{{subst:Please sign}} မှတ်ချက်ကို ပေါင်းထည့်ခြင်း။
စာကြောင်း ၈၄ -
 
ကျေးဇူးတင်ပါတယ်။<!-- Template:uw-tilde --> --[[အသုံးပြုသူ:NjsBot|NjsBot]] ([[အသုံးပြုသူ ဆွေးနွေးချက်:NjsBot|ဆွေးနွေး]]) ၁၂:၀၂၊ ၁၄ မေ ၂၀၂၀ (UTC)
 
== မြန်မာစာအကြောင်း ==
 
ဝေါဟာရအို၊ပေါရာဏစကား
 
၁။
သည်ရင်း ဆိုတာရဲ့ အဓိပ္ပါယ်အဖွင့်မှာ ကွင်းစ၊ကွင်းပိတ်နဲ့ ပေါရာဏလို့ ထည့်ရေးထားလို့ ပေါရာဏရဲ့ အ ဓိပ္ပါယ်ကို ချဲ့စဉ်းစားကြည့်မိပါတယ်။ပေါရာဏဆိုတာ ဘာလဲ။ပါဠိလားတဲ့။ခုခေတ်မှာ မသုံးတော့တဲ့ စကားလုံး လားတဲ့။တကယ်တော့ ပေါရာဏဆိုတာ ရှေးကတည်းက သုံးစွဲလာခဲ့တဲ့ ရှေးဟောင်းစကားကို ပြောတာပါ။ပါဠိ အဘိဓာန်မှာက ရှေးဟောင်းဖြစ်သော။အဟောင်းဖြစ်သော။ရှေးလူဟောင်း။ရှေးပညာရှိ။ ရှေးဆရာလို့ တွေ့ ရပါ တယ်။
ဆရာကြီး မင်းသုဝဏ်ရဲ့ မြန်မာစာ၊မြန်မာမှုထဲမှာတော့- ရှေးပျို့လင်္ကာ စာဟောင်း ပေဟောင်းတို့တွင် တွေ့ရ ၍ ယခုအခါ အသိရခက်သော စကားလုံးများ ဖြစ်သည် လို့ ဆိုထားပါတယ်။မြန်မာအဘိဓာန်မှာတော့ ပညာရှင်အဆက်ဆက် ရှေးသုံးအဖြစ် သတ်မှတ်ခဲ့သော ဝေါဟာရလို့ ဖွင့်ပြထားပါတယ်။ဒီတော့ ပေါရာဏစကားဆိုရင် ရှေးလူတွေရဲ့စကား။ရှေးဟောင်းစကား။ရှေးပညာရှိတွေရဲ့စကားလို့ ဆိုနိုင်လိမ့်မယ် ထင်ပါတယ်။
ပြောရရင်တော့ ပေါရာဏဆိုတာ ဝေါဟာရအိုကြီးတွေပါ။စကားလုံး ဘိုးအေကြီးတွေပါ။ဘိုးဘေးကြီးတွေကို ဒီဘက်ခေတ်မှာ သုံးတာ၊မသုံးတာထက် ဝေါဟာရအိုကြီးတွေဟာ ရှည်လျားတဲ့အချိန်ကာလတွေကို ဖြတ်သန်း ခဲ့ကြရတာကတော့ အသေအချာပါပဲ။ဘယ်လောက်များတောင် ဖြတ်သန်းခဲ့ကြရလဲဆိုရင် မြန်မာစာ ပေါ်စ က တည်းက နှစ်ပေါင်းထောင်ချီ ဖြတ်သန်းခဲ့ကြရတယ်လို့ မှော်ဘီဆရာသိန်းကြီးရဲ့ ပေါရာဏဒီပနီမှာ သုံးသပ်ပြ ထားတာ တွေ့ရပါတယ်။
၂။
ဒါဆို ဘယ်လို ဝေါဟာရမျိုးဟာဖြင့် ပေါရာဏ ဖြစ်နိုင်သလဲ။ကျနော်တို့ ငယ်ငယ်ကတော့ အဓိပ္ပာယ် မသိရင် ပေါရာဏလို့ ရမ်းတုတ်တော့တာပါပဲ။ကြားဖူးတဲ့ ပခြုပ်သည် ဆိုတာနဲ့ ပတ်သက်ပြီး ငြင်းကြခုန်ကြတော့ပခြုပ်သည် ဆိုတာကို ဘယ်သူမှ မသိကြလို့ ပေါရာဏဆိုပြီး ရောချခဲ့ကြဖူးတယ်။ခက်တာက အဲ့ဒီ့ ပခြုပ်သည် ဆိုတဲ့ ဝေါဟာရကို မြန်မာအဘိဓာန်မှာ ရှာတော့လည်း ပခြုပ် ပဲ တွေ့တယ်။ပခြုပ်သည် ကို ဖော်ပြထားတာ မတွေ့ရ ဘူး။ မြန်မာ-အင်္ဂလိပ် အဘိဓာန်ကို လှန်ရှာကြည့်မှသာ ပခြုပ်သည် ဆိုတာ ပြည့်တန်ဆာနဲ့ အတူတူပဲလို့ သိကြ ရတယ်။
