ဆိုဖီယာ လိုရင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၃ -
==ငယ်ဘဝ==
ဆိုဖီယာ လိုရင်းသည် ၁၉၃၄-ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့တွင် အဖ ရစ်ကာဒိုနှင့် အမိ ရိုမီ(လ်)ဒေါ် တို့မှ အီတလီနိုင်ငံ ၊ နေပဲ(လ်)ကမ်းခြေရှိ ပိုဇောင်လီမြို့ကလေးတွင် မွေးဖွားခဲ့သည်။ မိခင်နှင့် ဖခင်သည် အလွန်ဆင်းရဲသူများ ဖြစ်ကြသည်။ မိခင်သည် စန္ဒယားတီးတတ်သူဖြစ်ရာ နေ့ရောညပါ စန္ဒယားတီးသူအဖြစ် အလုပ်လုပ် ရသည်။ သို့သော် မိသားစု မချောင်လည်ပေ။ ဆိုဖီယာ လိုရင်း အောက် ကလေးတစ်ယောက်ရပြီး အဖေနှင့်အမေ မသင့်မတင့်ဖြစ်ကာ လင်မယားကွဲကြတော့သည်။ ဆိုဖီယာ လိုရင်းနှင့် ညီမလေး မာရီယာသည် မိခင်နှင့်အတူ အလွန်ဆင်းရဲစွာ နေထိုင်ခဲ့ကြရသည်။ အဖိုးအဖွားများသည်လည်း ဆင်းရဲကြသဖြင့် ဆိုဖီယာတို့ မိသားစုကို မကူညီ၊ မထောက်ပံ့နိုင်ကြပေ။
 
ဆိုဖီယာ အရွယ်ရောက်လာသောအခါ မိခင်က ငွေကြေးစုဆောင်း၍ ကျောင်းထားပေးခဲ့သည်။ သို့သော် ဒုတိယကမ္ဘာစစ်ကြောင့် အလယ်တန်း မရောက်မီတွင် ပညာရေး ရပ်နားခဲ့ရသည်။ စစ်ကြီးပြီးဆုံးသောအခါ မိခင်က ဆိုဖီယာကို နေပဲ(လ်)မြို့ရှိ ဆရာဖြစ်သင်ကျောင်းသို့ ပို့၍ ပညာသင်ကြားစေခဲ့သည်။