နန္ဒမာလာဘိဝံသ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး it is known that the title is given by the state, here a specific event is shown at a photo in မြန်မာ့အလင်း(the last edit hasnt changed anything the situation but an event clearly defined is better in wiki if possible (my opiinion) 37.111.4.79 (ဆွေးနွေး) ၏ တည်းဖြတ်မူ 506307 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
အရေးမကြီးNo edit summary
စာကြောင်း ၂၀ -
[[File:Dr Nandamala.jpg|thumb|ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ]]
 
'''ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ''' သည် [[အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်]]၏ ပါမေက္ခချုပ်ဆရာတော်အဖြစ် တာဝန်ထမ်းဆောင်တော်မူခဲ့သည့် ဆရာတော်တစ်ပါး ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ၊ [[သီတဂူကမ္ဘာ့ဗုဒ္ဓသာသနာပြုတက္ကသိုလ်]]သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ([[စစ်ကိုင်းမြို့စစ်ကိုင်း)]]) တို့၏ ပါမောက္ခချုပ် ဆရာတော် ဖြစ်သည်။ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက်၏ ပဓာနနာယကဆရာတော် လည်းဖြစ်သည်။ အရှင်မြတ်သည် ကျမ်းစာရေးသားခြင်း၊ စာပေပို့ချခြင်း၊ တရားဟောပြောခြင်း၊ တရားပြသခြင်း၊ ယဉ်ကျေးလိမ္မာ လူငယ်သင်တန်းများ ဖွင့်လှစ်ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပါသည်။
 
== ထေရုပ္ပတ္တိ ==
၁၃၀၁ ခုနှစ် တပေါင်းလပြည့်၊ (၁၉၄၀ ခုနှစ်၊ မတ်လ ၂၂ ) စနေနေ့တွင် [[မန္တလေးတိုင်းဒေသကြီး]]၊ [[စဉ့်ကူးမြို့နယ်]]၊ ညောင်ပင်ရွာ၊ ခမည်းတော် ဦးစံလှနှင့် မယ်တော် ဒေါ်ခင်တို့မှဖွားမြင်သည်။ ၁၃၀၅ (၁၉၄၄) ခုနှစ်၊ အသက်(၅)နှစ်သားအရွယ်တွင် စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ၊ ပေါ်တော်မူ ကျောင်းဆရာတော် ဦးကေလာသ (ဦးလေးဘုန်းကြီး)ထံတွင် မြန်မာစာနှင့် ဗုဒ္ဓစာပေများကို စတင်သင်ကြားခဲ့သည်။ ၁၃၁၁ (၁၉၄၉) ခုနှစ်၊ ဝါဆိုလဆန်း(၁၁)ရက်၊ အသက် (၁၀)နှစ်အရွယ်တွင် [[စစ်ကိုင်းတောင်|စစ်ကိုင်းတောင်ရိုး]]၊ ဝိပဿနာဂန္ဓာရုံချောင်၌ အဘိဓဇမဟာရဋ္ဌဂုရု၊ နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြုလျက် ရှင်သာမဏေပြုခဲ့သည်။ ၁၃၁၄ (၁၉၅၃) ခုနှစ်၊ အသက် (၁၃)နှစ်တွင် အဘိဓမ္မာစာမေးပွဲ (၃)ဆင့် စတင်အောင်မြင်ခဲ့သည်။
 
၁၃၂၀ (၁၉၅၈) ခုနှစ်တွင် စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံတိုက်ကို နောင်တော်များနှင့်အတူ တည်ထောင်ကာ ပဓာနစာချ၊ တိုက်ကြပ် အဆင့်ဆင့် တာဝန်များထမ်းဆောင်ခဲ့သည်။ ၁၃၂၁ (၁၉၆၀) ခုနှစ်တွင် နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ရောက်ရှိခဲ့သည်။ နောင်တော်ရင်းဖြစ်သော ဘဒ္ဒန္တနာရဒထံ၌ သဒ္ဒါ၊ ပိဋက အခြေခံစာများ၊ ပထမပြန်စာမေးပွဲဆိုင်ရာ ကျမ်းစာများသင်ယူခဲ့ပြီး၊ ဇယမေဒနီဝါဆိုကျောင်းဆရာတော် ဘဒ္ဒန္တအဂိဃ္ဃယ (ယခု ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု)ထံ ဓမ္မာစရိယတန်းဆိုင်ရာ ကျမ်းစာများကို သင်ယူခဲ့သည်။ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံတိုက်၌ နောင်တော်များဖြစ်ကြသည့် နာယက၊ တိုက်အုပ်၊ တိုက်ကြပ်ဆရာတော်များထံ၌ သကျသီလ၊ စေတိယင်္ဂတန်းဆိုင်ရာကျမ်းစာများကို သင်ယူခဲ့သည်။ ရန်ကုန်မြို့၊ ဇမ္ဗူဒီပကျောင်းဆောင်၌ တိပိဋ္ဋက ပါဠိ+မြန်မာ အဘိဓာန်ကျမ်းပြုအဖြစ်ဆောင်ရွက်နေစဉ် [[ဇနကာဘိဝံသ၊ အရှင် (ချမ်းမြေ့)|ချမ်းမြေ့ရိပ်သာဆရာတော် ဘဒ္ဒန္တ ဇနကာဘိဝံသ]]ထံတွင် အင်္ဂလိပ်ဘာသာကို စတင်သင်ယူခဲ့သည်။
 
