ဝီကီပီးဒီးယား:ပုံများတင်ခြင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁ -
{{Under construction}}
{{Information page|WP:UPIMAGE|WP:UPIMG|WP:UPI}}
[[File:Illustrating Wikipedia brochure.pdf|link=https://upload.wikimedia.org/wikipedia/commons/b/b1/Illustrating_Wikipedia_brochure.pdf|thumb|300px| လူသစ်များအတွက် ဝီကီမီဒီယာ ကွန်မွန်းစ်အကြောင်းနှင့် ယင်းတွင် မည်သို့ ပါဝင်ဆောင်ရွက်နိုင်သည်ကို ဖော်ပြထားသော ဝီကီမီဒီယာဖောင်ဒေးရှင်းမှ လက်ကမ်းစာစောင်]]
ဝီကီပီးဒီးယားတွင် ပုံများတင်ခြင်းသည်-
 
*တင်လိုက်သော ပုံတစ်ခုခြင်းစီသည် အခမဲ့လွတ်လပ် စွယ်စုံကျမ်းနှင့် ကိုက်ညီသည့် မူပိုင်ခွင့် အခြေအနေများ ရှင်းလင်းစွာ ဖော်ပြထားပြီး
*ပုံ၏ မူလရင်းမြစ်နှင့် မူပိုင်ခွင့် အခြေအနေများကို ရှင်းလင်းစွာ ဖော်ပြထားသော ပုံများတင်ခြင်း ဖြစ်သည်။
 
New wizard ကို အသုံးပြုပြီး ပုံများစွာကို တပြိုက်နက် တင်လိုပါက [[Commons:Special:UploadWizard|ဤနေရာ]]ကို နှိပ်ပါ။
 
ကံမကောင်းလှစွာပင် မူပိုင်ခွင့် အချက်အလက်များ မတိကျခြင်း သို့မဟုတ် မသင့်လျော်ခြင်း၊ မစုံလင်ခြင်းတို့ကြောင့် ဝီကီပီးဒီးယားမှ ပုံများစွာကို တင်ပြီး နာရီပိုင်း သို့မဟုတ် ရက်ပိုင်းအတွင်းတွင် ဖယ်ရှားခြင်းခံနေရသည်။ အဆိုပါ အဆင့်များကို ပြီးပြည့်စုံပါက သင်တင်လိုက်သော ပုံသည် ဝီကီပီးဒီးယား၏ ဗဟုသုတစာရင်းတွင် တစိတ်တပိုင်းအဖြစ် ပါဝင်သွားပါလိမ့်မည်။
 
အောက်ပါတို့သည် ပုံတင်ရာတွင် လိုအပ်ချက် အနှစ်ချုပ် ဖြစ်သည်။
 
ခွင့်ပြုထားသော မူပိုင်ခွင့် အခြေအနေတို့တွင် အောက်ပါတို့ ပါဝင်သည်။
*Public Domain (မူပိုင်ခွင့် ကုန်ဆုံးခြင်း သို့မဟုတ် မူလကတည်းက အများပိုင် public ဖြစ်ခြင်း)
*ဝီကီပီးဒီးယား ရင်းမြစ်စာမျက်နှာဖြစ်သော [[ဝီကီပီးဒီးယား:ဖိုင်မူပိုင်ခွင့် စာတွဲများ|ဤနေရာ]]တွင် ဖော်ပြထားသော လိုင်စင်များအနက် တစ်ခု ဖြစ်ခြင်း
*ဝီကီပီးဒီးယား၏ [[WP:NONFREE|အခမဲ့ မဟုတ်သော အကြောင်းအရာ အသုံးပြုခြင်း လမ်းညွှန်ချက်များ]]အရ [[တရားမျှတစွာ အသုံးပြုခြင်း]]
 
