ရောမဒဏ္ဍာရီ: တည်းဖြတ်မှု မူကွဲများ

ရှေးဟောင်းရောမတို့၏ မူလအစဒဏ္ဍာရီနှင့် ဘာသာရေးစနစ်နှင့်နှီးနွယ်သော ရိုးရာပုံပြင်များ
"File:Altar Mars Venus Massimo.jpg|300px|..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၄:၄၁၊ ၂ မေ ၂၀၂၀ ရက်နေ့က မူ

ရောမဒဏ္ဍာရီ (အင်္ဂလိပ်: Roman mythology) သည် ရှေးခေတ်ရောမသားတို့၏ ဇာစ်မြစ်ရာဇဝင်စဉ်ဆက်ပုံပြင်များ နှင့် ပန်းချီ၊ ပန်းပုကဲ့သို့သော အမြင်ပိုင်းဆိုင်ရာ အနုပညာများနှင့် လတ်တင်စာပေတို့၌ တင်ဆက်ဖော်ပြထားသော ဘာသာရေးစနစ်တို့နှင့် နှီးနွယ်ဆက်စပ်သော ရိုးရာဇာတ်လမ်းပုံပြင်များစွာတို့ဖြစ်သည်။ ရောမဒဏ္ဍာရီသည် ဤထုတ်ဖော်တင်ဆက်မှုများနှင့်ပတ်သက်၍ ခေတ်ပေါ်လေ့လာမှုပညာရပ်ကို ညွှန်းဆိုနိုင်သကဲ့သို့ မည်သည့်ခေတ်ကာလကမဆိုရှိသော အခြားသောယဉ်ကျေးမှုများ၏ စာပေနှင့် အနုပညာများတွင် ဖော်ပြတင်ဆက်ထားသည့် အကြောင်းအရာများကိုလည်း ရည်ညွှန်းနိုင်သည်။

Romulus and Remus, the Lupercal, Father Tiber, and the Palatine on a relief from a pedestal dating to the reign of Trajan (AD 98–117)

ရောမလူမျိုးတို့သည် ၎င်းတို့၏ ရိုးရာဇာတ်လမ်းပုံပြင်များ၌ ထူးဆန်းအံ့ဩဖွယ်ရာများ၊ သဘာဝလွန်အခြင်းအရာများပါရှိသော်လည်းဘဲ ထိုဇာတ်လမ်းများကို သမိုင်းဝင်ဟူ၍ သတ်မှတ်ကြသည်။ ဤဇာတ်လမ်းပုံပြင်များသည် နိုင်ငံရေး၊ လူ့ကျင့်ဝတ်များနှင့်ပတ်သက်ကာ တစ်ဦးတစ်ယောက်ချင်းဆီ၏ သိက္ခာသမာဓိသည် ထိုလူမှုအဖွဲ့အစည်း (သို့) ရောမနိုင်ငံအပေါ် ထားရှိသည့် ၎င်းတို့၏ တာဝန်ယူမှုနှင့် မည်သို့မည်ပုံဆက်စပ်သလဲဆိုသည်ကို ဖော်ပြသည်။ သူရဲကောင်းဝါဒသည် အဓိကအကြောင်းအရာဖြစ်သည်။ ဇာတ်လမ်းများသည် ရောမဘာသာတရားကျင့်စဉ်များကို ရှင်းလင်းပြသသောအခါ ထိုဇာတ်လမ်းများသည် ဘာသာရေးယုံကြည်မီု၊ စကြာဝဠာအစသဘောတရားများထက် ဓလေ့ထုံးတမ်း၊ အတိတ်နိမိတ်ကောက်ခြင်း၊ ကောင်းစွာတည်မြဲနေပြီးသော ကျင့်ထုံးများနှင့် ပို၍သက်ဆိုင်သည်။[၁]

