စစ်ကိုင်းခရိုင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး +img
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၄၇ -
[[ဧရာဝတီမြစ်]]သည် စစ်ကိုင်းခရိုင်ကို ဖြတ်သန်းစီးဆင်းသည့်အပြင် [[မူးမြစ်]]နှင့် [[မြစ်ငယ်မြစ်]]များသည်လည်း စစ်ကိုင်းခရိုင် အတွင်းမှာပင် ဧရာဝတီနှင့် ပေါင်းဆုံလာသဖြင့် ရေလမ်းခရီး အဆက်အသွယ်ကောင်းမွန်လေသည်။
 
စစ်ကိုင်းခရိုင်အတွင်း နုံးတင်မြေနုလွင်ပြင်များမှစ၍ သစ်ပင် ဝါးပင်မပေါက်သော ကျောက်တောင်များအထိ ပါဝင်ရကား၊ မြေမျက်နှာပြင်မှာ အသွင်အမျိုးမျိုးဖြစ်နေလေသည်။ စစ်ကိုင်းတောင်တန်းမှာ ပေ ၇ဝဝ ကျော်မှ ၁၃၇၃ ပေ အထိ မြင့်သည်။ အင်းဝနယ် မြို့သာအနီးတွင်[[ဂွေးကုန်း]]အနီးတွင် တောင်ငယ်များစွာရှိသည့်အနက် မိုးဇာတောင်သည်မိုးဇာတောင်(မိုးဇက်တောင်)သည် အမြင့်ဆုံးဖြစ်၏။ မိုးအခါတွင် ဧရာဝတီမြစ်သည် စစ်ကိုင်းခရိုင်၏ မြေနိမ့်ဒေသများတွင် ရေလွှမ်းမိုးလေ့ရှိသည်။ ဧရာဝတီမြစ်ကမ်းနှင့် မြစ်အတွင်းရှိ ကျွန်းကြီးကျွန်းငယ်များမှာ နှစ်စဉ်ရေလွှမ်းမိုးရာတွင် တင်ကျန်ရစ်သော နုံးတင်မြေနုများကြောင့် မြေဩဇာကောင်းပေသည်။ တောင်ကုန်းဒေသများမှာမူ ခြောက်သွေ့၍ သစ်ပင်ဝါးပင် ကင်းမဲ့လျက်ရှိ၏။
 
မိုးနည်းပါးသောဒေသ ဖြစ်သည့်အတိုင်း၊ ဂျုံစပါး၊ လူး၊ ဆပ်၊ ပဲ၊ ဝါဂွမ်း၊ မြေပဲ၊ နှမ်း စသည်တို့ကို အများဆုံးစိုက်ပျိုးကြ၍ မြေနုလွင်ပြင်များတွင် စပါး၊ ဆေးရွက်နှင့် ပဲအမျိုးမျိုးကိုစိုက်ကြသည်။ တောင်ကုန်းများနှင့် ခြောက်သွေ့သော ဒေသများတွင် ဝါဂွမ်းကို အများအပြား စိုက်ပျိုးကြသည်။ စစ်ကိုင်းနှင့်မြင်းမူနယ်များမှာ မြေပြန့်လွင်ပြင်ဖြစ်သည်။ မြင်းမူနယ်မှဝါဂွမ်းအများဆုံးထွက်ရာ ဝါစက်ကြီးများ မြင်းမူမြို့တွင်ရှိသည်။ တံငါလုပ်ငန်းနှင့် ထုံးဖုတ်ခြင်း၊ အိုးလုပ်ခြင်း၊ ထန်းတက်ခြင်းစသော လုပ်ငန်းများကိုလည်း လုပ်ကိုင်ကြသည်။ အင်းဝနယ်မှ သဲဆပ်ပြာကို အရပ်ရပ်သို့တင်ပို့ရောင်းချသည်။ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်အတွင်း ဆားတောင်၊ ပဒူတောင်ကြား၊ ရေခါးစသော ဒေသများတွင် ဆားချက်ကြသည်။ ကောင်းမှုတော်၊ ငတယော်နှင့် ရွာသစ်ကြီး အင်းများတွင်ကား တံငါလုပ်ငန်း အကြီးအကျယ်လုပ်ကိုင်ကြလေသည်။