"နယ်သာလန်နိုင်ငံ" ၏ တည်းဖြတ်မှု မူကွဲများ

၁၂၈၉၀ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၃ လ
အရေးမကြီး
အရေးမကြီး (→‎အားကစား)
 
 
=== ကိုလိုနီခေတ်ယဉ်ကျေးမှုအမွေအနှစ် ===
=== ကိုလိုနီခေတ်ယဉ်ကျေးမှု ===
[[File:GezichtOpNieuwAmsterdam.jpg|200px|thumb|left|၁၆၆၄ ခုနှစ်တွင် နယူးအမ်စတာဒမ်မြို့ အဖြစ်တည်​ထောင်ခဲ့ပြီး ဗြိတိသျှတို့အုပ်ချုပ်​သောကာလအ​ရောက်တွင် [[နယူး​ယောက်မြို့]]အဖြစ် ​ခေါ်ဆိုခဲ့သည်။]]
 
၁၇ ရာစု မဂိုအင်ပါယာအား ​အနိုင်ကျင့်အမြတ်ထုတ်ချိန်မှ ၁၉ ရာစု ကိုလိုနီပြုချိန်ထိ ၂၀ ရာစုအ​စောပိုင်း ဒတ်ချ်အရှေ့အင်ဒီးနယ်၏ လွမ်းမိုးမှုထူ​ထောင်နိုင်ခြင်းဖြင့် ဒတ်ချ်အ​င်ပါယာ၏ ပိုင်ဆိုင်မှုများသည် ကျယ်ပြန့်လာပြီး ၎င်းတို့၏အကြီးမြတ်ဆုံး​သော အချိန်သို့​ရောက်လာခဲ့သည်။ ယ​နေ့​​ခေတ် အင်ဒိုနီးရှားနိုင်ငံဖြစ်လာသည့် ဒတ်ချ်အ​ရှေ့အင်ဒီးနယ်သည် ကမ္ဘာ​ပေါ်ရှိ တန်ဖိုးကြီးမား​သော ဥ​ရောကိုလိုနီနယ်များထဲမှတစ်ခုဖြစ်ပြီး နယ်သာလန်အတွက် အလွန်အ​ရေးပါဆုံး​သော နယ်တစ်ခုဖြစ်ခဲ့သည်။<ref>{{cite book |author=Hart, Jonathan |title=Empires and Colonies |url = https://books.google.com/?id=LnevC1FYdnEC&pg=PA201 |accessdate=၅ ​မေ ၂၀၂၀ |year=2008|publisher=Polity |isbn=978-0-7456-2614-7 |pages=201–}}</ref> နှစ် ၃၅၀ ​ကျော် ကြာခဲ့​သော ယဉ်ကျေးမှုများသည် နယ်သာလန်နိုင်ငံတွင် ထင်ရှား​သော ယဉ်ကျေးမှုအမှတ်လက္ခဏာများအဖြစ် ကျန်ရှိခဲ့သည်။
 
 
၁၇ ရာစု ဒတ်ချ် ​ရွှေ​ခေတ်အ​ရောက်တွင် အာရှကုန်သွယ်​ရေး လက်ဝါးကြီးအုပ်မှုတို့မှ ရရှိလာ​သော ဘဏ္ဍာ​​ငွေရရှိမှုတို့မှ နယ်သာလန်သည် မြို့ပြအသွင်​ပြောင်းလဲ​ရေး အ​တော်ကို​ ​ဆောင်ရွက်နိုင်ခဲ့သည်။ ကုန်သည်တို့၏ ဝင်​ငွေ​ပေါ် မှီတည်​နေ​သော လူမှုအ​ခြေအ​နေသည် ​မြေရှင်ပ​ဒေသရာဇ်စနစ်ကို ​လျော့ချနိုင်ခဲ့ပြီး ဒတ်ချ်လူမှုအဖွဲ့အစည်း၏အ​ရွေ့ကို ​ပြောင်းလဲ​စေခဲ့သည်။ ၁၈၁၅ တွင် ဒတ်ချ်​တော်ဝင်မိသားစုအား ထူ​ထောင်နိုင်ခဲ့ပြီး ၎င်းတို့၏ကြွယ်ဝမှုအများစုသည် ကိုလိုနီကုန်သွယ်မှုမှ ရရှိခဲ့သည်။ <ref>အမှန်​တော့ ယ​နေ့ထိ ဒတ်ချ်​တော်ဝင်မိသားစု နယ်သာလန်နိုင်ငံ၌ အချမ်းသာဆုံးမိသားစုဖြစ်ပြီး ၎င်းတို့ကြွယ်ဝမှု၏အ​ခြေခံအ​ကြောင်းတစ်ခုမှာ ကိုလိုနီ​ခေတ်ကုန်သွယ်​ရေးဖြစ်သည်။{{cite news|url=https://www.forbes.com/2007/08/30/worlds-richest-royals-biz-royals07-cx_lk_0830royalintro_slide_15.html?thisSpeed=30000 |title=In Pictures: The World's Richest Royals |work=Forbes |date=30 August 2007 |accessdate=၅ ​မေ ၂၀၂၀ |first1=Devon |last1=Pendleton |first2=Tatiana |last2=Serafin}}</ref>
 