ဒီနေ့ခေတ်နဲ့ဆို မဖတ်ဖူး၊မတွေ့ဖူးတိုင်းသာ ပေါရာဏလို့ ရောချကြကြေးဆို မြန်မာဝေါဟာရ အားလုံးနီးပါးလောက်ဟာ ပေါရာဏ ဖြစ်ကုန်ကြတော့မယ့်ကိန်းပါ။စာဖတ်နည်းလာတဲ့ခေတ်မှာ မြန်မာဝေါဟာရ တော်တော်များများဟာလည်း အနက်ခက်၊အသိခက်တဲ့ စကားလုံးတွေအဖြစ် ရောက်ကုန်ကြတယ်။ကောက်ညှင်းပေါင်းရောင်းတဲ့သူတွေ၊နို့ထမင်းရောင်းတဲ့သူတွေ သုံးလေ့ရှိတဲ့ ခံတောင်းဆိုတာကို မသိလို့ ခံတောင်းလေး ရွက်ပြီး၊မုန့် ဟင်းခါး ရောင်းတယ်ဆိုတာကို၊ခါးတောင်းကျိုက်ပြီး မုန့်ဟင်းခါး ရောင်းတယ်လို့ ပြင်ဖို့ လုပ်တဲ့ခေတ်ပါ။တချို့က ပါဠိဘာသာစကားတွေနဲ့ ညှပ်ပြီး ရေးသားကြလို့ အသိခက်၊အဓိပ္ပါယ်နက်နေပေမယ့် မြန်မာစကား စစ်စစ်ကြီးတွေလည်း အသုံးနည်း၊အဖတ်နည်းကြရင် အသိရ မလွယ်တာတွေ ရှိတတ်ပါတယ်။
ဟိုဘက်တလောကလည်း လက်ခုပ်လက်ဝါးသိ သိတယ်ဆိုတဲ့ အရေးအသားမှာ လက်ခုပ်လက်ဝါးဆိုတာ မ သိလို့ ဘာလဲအမေး ရှိခဲ့ဖူးတယ်။အပင့်၊အရစ်အသတ်တွေနဲ့ ပတ်သက်တဲ့ ၁၉၆၆ လောက်က အစည်းအဝေး တစ်ခုရဲ့ သတ်မှတ်ချက်တစ်ခုမှာ-အသတ်လျဉ်းပါးချက်များကို ဆုံးဖြတ်ပြီးသမျှမှ အသုံးမတည့်သည်တို့ကို ချန်၍ ထည့်သွင်းဖော်ပြရန်လို့ ပါပါတယ်။အဲ့ဒီ့ဝါကျထဲက ဝေါဟာရတွေထဲမှာ အနက် မလွယ်၊အသိခက်စေမယ့် ဝေါဟာရကတော့ လျဉ်းပါး ပါပဲ။
တကယ်တော့ လျဉ်းပါးဆိုတာ ပေါရာဏစကားအဖြစ် ပညာရှင်တွေ သတ်မှတ်ထားကြတဲ့ ဝေါဟာရ မဟုတ်ပါဘူး။/လယင်းဗား/လို့အသံထွက်ပြီး ဆက်စပ်သည်။ရောထွေးသည်လို့ အဓိပ္ပါယ်ရှိတဲ့ စကားလုံးပါ။ဒါပေမယ့် ခုခေတ်မှာတော့ လျဉ်းပါးအသုံးဟာ မတွေ့သလောက် ကျဲသွားပြီဖြစ်လို့ သိကြတဲ့သူတွေလည်း နည်းနေလောက်ပါပြီ။ဒီ့ထက် ရိုးရှင်းတဲ့ အယုတ်သဖြင့်၊ဆန၊ စကားဖာ၊အလှိုင်းတကြီးဆိုတဲ့ဝေါဟာရကိုတောင် မမြင်၊မတွေ့ဘူး ကြလို့ ရှင်းပြနေရတဲ့ အနေအထားပါ။
