<ref name="Castro-Sowinski">{{cite book|url=https://books.google.com/?id=hdqGDQAAQBAJ&pg=PA42&dq=wine+7000+bc+%22grape+wine%22#v=onepage&q=wine%207000%20bc%20%22grape%20wine%22&f=false|title=Microbial Models: From Environmental to Industrial Sustainability|last1=Castro-Sowinski|first1=Susana|date=17 November 2016|publisher=Springer|isbn=9789811025556|page=42}}</ref><ref name="Hames">{{cite book|url=https://books.google.com/?id=XPNTBAAAQBAJ&pg=PA17&dq=%22grape+wine%22+7000#v=onepage&q=%22grape%20wine%22%207000&f=false|title=Alcohol in World History|last1=Hames|first1=Gina|date=2010|publisher=Routledge|isbn=978-1-317-54870-6|page=17}}</ref><ref name="McGovern">[https://www.penn.museum/sites/biomoleculararchaeology/?page_id=247]. Prehistoric China – The Wonders
That Were Jiahu The World’s Earliest Fermented Beverage. Professor Patrick McGovern the Scientific Director of the Biomolecular Archaeology Project for Cuisine, Fermented Beverages, and Health at the University of Pennsylvania Museum in Philadelphia. Retrieved on 3 January 2017.</ref> ဝိုင်သည် ဘော်လကန်ဒေသသို့ ဘီစီ ၄,၅၀၀ တွင် ရောက်ရှိခဲ့ပြီး ရှေးဟောင်းဂရိ၊ သရေးရှား နှင့် ရောမတို့တွင် သောက်သုံး၍ ပျော်ပွဲရွှင်ပွဲဆင်နွှဲခဲ့ကြသည်။ သမိုင်းတလျှောက်တွင် ဝိုင်အား ၎င်း၏ မူးယစ်စေသော သက်ရောက်မှုအတွက် သောက်သုံးခဲ့ကြသည်။<ref name="BAC per Drink tables">{{cite web|url=http://attorneydwi.com/bacperdrink.html|title=BAC per Drink tables}}</ref><ref name="Effects At Specific B.A.C. Levels">{{cite web|url=http://www.brad21.org/effects_at_specific_bac.html|title=Effects At Specific B.A.C. Levels}}</ref><ref>{{cite web|url=http://www.aicr.org/press/health-features/health-talk/2014/mar14/wine-serving-size.html|title=wine-serving-size|website=American Institute for Cancer Research|access-date=2016-12-13}}</ref>.
 
၂၀၁၇ ခုနှစ်တွင် ဖီလာဒဲလ်ဖီးယားမြို့ရှိ ပင်ဆယ်ဗေးနီးယား တက္ကသိုလ်ပြတိုက်မှ ဟင်းလျာ၊ကဇော်ဖောက်ထားသော ယမကာနှင့် ကျန်းမာရေးဆိုင်ရာ ဇီဝမော်လီကျူး ရှေးဟောင်းသုတေသန စီမံကိန်းမှ သိပ္ပံဆိုင်ရာ ဒါရိုက်တာ ဒေါက်တာ ပက်ထရစ် အီ မက်ဂါးဗန်း ဦးဆောင်သော သုတေသနမှ ဂျော်ဂျီယာသည် ဝိုင် စတင်မွေးဖွားရာ အရပ်ဖြစ်သည်ဟု အသိအမှတ်ပြုခဲ့သည်။<ref>{{Cite web|url=https://agenda.ge/en/news/2017/1943|title=Georgia is cradle of wine, confirms international study|website=Agenda.ge|access-date=2019-11-21}}</ref>
ဝိုင်(အရက်) ပြုလုပ်သည့်အတတ်မှာ ရှေးပဝေ
သဏီကပင် ရှိခဲ့လေသည်။ ထိုအတတ်သည် မည်သူက စတင်တီထွင်ခဲ့
ကြောင်းကို မသိနိုင်လောက်အောင်ပင် ကြာရှည်ခဲ့လေပြီ။ သို့သော် ရှေး
ခေတ် အီဂျစ်လူမျိုးများသည် သူတို့၏ ယဉ်ကျေးမှုပွင့်လင်းလာစကပင် ဝိုင်
အရက်များကို ပြုလုပ်လာ ကြကြောင်း သိရပေသည်။
 