ရောမရှေးဦးသမိုင်းခေတ်၌ ဂရိဘာသာရေး၏ အီတလီကျွန်းဆွယ်တွင် အစောပိုင်းလွှမ်းမိုးမှုများ၊ ရောမစဆိုတို့၏ ဂရိစံပြစာပေများကို အနုပညာဆန်စွာ နောက်ပိုင်းတွင် တုပမှုများကြောင့် ရောမဘာသာတရားနှင့် ဒဏ္ဍာရီလေ့လာမှုသည် ရှုပ်ထွေး၏ ။ ယုံကြည်ကိုးကွယ်မှုအပိုင်းတွင် ရောမတို့သည် ဂရိနတ်ဘုရားများနှင့် ၎င်းတို့၏ သီးသန့်ရှိသော နတ်ဘုရားများကို ဆက်စပ်ဖော်ပြရန် စိတ်အားထက်သန်လှ၍ ထို့နောက် ၎င်းတို့ပေးထားသော ရောမအမည်ရှိ ဂရိနတ်ဘုရားများအကြောင်း ဇာတ်လမ်းများစွာကို အနက်ဖော်ထုတ်ရန်လည်း ထက်သန်လှသည်။[၂] ရောမ၏ အစောပိုင်း ဒဏ္ဍာရီနှင့် ရာဇဝင်တို့သည် အစ်ထရစကန်လူမျိုး (Etruscan) တို့၏ ဘာသာတရားနှင့် ထင်ရှားသောဆက်နွယ်မှုရှိသည်။ ထိုဘာသာတရားမှာ ဂရိဒဏ္ဍာရီကဲ့သို့ မှတ်တမ်းတင်မှုနည်းသည်။

ရောမဒဏ္ဍာရီတွင် ဂရိစာပေများ၌ အကျယ်တပြန့်ပါရှိသော တန်ခိုးအစွမ်း အံ့မခန်း ဇာတ်လမ်းများရှိချင်မှ ရှိပေမည်။ [၃] သို့သော် ဝံပုလွေမတစ်ကောင်၏ နို့ချိုသောက်သုံးသောရောမြွတ်လပ်စ် နှင့် ရီးမတ်စ် အကြောင်းသည် ထရိုးဂျန်မြင်း အဖြစ်အပျက်မှလွဲ၍ ဂရိဒဏ္ဍာရီမှ မည်သည့်အကြောင်းအရာပုံရိပ်များကဲ့သို့ ကျော်ကြားလှသည်။[၄] အလယ်ခေတ်နှင့် ခေတ်ဆန်းချိန်ကာလတစ်လျှောက်လုံးတွင် လက်တင်စာပေသည် ဥရောပ၌ ကျယ်ကျယ်ပြန့်ပြန့် လူသိများလာသောကြောင့် ရောမသားတို့၏ ဂရိဒဏ္ဍာရီများစွာကို ဖော်ထုတ်ပြန်ဆိုမှုများသည် ဂရိရင်းမြစ်များထက် ဂန္ထဝင်ဒဏ္ဍာရီ (classical mythology) နှင့်ပတ်သက်သော ဇာတ်လမ်းအသွားနှင့် ရုပ်ပုံဖော်တင်ဆက်မှုများအပေါ် ကြီးမားစွာ လွှမ်းမိုးခဲ့သည်။ အထူးသဖြင့် ရောမကဗျာဆရာ အောဗစ် (Ovid) ၏ "အသွင်ပြောင်းခြင်းစာအုပ်" ၌ပါရှိသော ဂရိဒဏ္ဍာရီမူများကို ဩဂတ်စတက်ဆီဇာ လက်ထက်၌ ရေးသားခဲ့၍ စစ်မှန်သော ကျမ်းစာအဖြစ်ယူဆလာခဲ့ကြသည်။

ကိုးကား

  1. John North, Roman Religion (Cambridge University Press, 2000) pp. 4ff.
  2. North, Roman Religion, pp. 4–5.
  3. North, Roman Religion, p. 4.
  4. T. P. Wiseman, Remus: A Roman Myth (Cambridge University Press, 1995), p. xiii.