မင်းသိင်္ခ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး typos →‎စာပေရေးသားခြင်း
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၂၆ -
}}
 
'''မင်းသိင်္ခ''' (၁၉၃၉−၂၀၀၈) သည် မြန်မာလူမျိုးဗမာလူမျိုး စာရေးဆရာနှင့် ဝေဒပညာရှင် ဖြစ်သည်။ မင်းသိင်္ခသည် တီထွင်ကြံဆမှုရှိသော ဝတ္ထုတိုရှည်များကို နိုင်နင်းစွာဖွဲ့နိုင်သော စာအရေးအသားကောင်းသူ တစ်ဦးလည်းဖြစ်သည်။ စိတ်ကူးအထင်အမြင်ပြောင်းလဲခြင်းမှ စပြီး အတတ်ပညာများ၊ လက်တွေ့ရုပ်ဝတ္ထုများ နှင့် အောင်မြင်ပျော်ရွှင်မှုများ ရရှိနိုင်ပုံကဲ့သို့ စိတ်ပညာသဘောတရားများကို ပုဏ္ဏားဘကွန်း၊ ဖြစ်ချင်ရာဖြစ် မောင်ဘချစ်နှင့် ပြည်ကြီးမဏ္ဍိုင်မြကြီးစသော ဝတ္ထုများတွင် ထည့်သွင်းဖော်ပြခဲ့သည်။
 
== ငယ်ဘဝနှင့် ပညာရေး ==
၁၉၃၉ ခုနှစ် ဇွန်လ ၂၅ ရက်တွင် ရန်ကုန်မြို့ ကျောက်မြောင်းရပ်ကွက် ဘိုးလိန်းလမ်းနေ ပန်းချီဆရာ ဦးစံရှိန်နှင့် ဒေါ်တင်တို့မှ မွေးဖွားပါသည်။ မွေးချင်း ၆ ယောက်အနက် အကြီးဆုံးသား ဖြစ်သည်။ ငယ်မည်မှာ အေးညွန့်ဖြစ်ပြီး ကျောင်းအပ်သော် မိန်းမဆန်သဖြင့် အောင်ထွန်းဟု မိမိသဘောနှင့်မိမိ အမည်ပြောင်းသည်။