ခရစ်ယာန်ဘာသာ: တည်းဖြတ်မှု မူကွဲများ

→‎ဧဝံဂေလိတရား: ဖြည့်စွပ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၆ -
 
== ဧဝံဂေလိတရား ==
 
#သမ္မာကျမ်းစာပြောသည်ကားကောင်းကင်နိုင်ငံသို့သွားရာလမ်းတသွယ်သာရှိ၏။
 
ရှင်ယောဟန်ခရစ်ဝင် ၁၄:၆
ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။
 
ထာဝရအသက်အတွက် သင့်ကိုကယ်တင်နိုင်သောသူအခြားမရှိပါ။ ဘာသာရေး၊ လူမှူရေး၊ ကောင်းမှူကုသိုလ်၊ကြိုးစားအားထုတ်မှုလုံးဝအာမခံမပေးနိုင်ပါ။ ယခုပင် သခင်ယေရှုကိုယုံကြည်လက်ခံပါ။
 
ရောမဩဝါဒစာ ၁၀:၉
အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။
 
၁။ မိတ်ဆွေသင်သည်အပြစ်သားဖြစ်ကြောင်းကိုဝန်ခံပါ။
ရောမဩဝါဒစာ ၃:၁၀
ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူမရှိ၊ တယောက်မျှမရှိ။
 
၂။ အပြစ်တရားမှနောင်တရဖို့အလိုရှိပါ။
တမန်တော်ဝတ္ထု ၁၇:၃၀
ဘုရားသခင်သည် မိုက်မဲသော အချိန်ကာလတို့ကို အမှုမထား ဘူးသော်လည်း၊ ယခုမှာ ကိုယ်အပြစ်ကို မြင်၍ နောင်တရကြလော့ဟု ခပ်သိမ်းသော အရပ်တို့၌ ရှိသော လူအပေါင်းတို့အား ပညတ်တော်မူ၏။
 
၃။ သင်၏အပြစ်ကြောင့်ယေရှုခရစ်တော် အသေခံပြီးနောက်သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသည်ကိုယုံကြည်ပါ။
 
ရောမဩဝါဒစာ ၁၀:၉
အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။
 
၄။ မိတ်ဆွေ ၏ကယ်တင်ရှင်ဖြစ်လာနိုင်ရန်သင့်အသက်တာ၌ဆုတောင်ခြင်းဖြင့်ယေရှုကိုဖိတ်ခေါ်ပါ။
 
ရောမဩဝါဒစာ ၁၀:၁၃
အကြောင်းမူကား၊ ထာဝရဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။
 
ဤသို့ဆုတောင်းနိုင်သည်-
"ချစ်သောဘုရားသခင်၊ အကြှနျုပျသညျအပွဈသားဖွဈပါ၏။ ခွင့်လွှတ် ခြင်းကိုလိုအပ်ပါသည်။ အကြှနျုပျ၏ အပြစ်ကြောင့် ခရစ်တော်သည် အသွေးတော်မြတ်ကိုသွန်းလောင်းပြီး အသေခံ တောျမူခွငျးကိုအကြှနျုပျယုံကွညျပါ၏။ယနေ့မှစပွီးယရှေုသညျအကြှနုျပျ၏နှလုံးသားထဲ၌ကိနျးဝပျပွီး ထာဝရအသက်သခင်ဖြစ်တော်မူပါ။ ယေရှုနာမဖြင့်ဆုတောင်းပါ၏။ အာမင်။"
 
# ယေရှုကိုမိမိ၏ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်ကိုးစားပြီး ခရစ်တော်နဲ့အတူရှိ၍အံ့ဖွယ်သောအသက်တာစတင်ပါသည်။
 
၁။ ခရစ်တော်၏ ကယ်တင်ခြင်းတရားသည်လုံခြုံပါသည်။
ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၈
ထာဝရအသက်ကိုလည်း ငါပေး၏။ သိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှထိုသိုးတို့ကို ငါ့လက်မှမနှုတ်မယူရာ။
 