ဝိုင်အရက်ကို စတင်သုံးသောက်လာကြသည့် အကြောင်းရင်းမှာ
ဤသို့ဖြစ်ဟန်တူ၏။ ရှေးခေတ်လူမျိုးတွင် သန့်ရှင်းစင်ကြယ်သော သောက်
ရေမှာ အရနည်းခဲ့သည်။ ထို့ကြောင့် ရေ စားသောက်စရာ တစ်ခုခုကို ဠကံ
ဆလာကြရာမှ ဝိုင်အရက်ကို ပြုလုပ်လာကြ၏။ ထိုဝိုင်အရက်သည် မသန့်
ရှင်းသောရေကို သောက်ခြင်းထက် လူတို့အား ဘေးဥပဒ်မဖြစ်စေဘဲ ကျန်း
မာစေကြောင်းကို သိလာကြ၏။ ရှေးလူတို့သည် သစ်သီးရေများကို ကဇော်
ဖောက်ထားခြင်းဖြင့် မပျက်စီးနိုင်ကြောင်းကိုလည်း သိလာကြသည်။ ထို့
ကြောင့် ဝိုင်အရက်သောက်ခြင်းကို စတင်ခဲ့ရာ များစွာသော ကမ္ဘာ့ဒေသများ
သို့ ပျံ့နှံခဲ့လေ၏။ အထူးသဖြင့် လက်တင်တိုင်းပြည်များတွင် ဝိုင်အရက်မှာ
လက်တင် လူမျိုးတို့၏ နေ့စဉ်အစာအဟာရထဲတွင် အပါအဝင်ဖြစ်လေသည်။
ဝိုင်အရက်မှာ များသောအားဖြင့် စပျစ်သီးမှ ပြုလုပ်သောကြောင့်
မြန်မာတို့က စပျစ်ရည်ဟုပင်ခေါ်ကြ၏။ ဝိုင်အရက်ကို ပန်းသီး၊ ချယ်ရီသီး၊
ဗလက်ဗယ်ရီသီးများဖြင့်လည်း ပြုလုပ်နိုင်သည်။ သို့သော် စပျစ်သီးများဖြင့်
သာ များသောအားဖြင့် ပြုလုပ်လေ့ရှိ၏။
 
ဝိုင်အရက်ပြုလုပ်ပုံမှာ စပျစ်သီးမှည့်မှည့်များကို ဒလိမ့်ကြီးနှစ်ခု
ကြားတွင်ထည့်၍ ဖိည|စ်ချ၏။ သို့သော် အစေ့များကြေမသွားစေရန် ဒလိမ့်
နှစ်ခုတို့ကို အနည်းငယ်ခွာထားရသည်။ အသီးများကို ဖိည|စ်လိုက်၍ ထွက်
ကျလာသော အရည်များကို စည်ကြီးများထဲတွင် သိုလှောင်ထားပြီးလျှင်
ကဇော်ဖောက်ထား၏။ ပထမဆုံးည|စ်ချ၍ ထွက်လာသောအရည်မှာ လက်
ရွေးစင် ဝိုင်အရက်ဖြစ်၍ ယင်းကို တသီးတခြားဖယ်ထားရ၏။ ကဇော်
ဖောက်ခြင်းကို လိုအပ်မည့်အချိန်အပိုင်းအခြားအလိုက်ထား၍ အချိန်စေ့သော
 
အခါ အခြားစည်ကြီးများထဲသို့ပြောင်းရွှေ့ကာ သောက်သုံး၍ကောင်းမည့်
အချိန်အထိ ထားရ၏။ ထိုအချိန်အတွင်း၌ ဝိုင်အရက်၌ပါသော ဓာတ်
သဘာဝများ ပြောင်းလဲလာ၍ ဝိုင်အရက်၏ အနံ့အရသာများဖြစ်ပေါ်လာ၏။
ဝိုင်အရက်နှစ်မျိုးနှစ်စားရှိရာ ဝိုင်အရက်အချိုမျိုးနှင့် ဒရိုင်းဝိုင်ခေါ်
မချိုလွန်းသော ဝိုင်အရက်မျိုးဖြစ်၏။ ဝိုင်အရက် အချို့တွင် သကြားဓာတ်
များများပါ၍ ဒရိုင်းဝိုင်တွင်ကား သကြားဓာတ်များကို အရက်ပျံများများဖြစ်
သွားအောင် ပြုလုပ်ထားလေသည်။ ဝိုင်အရက်ကို အသွေးအရောင်နှင့်
အရသာကို လိုက်၍ ခွဲခြားထားခြင်းလည်းရှိသေးသည်။ များစွာသော ဝိုင်
အရက်များကို ယင်းတို့လုပ်ကိုင်ရာ ဒေသများကိုအစွဲပြု၍ ခေါ်ဝေါ်ကြ၏။
ဥရောပတစ်တိုက်လုံးမှထွက်သော ဝိုင်အရက်၏ သုံးပုံတစ်ပုံမှာ ပြင်သစ်နိုင်ငံ
မှလာ၏။ အခြားအရေးပါသော ဝိုင်အရက်ထွက်သည့်နိုင်ငံနှင့် ဝိုင်အမည်
များမှာ ဂျာမဏီ(ရိုင်းဝိုင်)၊ စပိန်(ရှယ်ရီ)၊ ပေါ်တူဂီ(ပို့ဝိုင်)၊ အီတလီ(ရှန်တီ)
နှင့် (ဗာရိုလို)၊ ဟန်ဂေရီ(တိုကေး) တို့ဖြစ်ကြ၏။ အယ်လဂျီးရီးယားနှင့်
တောင်အာဖရိကတိုက်များမှလည်း ဝိုင်အရက် ထွက်သေးသည်။ ယခုအခါ
အမေရိကန်ပြည်ထောင်စုနိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်မှာ ဝိုင်အရက်
အများဆုံး ထွက်သောဒေသဖြစ်၏။ ဝိုင်အရက်ထွက်နိုင်သော ဒေသများမှာ
စပျစ်ပင်များစွာ စိုက်ပျိုးနိုင်၍ ထိုအသီးများမှည့်ရန် နေရောင်ကောင်းကောင်း
ရသော ဒေသများဖြစ်ကြ၏။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)</ref>
 
== ကိုးကား ==