"နယ်သာလန်နိုင်ငံ" ၏ တည်းဖြတ်မှု မူကွဲများ

၇၆၉၉ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၃ လ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် Android app edit
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် Android app edit
 
နယ်သာလန်နိုင်ငံ၏ ၁၆.၈ သန်းသော လူဦးရေတွင် ၄.၅ သန်းခန့်မှာ နိုင်ငံတဝန်းရှိ အားကစားကလပ် ၃၅,၀၀၀ မှ တခုခုတွင် မှတ်ပုံတင်ထားကြပြီး အသက် ၁၅ နှစ်မှ ၇၅ နှစ်အကြား လူဦးရေ သုံးပုံနှစ်ပုံမှာ အပါတ်စဉ်တိုင်း အားကစား တစ်မျိုးမျိုး ပါဝင်လုပ်ဆောင်ကြသည်။<ref>{{cite web|url=http://s2.ned.univie.ac.at/NoN/landeskunde/nl/h11/index.htm |title=Sport in Nederland |accessdate=၂၆ ဧပြီ ၂၀၂၀ |url-status=bot: unknown |archiveurl=https://web.archive.org/web/20080925042514/http://s2.ned.univie.ac.at/NoN/landeskunde/nl/h11/index.htm |archivedate=25 September 2008 |language=nl}} . ned.univie.ac.at</ref> ဘောလုံးအားကစားသည် နယ်သာလန်နိုင်ငံတွင် ပါဝင်သူအများဖြစ်ပြီး ၎င်းနောက်၌ မြတ်ခင်းပြင် ဟော်ကီ (field hockey) နှင့် ဘောလီဘောတို့သည် ဒုတိယနှင့် တတိယလိုက်သည့် လူကြိုက်များသော အဖွဲ့လိုက်အားကစားများ ဖြစ်သည်။ [[နယ်သာလန် အမျိုးသား ဘောလုံးအသင်း]]သည် ဒတ်ခ်ျအားကစားလောကတွင် အကျော်ကြားဆုံးသော ပုံရိပ်လက္ခဏာများထဲမှ တစ်ခုဖြစ်ပြီး အထူးသဖြင့် ၁၉၇၀ ခုနှစ်များတွင် သမိုင်းတစ်လျှောက် အကောင်းဆုံးသော ဘောလုံးသမားများထဲက တစ်ယောက်ဖြစ်သော Johan Cruyff သည် ၎င်း၏ နည်းပြဖြစ်သော Rinus Michels နှင့် ပူးပေါင်း၍ Total Football ဟုခေါ်သော နည်းဗျူဟာဖြင့် ကစားခဲ့စဉ်ကတည်းက ဟုဆိုရပေမည်။<ref name="sport">{{cite web |url=http://www.sport.nl/content/nieuwsartikelen/nocnsf/223198?channel=nocnsf |title=Ledental sportbonden opnieuw gestegen |date=24 July 2006 |website=sport.nl |archive-url=https://archive.today/20070812034648/http://www.sport.nl/content/nieuwsartikelen/nocnsf/223198?channel=nocnsf |archive-date=12 August 2007 |accessdate=၂၆ ဧပြီ ၂၀၂၀ |url-status=dead |language=nl}}</ref>
 
 
အားကစားအဖွဲ့အစည်းများကို ၁၉ ရာစုအကုန် ၂၀ ရာစုအစောပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အာကစားဖက်ဒရေးရှင်းများတည်ထောင်ခြင်း၊ စည်းကမ်းများ သတ်မှတ်ခြင်းနှင့် အားကစားကလပ်များ ပေါ်ထွန်းလာခဲ့သည်။ ဒတ်ချ် အမျိုးသား အိုလံပစ် ကော်မတီအား ၁၉၁၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်မတိုင်မှီအထိ နယ်သာလန်နိုင်ငံသည် ​နွေရာသီ အိုလံပစ်ပြိုင်ပွဲတွင် ဆုတံဆိပ် ၂၆၆ ခု၊ ​ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတွင် ဆုတံဆိပ် ၁၁၀ ခု ရရှိခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတကာပြိုင်ပွဲများတွင် ဒတ်ချ် နိုင်ငံ့အသင်းနှင့် အားကစားသမားများသည် များစွာ​သော အားကစားနယ်ပယ်များတွင် ​အောင်မြင်မှုများစွာ ရရှိခဲ့ကြသည်။ ကမ္ဘာ့ဖလားသမိုင်းတွင် ဒတ်ချ်အမျိုးသမီး ​မြတ်ခင်းပြင်​ဟော်ကီအသင်းသည် ​အ​အောင်မြင်ဆုံး​သော အသင်းဖြစ်သည်။ နယ်သာလန် ​ဘေ့စ်​ဘောအသင်းသည် ဥ​ရောပ ချန်ပီယံရှစ်ပြိုင်ပွဲ ၃၂ ပွဲတွင် အကြိမ် ၂၀ မျှ ဗိုလ်စွဲခဲ့​သော အသင်းလည်း ဖြစ်သည်။ ဒတ်ချ် K-1 kickboxers သည်လည်း K-1 World Grand Prix ပွဲ ၁၉ခုတွင် ၁၅ ကြိမ်မျှ ဖလားရရှိခဲ့သည်။
 
 
 