အကယ်၍ သင်သည် ပုံတစ်ပုံအား "တရားမျှတစွာ အသုံးပြုခြင်း" အဖြစ် တင်ရန် ရည်ရွယ်ပါက မူပိုင်ခွင့် ဥပဒေ အခွင့်အာဏာကို ကျွမ်းကျင်မှု ရှိထားရန် လိုအပ်သည်။ ပုံ၏ အခြေအနေနှင့် ပတ်သက်၍ မေးခွန်းများရှိလာပါက ယင်းပုံအား ဝီကီပီးဒီးယားတွင် ဆက်လက်ပါရှိစေနိုင်ရန်အတွက် သင့်အနေဖြင့် အချိန်နှင့် တပြေးညီ ကာကွယ်ဖြေရှင်းနိုင်ရမည် ဖြစ်သည်။ ဝီကီပီးဒီးယားမှ သတ်မှတ်ထားသော သတ်မှတ်ချက်များနှင့် မကိုက်ညီသော ပုံများသည် ဝီကီပီးဒီးယားမှ ဖယ်ရှားခြင်း ခံရမည် ဖြစ်သည်။ အချက်အလက် မပြည့်စုံသော၊ ဖိုင်အရွယ်အစား ကြီးမားလွန်းသော၊ အခြားပုဂ္ဂိုလ်များအား ထိခိုက်နစ်နာစေသော ပုံများကို ဖယ်ရှားခြင်းအတွက် စိတ်မရှိပါနှင့်။ ဝီကီပီးဒီးယားသည် ဖတ်ရှုသူများစွာကို ဝန်ဆောင်မှုပေးနေပြီး သက်ရှိပုဂ္ဂိုလ်များ၏ ပုံကဲ့သို့သော ထိခိုက်လွယ်သည်များကို ကိုင်တွယ်ရာတွင် စံနမူနာ ဖြစ်စေရန် ဖြစ်သည်။ ထို့အပြင် မူပိုင်ခွင့် အခြေအနေနှင့် ပတ်သက်၍ ကျွမ်းကျင်လိမ္မာမှုရှိခြင်းဖြင့် သက်ရှိပုဂ္ဂိုလ်တစ်ဦး၏ ပုံတစ်ပုံသည် ထိုသူနှင့် အခြားသူများအား အနှောက်အယှက်ဖြစ်စေသည်ဟု ယူဆပါက ဆင်ခြင်တုံတရားဖြင့် ကျွမ်းကျင်လိမ္မာစွာ ကိုင်တွယ်ဖြေရှင်းရန် အကြံပြုပါသည်။
 
ပုံများ မတင်မီ [[ဝီကီပီးဒီးယား:ပုံအသုံးပြုခြင်း မူဝါဒ|ပုံအသုံးပြုခြင်း မူဝါဒ]]ကို ဖတ်ရှုနားလည်ပြီး ဖြစ်ပါစေ။ '''အင်တာနက်ပေါ်တွင် သင်တွေ့ရနိုင်သော ပုံအများစုသည် မူပိုင်ခွင့် ရှိထားပြီးဖြစ်ကာ ယင်းတို့ကို ဝီကီပီးဒီးယားတွင် တင်ရန်အတွက် မသင့်လျော်ပါ'''။ ပုံကို သင်မဖန်တီးခဲ့ပါက သို့မဟုတ် ပုံ၏ မူပိုင်ခွင့် အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိပါက '''ပုံကို upload တင်ခြင်း မပြုပါနှင့်'''။ အလားတူ ပုံပိုင်ဆိုင်သူများက ပုံကို စီးပွားရေးအရ မဟုတ်သည်များတွင်သာ အသုံးပြုရန် သဘောတူထားသည် ဖြစ်ပါက ပုံပိုင်ဆိုင်သူများထံမှ ရှင်းလင်းပြတ်သားသော ခွင့်ပြုချက် ရှိထားသည်မှလွဲ၍ ခွင့်ပြုချက် မရှိထားသော ပုံများကို မတင်ပါနှင့်။ ([http://mail.wikipedia.org/pipermail/wikien-l/2005-May/023760.html ဤမူဝါဒအကြောင်း]ကို ဖတ်ရှုပါ)
 
{{Commons|Commons:First steps/Upload form}}
 
 
 
[[Category:ဝီကီပီးဒီးယား ပုံအကူအညီ]]
[[Category:ဝီကီပီးဒီးယား အင်္ဂါရပ်များ]]