၂။ ယေရှု၏အကြောင်းပိုမိုသိရန်ကျမ်းစာကိုနေ့စဉ်ဖတ်ပါ။
၃။ နေ့တိုင်းဆုတောင်းခြင်းဖြင့်ထာဝရဘုရားကိုစကားပြောပါ။
၄ ။ ရေနှစ်ခြင်းခံယူပါ။ ရေနှစ်ခြင်းမင်္ဂလာသည်ကယ်တင်ခြင်းနှင့်မဆိုင်ပါ။ သမ္မာကျမ်း၏သွန်သင်သောရေနှစ်ခြင်းမင်္ဂလာသည်အောက်ပါအချက် လေးချက်ဖြင့်သိနားလည်နိုင်ပါသည်။
 
က။ ကယ်တင်ခြင်းရပြီးမှရေနှစ်ခြင်းခံယူပါ။
ခ။ ခရစ်တော်၏ စေခိုင်းချက်ကိုနာခံခြင်းဖြင့်ခံယူပါ။ သူတပါးတိုက်တွန်းလို့မဖြစ်ရပါ။
ဂ။ ရေနှစ်ခြင်း ဖြစ်သည်။ ရေဖြန်းခြင်း၊ရေလောင်းခြင်းမဖြစ်ရပါ။
ဃ။ သမ္မာကျမ်းကိုအခြေပြုသောနှစ်ခြင်းသင်းအုပ်ဆရာ၊ သာသနာ ပြုဆရာဖြစ််သောမှန်ကန်သော စေလွှတ်သူ၊အခွင့်အဏာရသူမှပေးခြင်းဖြစ်ရမည်။
အထက်ပါလေးချက်ပြည့်စုံပါကမိတ်ဆွေ၏ရေနှစ်ခြင်းမင်္ဂလာသည် သမ္မာကျမ်းစာရေနှစ်ခြင်းမင်္ဂလာဖြစ်သည်။
၅။ ရေနှစ်ခြင်းခံယူသော ဒေသန္တရအသင်းတော်တွင် ဝတ်ပြုကိုးကွယ်ပါ။
၆။ ယေရှုဘုရားသခင် ၏ကယ်တင်ခြင်းသတင်းကိုအခြားသောသူများအားဝေငှဟောပြောပါ။
ဘုရားရှင်အရောက်စီတိုင်းအပေါ်ကောင်းကြီးပေးပါစေ။
ဆရာဦးယိုလိန်း ၏သွန်သင်ချက်မှကောက်နုတ်ပါသည်။
 
စစ်မှန်သောကယ်တင်ခြင်းတရား။
 
ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၅:၃
ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း၊ သင်တို့အား ရှေ့ဦးစွာ အပ်ပေးသောအကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။
ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၅:၄
သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။
 
 
ခရစ်ယာန်ဂိုဏ်းခွဲအများစုက ယေရှုသည် သက်ရှိနှင့်သေလွန်ပြီးလူသားအားလုံးကို တရားစီရင်ရန်နှင့် ယေရှုကို ယုံကြည်လက်ခံသူများအား ထာဝရအသက်တာပေးရန်တစ်ဖန်ပြန်လည်ကြွလာဦးမည်ဖြစ်
ကြောင်း သွန်သင်ကြသည်။ ယေရှုကို မြတ်သောအကျင့်သီလနှင့် ပြည့်စုံသည့် ဘဝအသက်တာ၏ စံပြပုဂ္ဂိုလ်အဖြစ်သာမက ဘုရားသခင်၏ ဗျာဒိတ်တော်ကို ဖော်ပြသောသူ၊ ဘုရားသခင်မှ လူ့ဇာတိအဖြစ်ခံယူခြင်းဟူ၍လည်းမှတ်ယူကြသည်။ခရစ်ယာန်များကယေရှုခရစ်တော်၏တရားဒေသနာများကိုဧဝံဂေလိတရား(“သတင်းကောင်း”)ဟုခေါ်ဆိုသောကြောင့်ရှေးအကျဆုံးရေးသားဖော်ပြချက်များတွင် သူ၏ သာသနာပြု ခြင်းကို ဧဝံဂေလိတရားများအဖြစ် ရည်ညွှန်းသည်။