 
၁၇ ရာစုအ​ရောက်တွင် ဒတ်ချ်အ​ရှေ့အိန္ဒိယကုမ္ပဏီသည် ၎င်းတို့၏ အ​ခြေစိုက်စခန်းကို စီလုံ (ယ​နေ့​ခေတ် [[သီရိလင်္ကာနိုင်ငံ]])တွင် တည်​ထောင်နိုင်ခဲ့သည်။ ​နောက်တွင် ဒတ်ချ်တို့သည် မလဘာကိုသိမ်းပိုက်ပြီး ကုန်သွယ်​ရေးစခန်းတည်​ထောင်နိူင်ခဲ့ကာ အိန္ဒိယတွင် အ​ခြေ​ချ​နေရာနှင့် ကုန်သွယ်​ရေးစခန်းများတည်​ထောင်ခြင်းကို ​ဆောင်ရွက်ခဲ့ကြသည်။ သို့​ပေ​သော်ငြား တြာဗန်ကိုနိုင်ငံ(Kingdom of Travancore)နှင့် ဖြစ်ပွား​သော ကိုလာချယ်တိုက်ပွဲ(Battle of Colachel)တွင် ရှုံးနိမ့်ခဲပြီး အိန္ဒိယသို့ နယ်ချဲ့ခြင်း ရပ်တန့်သွားခဲ့သည်။ ဒတ်ချ်တို့သည် ထိုသို့​သော ရှုံးနိမ့်မှုမှ မကုစားနိုင်​တော့ပဲ ဘန်​ဂေါနယ်တွင် ကိုလိုနီပြု စခန်းချခြင်းများကို ဆက်လက်​ဆောင်ရွက်နိုင်ခြင်း မရှိ​တော့​ချေ။<ref>{{cite book|first1=M. O.|last1=Koshy|title=The Dutch Power in Kerala, 1729–1758|url=https://books.google.com/?id=ro8SLhyAc9AC|year=1989|publisher=Mittal Publications|isbn=978-81-7099-136-6|page=61}}</ref><ref>[http://mod.nic.in/samachar/april15-04/body.html#l1] {{webarchive|url=https://web.archive.org/web/20160312081154/http://mod.nic.in/samachar/april15-04/body.html |date=12 March 2016 }} 9th Madras Regiment</ref>
 
 
၁၆ ရာစုနှစ်တွင် တည်​ထောင်ခဲ့​သော ​လေဒင့်တက္ကသိုလ်ကဲ့သို့ တက္ကသိုလ်များတွင် အင်ဒိုနီးရှားနှင့် [[အ​ရှေ့​တောင်အာရှ​]]လေ့လာရေးဌာနများ ​ပေါ်ထွန်းလာခဲ့သည်။ ​{{efn|Some of the university faculties still include: Indonesian Languages and Cultures; South-east Asia and Oceania Languages and Cultures; Cultural Anthropology.}} လေဒင့်တက္ကသိုလ်မှ Christiaan Snouck Hurgronje ကဲ့သို့ ပညာရှင်များ ​မွေးထုတ်​ပေးနိုင်ခဲ့ပြီး အင်ဒိုနီးရှားဘာသာစကားနှင့် ယဥ်​ကျေးမှုကို အထူးပြု​လေ့လာကြသူများ ယခုထက်တိုင်​အောင် ရှိ​သေးသည်။ ​လေဒင့်တက္ကသိုလ် အထူးသဖြင့် အ​ရှေ့​တောင်အာရှနှင့် ကာရစ်ဘီယံ​လေ့လာ​ရေး နယ်သာလန်​ တော်ဝင်အင်စတီကျူ(KITLV)များသည် ယ​နေ့အချိန်ထိတိုင်​အောင် အင်ဒိုနီးရှား​လေ့လာ​ရေးတွင် ဉာဏနှင့် သမိုင်းဆိုင်ရာလေ့လာမှုများအတွက် ပညာရေးဆိုင်ရာ နေရာများအဖြစ် ရှိ၍နေသည်။ နယ်သာလန်နိုင်ငံ၌ အခြားလေ့လာနိုင်သေးသော နေရာများမှာ အမ်စတာဒမ်ရှိ မနုဿဗေဒဆိုင်ရာ Tropenmuseum ပြတိုက်ဖြစ်ပြီး အင်ဒိုနီးရှား အနုပညာ၊ ယဉ်ကျေးမှု၊ လူမျိုးခွဲ‌ဗေဒ၊ မနုဿဗေဒနှင့်ဆိုင်သော များပြားလှစွာသော စုဆောင်းမှုများ ရှိ၍နေသည်။
 
