အဒူမင်းညို: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎အဒူမင်းညို
စာကြောင်း ၅ -
 
 
မြန်မာစာပေ၌ တွေ့ရှိရသမျှသော ဧချင်းတကာတွင် အဟောင်းဆုံးဖြစ်သော [[ရခိုင်မင်းသမီး ဧချင်းကိုဧချင်း]]ကို စပ်ဆိုခဲ့သူမှာ ရခိုင်အမတ် အဒူမင်းညို ဖြစ်၏။
အဒူမင်းညိုသည် ဧချင်းမျိုးစေ့ကိုချခဲ့သူဟု ဆိုရပေမည်။ အင်းဝခေတ် စာဆိုကျော် သခင်ထွေးဧချင်း[[သခင်ထွေး ဧချင်း]] ဆရာ[[ရှင်သူရဲ]]နှင့် ခေတ်ပြိုင်စာဆိုသူလည်း ဖြစ်၏။ သို့ရာတွင် ရှင်သူရဲသည် သခင်ထွေးဧချင်းကို ရခိုင်မင်းသမီးနောက် အနှစ်(၂ဝ)ကျော်ကြာမှ စပ်ဆိုလေသည်။ အဒူမင်းညိုကား သက္ကရာဇ် ၈၁၇ မှ ၈၄ဝ ပြည့်နှစ်အထိ ရခိုင်ပြည် ယခု မြို့ဟောင်းခေါ်သော [[မြောက်ဦးမြို့]]၌ နန်းစံခဲ့သော ရခိုင်ဘုရင် ဘစောဖြူ၏ လက်ထက်တွင် အမတ်ပညာရှိကြီးအဖြစ် အမှုထမ်းရွက်နေသူ ဖြစ်၏။ ထိုအချိန်ကား အင်းဝနှင့် ရခိုင်သည် မင်းပြိုင်အုပ်စိုး၍ စာပြိုင်ဆိုသောအခါ ဖြစ်၏။ အဒူမင်းညိုသည် ရခိုင်အမတ်ကြီးပင် ဖြစ်လင့်ကစား မြန်မာမှုကို[[မြန်မာမှု]]ကို ကျွမ်းကျင်၍ မြန်မာစာပေကို[[မြန်မာစာပေ]]ကို ပြုစုနိုင်စွမ်းသူ ဖြစ်လေသည်။
 
အမတ်ကြီး စပ်ဆိုသော ဧချင်းတွင် ဧချင်းဘွဲ့ခံ ရခိုင်ဘုရင် ဘစောဖြူ၏ သမီးတော်ကလေး၏ ဆွေတော် စဉ်စာရင်းကို ရှင်းလင်းစွာ ဖော်ပြစပ်ဆိုသွား၏။ သုံးစွဲထားသော စကားလုံးများမှာလည်း သုတိသာယာ၍ ပေါ်လွင်လှ၏။ ဖွဲ့ဆိုလိုသမျှကို မကွယ်မထောင့် ပြတ်သွားစွာ ဖွဲ့ဆိုနိုင်၏။ သို့ရာတွင် ဧချင်းမျိုးစေ့ချရုံမျှသာ ဖြစ်ရကား တောင်ငူခေတ်နှင့် ကုန်းဘောင် ခေတ်ပေါ် ဧချင်းများလောက် အကြောင်းအရာ မစုံလင်။ ရာဇဝင် ကြောင်းဘက်မှလည်း ပြည့်စုံသည်ဟု မဆိုသာချေ။ ရှေးအခါက ဘုရင့်သွေးတော်များကို ပုခက်တင်ရာ၌ မည်ကဲ့သို့ ပုခက်ကို ဆင်ယင်ရပုံကို ဗဟုသုတဖြစ်ဖွယ် ရေးသားခဲ့သဖြင့် ကျေးဇူးတင်ထိုက်လှပေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)</ref>