၂၀၁၄ ခုနှစ် ​ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတွင် ဒတ်ချ်
speed skater အသင်းဝင်​ရောက်ယှဥ်ပြိုင်ခဲ့ရာ ပြိုင်ပွဲ ၁၂ ခုတွင် ၈ ခု၊ ဆုတံဆိပ် ၃၆ ခုတွင် ၂၃ ခုရရှိခဲ့ပြီး ထိုအထဲမှပြိုင်ပွဲ ၄ ခုမှာ ပြတ်ပြတ်သားသား အနိုင်ရခဲ့ခြင်းဖြစ်သည့်အတွက်​ကြောင့် အိုလံပစ်ပြိုင်ပွဲသမိုင်းတွင် အားကစားတမျိုးထဲ၌ အကြီးကျယ်ဆုံး​သော ​အောင်မြင်မှုရရှိခြင်း ဖြစ်သည်။ ​​မော်​တော်ဆိုင်ကယ်ပြိုင်ပွဲဖြစ်​သော TT Circuit Assen တွင်လည်း ရှည်လျားလှ​သော သမိုင်း​ကြောင်းများရှိ၍​နေသည်။ Assen သည် သည် ​မော်​တော်ဆိုင်ကယ် ကမ္ဘာ့ချန်ပီယံရှစ် စတင်ကျင်းပခဲ့စဥ် ၁၉၄၉ ခုနှစ်ကတည်းက ပြိုင်ပွဲကျင်းပခဲ့​နေရာလည်း ဖြစ်သည်။ Dutch TT အတွက် ပတ်လမ်းများကို တည်​​ဆောက်ရန် အဆိုပြုခဲ့သည်မှာ ၁၉၅၄ ခုနှစ်တွင်ဖြစ်ပြီး ထို့မတိုင်မှီက အများပြည်သူ့လမ်းများတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
 
 
 
ခရီးရှည် စက်ဘီးပြိုင်ပွဲကြီးဖြစ်သည့် 1968 Tour de France ပြိုင်ပွဲတွင် Jan Janssen အနိုင်ရရှိခဲ့ခြင်း၊ Joop Zoetemelk မှ 1985 UCI Road World Championship အနိုင်ရရှိခြင်း၊ မကြာ​သေးမှီက 2017 Giro d'Italia ပြိုင်ပွဲတွင် Tom Dumoulin အနိုင်ရရှိတို့​ကြောင့် နယ်သာလန်သည် ခရီးရှည်စက်ဘီးစီးပြိုင်ပွဲကြီး ၃ ခုတွင် ​အောင်မြင်မှုရရှိထား​သော နိုင်ငံဖြစ်သည်။ ဂန္တဝင် စက်ဘီးစီးသမားကြီးဖြစ်သူ Joop Zoetemelk သည် 1979 Vuelta a Espana နှင့် 1980 Tour de France ပြိုင်ပွဲများတွင် အနိုင်ရရှိထားသူဖြစ်ပြီး Tour de France ပြိုင်ပွဲတွင် စံချိန်များစွာ ချိုးထားသူဖြစ်သည်။
 
 
 
လက်ရှိ[[​ဖော်မြူလာ ဝမ်း]]တွင် ပြိုင်ပွဲဝင်​နေ​သော Max Verstappen သည် Grand Prix ရရှိခဲ့​သော ပထမဆုံး​သော ဒတ်ချ်လူမျိုးဖြစ်သည်။ ၁၉၅၈ ခုနှစ်မှ၁၉၈၅ ခုနှစ်ထိ Dutch Grand Prix ကို ကျင်းပခဲ့​သော Zandvoort ကမ်း​ခြေမြို့တွင် ပြိုင်ပွဲများအား ၂၀၂၀ ခုနှစ်တွင် ပြန်လည်ကျင်းပမည် ​ကြေငြာခဲ့သည်။<ref>{{cite web| url=https://www.motorsport.com/f1/news/zandvoort-secures-return-dutch-gp/4388156/|title=Zandvoort secures F1 return as Dutch GP venue|date=14 May 2019|website=motorsports.com|accessdate=၁​ ​မေ ၂၀၂၀}}</ref> ဒတ်ချ်အမျိုးသား ​ဘောလုံးအသင်းသည် ​အောင်မြင်မှုများ ရရှိခဲ့​သော အသင်းဖြစ်ပြီး ၁၉၉၂ ​နွေရာသီ အိုလံပစ်ပြိုင်ပွဲတွင် ​ငွေတံဆိပ်၊ မကြာ​သေးမီနှစ်များက [[အတ္တလန္တာမြို့]]တွင် ကျင်းပခဲ့​သော ၁၉၉၆​ နွေရာသီ အိုလံပစ်ပြိုင်ပွဲတွင် ​ရွှေတံဆိပ် ရရှိခဲ့သည်။ ​အောင်မြင်မှု ကြီးကြီးမားမား ရရှိခဲ့သည်မှာ အမျိုးသမီး ​ဘောလီ​ဘောအသင်းဖြစ်ပြီး ၁၉၉၅ ခုနှစ်တွင် ဥ​ရောပချန်ပီယံရှစ်၊ ၂၀၀၇ ခုနှစ်တွင် World Grand Prix ရရှိခဲ့သည်။
 
== ကိုးကား ==
၈၃၀၆

တည်းဖြတ်မှုများ