ကျိုက္ကဆံစေတီတော်: တည်းဖြတ်မှု မူကွဲများ

→‎ဘွဲ့အမည်: သဒ္ဒါပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎ဦးစွာတည်သည့် ကျိုက္ကဆံ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၇ -
ဗုဒ္ဓမြတ်စွာ၏ ဆံတော်၊ ဓာတ်တော်များအား ဘယ်သို့သော အရပ်တွင် ဌာပနာပြု၍ ဓာတုစေတီတည်ရသော် အဓွန့်ရှည် မည်နည်း ဟု သီဟပဒမင်းက ရဟန္တာအရှင်မြတ်တို့အား မေးမြန်း လျှောက်ထား၏။ ထိုအခါ ရဟန္တာအရှင်မြတ်တို့က ဘုရားရှင်၏ ဗျာဒိတ်တော်နှင့်အညီ ဗုဒ္ဓ၏ပရိဘောဂဓာတ်တော် ဆံတော်မြတ်များ ကိန်းဝပ်စံပါယ်တော်မူရာ ရွှေတိဂုံစေတီတော် တည်ရှိသည့် မဟာသိင်္ဂုတ္တရကုန်းတော်၏ အရှေ့မြောက်စွန်း တာ(၁၅၀၀) အကွာ၌ တည်ရှိသော ပထမပတိကကုန်းမြေ၌ စေတီတည်ထား ကိုးကွယ်ရန်ညွှန်ပြ၏။ ပထမ ပတိက ကုန်းမြေဆိုသည်မှာ ဘုရားအလောင်းတော် ဟင်္သာမင်း ဖြစ်စဉ် ကာလက သမုဒ္ဒရာသို့ ပျံသန်းရာ လေပြင်းမုန်တိုင်းဒဏ်ကြောင့် ရေသို့ကျခဲ့၏။ အလောင်းတော် ဟင်္သာမင်း ရေထဲကျရာနေရာ၌ ပေါ်ထွန်းလာ သည့် ကုန်းမြေသည် ပထမ ပတိက ကုန်းမြေဖြစ်၏ ဟု ကျမ်းကပြဆို၏။
 
ရဟန္တာအရှင်မြတ်တို့က ရေမြေရှင်မင်းမြတ် ဤပထမပတိကကုန်းမြေ၌ ဘုရားရှင်ဆံတော်၊ဓာတ်တော်မြတ်အား၊ ဌာပနာလျှက် တြိယဝဲဂမင်း၊ သကြားမင်းနှင့်သိကြားမင်းနှင့် ရသေ့ဂေါက်တို့မှ စေတီတစ်ဆူ ဦးစွာ တည်ထားခဲ့ဘူး၏။ ပထမစေတီတည်ခဲ့ဘူးသဖြင့် ယခုအခါ ဒုတိယအကြိမ် တည်ထားရခြင်း ဖြစ်သည်ဟု မိန့်ကြားလျှင် သီဟဒီပမင်းသည် ကျေနပ်ဝမ်းမြောက် ခံစားခဲ့ရ၏။ ထို့နောက် အရှင်မြတ်တို့ ညွှန်ရာတွင် စေတီတည်အံ့ ဟုမိန့်ကြားပြီး ဆံတော်မြတ်(၆)ဆူနှင့် အတူ ဓာတ်တော်မြတ်တို့အား၊ ရဟန္တာတို့မှ ပင့်ဆောင် ဦးဆောင်ပြီး သကာလ ပထမပတိကကုန်းမြေသို့ ကြွတော်မူခဲ့၏။
 
ရဟန္တာအရှင်မြတ်၊ သီဟဒီပမင်းတို့နှင့်အတူ မင်းမိဖုရား၊ အမှူးပြုသည့်မင်းညီမင်းသား၊ ပုဏ္ဏား၊ သူဌေးသူကြွယ် များကုန်သည်လယ်ယာလုပ်သူများ စသည့်မင်းပရိသတ်စုံညီစွာဖြင့် ဆံတော်ဓာတ်တော်များအားမင်းခင်းမင်းနားဖြင့် ပင့်ဆောင်ခဲ့၏။ ပထမပတိကကုန်းတော်သို့ ရောက်လျှင် ဆံတော်နှင့်အတူ ဓာတ်တော်များအား၊ ခုနှစ်ရက်တိုင်တိုင် ပူဇော်ပွဲသဘင် ဆင်ယင်ကျင်းပခဲ့၏။ ထို့အတူ ထိုနှစ် တပို့တွဲလပြည့် မင်္ဂလာအခါတော်နေ့၌ ရွှေအုတ်၊ ငွေအုတ်၊ ပတ္တမြားအုတ် စသည့် ရတနာ အုတ်ကျောက်များ ဆောက်လုပ်အပ်သည့် ဂန္ဓာကုဋီတိုက် တော်ဝယ် ဆံတော်(၆)ဆူ၊ ဓာတ်တော်(၁၀)ဆူတို့အား၊ ရွှေ ကြုတ်၊ ငွေကြုတ်၊ ပတ္တမြားကြုတ်စသည့်ကြုတ်(၇)ထပ်စီတန်းလျှက် ဌာပနာပြုတော်မူခဲ့၏။ ယင်းကဲ့သို့ပင် ရဟန္တာအရှင်မြတ်တို့ ရှိခိုးပူဇော်ဟန် ရုပ်ထုအား လည်းကောင်းသီဟဒီပမင်းကြီးမှ ပူဇော်နေဟန် ရုပ်ထုတော်ကိုလည်းကောင်း ရွှေအတိဖြင့်သွန်းလောင်းလျက် ဌာပနာတိုက်အတွင်းသို့ သွင်းလျှက် စေတီတော်ကြီးအား တည်ထားကိုးကွယ်တော်မူခဲ့၏။