၁၃၃၂ (၁၉၇၃) ခုနှစ်မှ စတင်၍ ကျမ်းစာများ ရေးသားပြုစုခဲ့ရာ အင်္ဂလိပ်၊မြန်မာ နှစ်ဘာသာဖြင့် ကျမ်းစာများကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ၁၃၃၉ (၁၉၈၀) ခုနှစ်တွင် ပထမအကြိမ်သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်အတွက် စစ်ကိုင်းသံဃာနယကအဖွဲ့(ရွှေကျင်)အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ဓမ္မာစရိယစာမေးပွဲအကျိုးတော်ဆောင်အဖြစ်လည်းကောင်း၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် (ရွှေကျင်)အဖြစ်လည်းကောင်း၊ ပဌမပြန်စာမေးပွဲ ပြဋ္ဌာန်းကျမ်းစာပြင်ဆင်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နိကာယ်စာမေးပွဲစည်းမျဉ်းစည်းကမ်း ရေးဆွဲရေးအဖွဲ့ဝင်၊ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁/၉၈) ၏ ဝိနည်းဓိုရ်၊ ပဌမပြန် စာမေးပွဲကျင်းပရေးအဖွဲ့ (စစ်ကိုင်း)၏ ပုစ္ဆာကအဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၃၄၇ (၁၉၈၆) ခုနှစ်တွင် [[အိန္ဒိယနိုင်ငံ]] အာသံနှင့် အရုဏပရာဒေ့ရှ်မှ ရဟန်း၊ သာမဏေကျောင်းသားငယ်များအား မြန်မာစာနှင့် အဘိဓမ္မာတို့ကို ပို့ချပေးခဲ့သည်။ ၁၃၅၅ (၁၉၉၄) ခုနှစ်တွင် [[အမေရိကန်ပြည်ထောင်စု]]၊ မေရီလင်းပြည်နယ် ဆီလ်ဗားစပရင်းမြို့ မင်္ဂလာရာမကျောင်း၌ မြန်မာဗုဒ္ဓဘာသာဝင်တို့အား အဘိဓမ္မာဘာသာရပ်ကို ပို့ချပေးခဲ့သည်။ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ပါမောက္ခချုပ်အဖြစ် ဆောင်ရွက်ကာ၊ Department of Language Studies ၌ English Diploma တန်းနှင့် B.A တန်များ၌ ဆိုင်ရာဘာသာရပ်များကိုလည်းကောင်း၊ အမေရိက၊ ကိုရီးယား၊ မက္ကဆီကို၊ ဂျာမနီ၊ ပြင်သစ်စသောနိုင်ငံများမှ ကျောင်းသား၊ ကျောင်းသူများအား ပါဠိဘာသာ အဘိဓမ္မာဘာသာရပ်များကိုလည်းကောင်း သင်ကြားပို့ချပေးခဲ့သည်။ ၁၃၅၈ (၁၉၉၉) ခုနှစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရဝါဒသာသနာပြုတက္ကသိုလ်၏ ဩဝါဒါစရိယ ဧည့်ပါမောက္ခအဖြစ် ပြည်တွင်းပြည်ပ ကျောင်းသားများအား စာပေပို့ချပေးခဲ့သည်။၂၀၀၃စာပေပို့ချပေးခဲ့သည်။ (၂၀၀၃)တွင် [[အိန္ဒိယနိုင်ငံ]] မဂဓ တက္ကသိုလ်မှ ပါရဂူဘွဲ့ (Ph.D).ရရှိခဲ့သည်။<ref>ဓမ္မအသံမဂ္ဂဇင်း (သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆယ်နှစ်ပြည့် အထိမ်းအမှတ်)၊ P-6၊ (၂၀၀၇) မတ်လ</ref> ၂၀၀၃ ခုနှစ်မှ စတင်၍ ဂျာမနီ၊ နယ်သာလန်၊ ဩစတြေးလျ၊ အင်္ဂလန်၊ စင်္ကာပူ၊ မလေးနိုင်ငံများသို့ နှစ်စဉ်မပြတ် ကြွရောက်၍ အဆိုပါနိုင်ငံများအား အဘိဓမ္မာသင်တန်းများ သင်ကြားပို့ချပေးလျက်ရှိသည်။ <ref>{{cite web|url=http://www.drnandamalabhivamsa.com.mm/my/biography/53|title=ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ထေရုပ္ပတ္တိ အကျဉ်း}}</ref>
 
၁၃၆၇ (၂၀၀၅) ခုနှစ်တွင် ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုအခါ ဒေါက်တာနန္ဒမာလာဘိဝံသသည် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံစာသင်တိုက်၌ စာသင်သား ၁၈၀ကျော်တို့အား ငယ်၊ လတ်၊ ကြီး စာဝါများ၊ ဓမ္မာစရိယစာဝါများ၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၌ ပါမောက္ခချုပ် တာဝန်ကိုထမ်းဆောင်ရင်း ဒီပလိုမာသင်တန်းများနှင့် B.A, M.A တန်းများ၌ စာပေပို့ချပေးတော်မူရင်း ပြည်တွင်း၌ တရားဓမ္မများ ဟောပြောကာ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံတိုက် ပဓာနနာယက ဆရာတော်အဖြစ် သာသနာပြုလျက်ရှိသည်။