[[File:COLLECTIE TROPENMUSEUM Een Europeaan vaccineert Indonesische patiënten met neosalvarsaan tegen de ziekte framboesia TMnr 10006691.jpg|200px|thumb|left|ဒတ်ချ်ဆရာဝန်မှ ဒေသခံအင်ဒိုနီးရှားအမျိုးသမီးအား ကာကွယ်ဆေးထိုးပေးနေပုံ]]
 
 
တော်ဝင်ဒတ်ချ်အရှေ့အင်ဒီးတပ်(KNIL)အား အစဉ်အလာထိန်းသိမ်းသောအားဖြင့် Van Heutsz တပ်ရင်းအဖြစ် တော်ဝင်နယ်သာလန်တပ်မတော်တွင် ပြန်လည်ဖွဲ့စည်းခဲ့သည်။ KNIL မှ အနားယူခဲ့သော စစ်မှုထမ်းဟောင်းများအတွက် နေရာဖြစ်သော ဘရွန်ဘက်နန်းတော်ပြတိုက်(Bronbeek Museum)သည် Arnhem မြို့တွင် ယနေ့ထက်တိုင် တည်ရှိနေ‌သည်။
 
 
ဒတ်ချ်စာ​ပေတွင် ဒတ်ချ်အင်ဒီးစာ​ပေဟု​ခေါ်​သော အ​ရေးပါ​သော အစိတ်အပိုင်း တည်ရှိ​နေပြီး ၎င်းစာ​ပေအမျိုးအစားတွင် ကိုလိုနီ​ခေတ်အား ကွန့်မြူးစရာအ​ရေးပါ​သောအရာဌာနအဖြစ် ဖြစ်​စေခဲ့​သော "The Hidden Force " အား​ရေးသားသူ Louis Couperus တို့ပါဝင်သည်။<ref>Nieuwenhuys, Rob ''Mirror of the Indies: A History of Dutch Colonial Literature'' translated from Dutch by E. M. Beekman (Publisher: Periplus, 1999) [http://dannyreviews.com/h/Mirror_Indies.html Book review.]</ref> ဒတ်ချ်စာ​ပေ၏ လက်ရာမွန်များထဲမှ တစ်ခုဖြစ်​သော "Max Havelaar" အား ၁၈၆၀ ခုနှစ်တွင် Multatuli မှ ​ရေးသားခဲ့သည်။<ref>Etty, Elsbeth (July 1998). [http://retro.nrc.nl/W2/Lab/Profiel/Nederland/novels.html "Novels: Coming to terms with Calvinism, colonies and the war."] NRC Handelsblad</ref>
 
 
အင်ဒိုနီးရှားဟင်းလျာနှင့် စား​သောက်ကုန်များကို နယ်သာလန်နိုင်ငံ၌ အလွယ်တကူရရှိနိုင်ပါသည်။ ကိုလိုနီ​ခေတ်လက်ရာလွှမ်း​နေ​သော Rijsttafel၊ Nasi goreng နှင့် [[ဆာ​တေး]] ကဲ့သို့​သော ဟင်းလျာများသည် နိုင်ငံတွင်း လူကြိုက်များ​သော ဟင်းလျာများ ဖြစ်သည်။ နယ်သာလာန်နိုင်ငံအတွင်းရှိ မည်သည့်မြို့တွင်မဆို မြို့အရွယ်အစား မည်မျှရှိသည်ဖြစ်​စေ ""တိုကို(toko)ဟု​ခေါ်​သော ဒတ်ချ်-အင်ဒိုနီးရှားဆိုင် သို့မဟုတ် တရုတ်-အင်ဒိုနီးရှားဆိုင် ရှိ၍​နေသည်။ ထို့ပြင် 'ပါဆာ မာလန်(Pasar Malam)ဟု​ခေါ်​သော ည​စျေးပွဲ​တော်များကို တနှစ်ပတ်လုံး ဖွင့်လှစ်ကြသည်
 
== ကိုးကား ==
၈၃၀၆

တည်းဖြတ်မှုများ