"နယ်သာလန်နိုင်ငံ" ၏ တည်းဖြတ်မှု မူကွဲများ

၂၂၃၅ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၃ လ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် Android app edit
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် Android app edit
 
နယ်သာလန်နိုင်ငံ၌ ရုပ်မြင်သံကြားဈေးကွက်သည် စီးပွားရေးနှင့် အများနှင့်သက်ဆိုင်သော ရုပ်သံလွင့်ဌာနများဖြင့် ကောင်းစွာဖွံ့ဖြိုးတိုးတက်ခဲ့ပါသည်။ ပြည်ပရုပ်သံလိုင်းများမှ အစီအစဉ်များ၊ နိုင်ငံခြားဘာသာစကားဖြင့် အင်တာဗျူးများကို မူလအသံအား စာတန်းထိုးဖြင့် ထုတ်လွှင့်သည်။ ကလေးများအတွက် အစီအစဉ်များကိုသာ နိုင်ငံခြားဘာသာစကားနှင့်အသံများမှ မိမိဘာသာစကားသို့ ပြောင်းလဲထုတ်လွှင့်သည်။<ref name="HaGanahl2013">''[https://books.google.com/books?id=chXSFH-gzVMC&pg=PA101 Webcasting Worldwide: Business Models of an Emerging Global Medium]''. Routledge; 2013. {{ISBN|978-1-135-24977-9}}. p. 101–103.</ref>
 
 
နယ်သာလန်မှ ထုတ်လွှင့်သော ရုပ်သံအစီအစဉ်များသည် သီးခြားအစီအစဉ်နှင့် ဖရန့်ချိုင်းပုံစံဖြင့် နိုင်ငံတကာသို့ ထုတ်လွှင့်လျက်ရှိပြီး ဒတ်ခ်ျမီဒီယာ တိုင်ကွန်များဖြစ်ကြသော John de Mol နှင့် Joop van den Ende တို့တည်ထောင်သော Endemol ကော်ပိုရေးရှင်းသည် နိုင်ငံတကာ ရုပ်သံထုတ်လွှင့်မှုတွင် ထင်ရှားသော အစီအစဉ်များဖြင့် ကျော်ကြားသော ရုပ်သံလွှင့်ကုမ္ပဏီဖြစ်သည်။ Endemol ကုမ္ပဏီ၏ ရုံးချုပ်သည် အမ်စတာဒမ်မြို့၌တည်ရှိပြီး နိုင်ငံပေါင်း ၃၀ ကျော်တွင် ကုမ္ပဏီ ၉၀ ကျော်ဖြင့် ဖွဲ့စည်းထားသည်။ Endemol နှင့် ၎င်း၏ ကုမ္ပဏီခွဲများသည် reality နှင့် talent show၊ ဂိမ်းကစားပွဲများကို တမ္ဘာလုံးအတိုင်းအတာဖြင့် ထုတ်လွှင့်ကြပြီး ထိုရှိုးပွဲများထဲတွင် ''Big Brother'' နှင့် ''Deal or No Deal'' ကဲ့သို့သော အစီအစဉ်များလည်း ပါဝင်သည်။ နောင်တွင် John de Mol သည် ၎င်း၏ကိုယ်ပိုင်ကုမ္ပဏီအဖြစ် Talpa ကုမ္ပဏီကို ထူထောင်ခဲ့ပြီး ထိုကုမ္ပဏီမှ ''The Voice'' နှင့် ''Utopia'' ကဲ့သို့သော ရုပ်သံအစီအစဉ်များကို ပြသခဲ့သည်။
 
 
=== အားကစား ===
 
== ကိုးကား ==
၈၃၀၆

တည်းဖြတ်မှုများ