လူတွေက အဖတ်အပြုနည်းလာတော့ အသုံးအနှုန်းတွေကိုလည်း တည့်တည့်မှန်မှန် သိ မလာကြတော့ပါ ဘူး။ရေသည်ပြဇာတ်ပါ ထီးလိုအုပ်၍၊ချုပ်မည့်သူကိုဆိုရင် ထီးဆိုတာကို အဖတ်အမှတ်နည်းကြတော့ နေမိုးလုံအောင် အရိပ်အာဝါသ ပေးတဲ့ထီးနဲ့ လွဲကြတယ်။တကယ်က အဲ့ဒီ့ထီးက ဘုရင်ကို ဆိုလိုတာပါ။ရေသည်မက သူ့ဘဝကို ချုပ်ကိုင်ထိန်းကွပ်မယ့် ဘုရင်တစ်ပါးကို မျှော်လင့်နေတဲ့အကြောင်း နန်းထဲ၊ကြငှန်းထဲမှာ ရယ်စရာ အဖြစ် ဖွဲ့ဆိုလိုက်တာပါ။
၃။
အမှန်က ပေါရာဏစကားဆိုတာ အဲ့ဒီလို လူမသုံး၊လူမသိတော့တဲ့ ဝေါဟာရမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ အထက်တစ်နေရာမှာ ပြောခဲ့သလို ရှေးဟောင်းစကားကိုသာ ဆိုလိုတာပါ။အဲ့ဒီ့ထဲက အချို့ကိုလည်း ယနေ့ ထက်တိုင် သုံးချင်သုံးနေဦးမှာပါ။ဒါပေမယ့် ဒီနေရာမှာ ဘယ်လို ဝေါဟာရမျိုးကို ပေါရာဏအဖြစ် သတ်မှတ်သလဲကတော့ ဝိဝါဒကွဲနေဦးမှာပါပဲ။လက်ရှိ ပြုစုထားတဲ့ မြန်မာအဘိဓာန်မှာတော့ ပေါရာဏနဲ့ ရှေးသုံးဆိုပြီ ခွဲခြားထားတာကို လေ့လာတွေ့ရှိရပါတယ်။
ရှေးကတည်းက သုံးလာပြီး ခုထက်ထိ အသုံးရှိနေသေးတဲ့ စကားလုံးကို ရှေးသုံးလို့ သတ်မှတ်ပြီး၊ရှေးတုန်းက သုံးခဲ့ကြပြီး ခုခေတ်မှာ အသုံး မရှိတော့ရင် ပေါရာဏလို့ သတ်မှတ်သလား။မြန်မာစကားဦး ပေါ်ဦးပေါ်ဖျား အက္ခ ရာတွေနဲ့ရေးပြီး၊နှစ်ထောင်ချီရှိရင် ပေါရာဏလား၊အဲ့ဒီ့ထက် လျော့ရင် ရှေးသုံးလား။မြန်မာအဘိဓာန်ထဲက ဝေါ ဟာရ အချို့ကို ဆင်ခြင်ကြည့်တော့ တစ်လှည့်စီ လို့အနက်ထွက်တဲ့ (အလော်အလဲ)ဲ ဆိုတဲ့ဝေါဟာရကို ရှေး သုံး လို့ သတ်မှတ်ထားတာ တွေ့ရတယ်။ နောင်တပူပန်မှု လို့ အဓိပ္ပါယ်ရှိတဲ့ (အလို့လို့) ကို ပေါရာဏလို့ သတ်မှတ်ထားတယ်။ စာရေးစာချီ ဖြစ်တဲ့ (စချီစမာ)ကို ရှေးသုံး။ စင်စစ်၊ဧကန် လို့ အဓိပ္ပါယ်ဆောင်တဲ့(စတေ) ကို ပေါရာ ဏ အဖြစ်သတ်မှတ်ပါတယ်။
ပြောရရင်တော့ အဲ့ဒီ့ ရှေးသုံးကော၊ပေါရာဏကောဖြစ်တဲ့ အလော်အလဲ၊ အလို့လို့၊ စချီစမာ၊ စတေ တွေကို ကျနော် တစ်ခါမှ မသုံးဖူးသလို၊ယနေ့ခေတ် အရေးအသားတွေထဲမှာလည်း တစ်ရံတစ်ဆစ်မျှတောင် မဖတ်ဖူးပါ ဘူး။ဒါပေမယ့် ကျနော် မတွေ့ဖူးရုံ၊ကျနော် မရေးဖူးရုံ သက်သက်နဲ့တော့ ပေါရာဏနဲ့ရှေးသုံးအပေါ် ကောက်ချက် မချနိုင်ပါဘူး။ရှေးဆရာကြီးအချို့ကတော့ ပေါရာဏစကားဖြစ်ဖို့၊ ဂ-ဃ-ဇ-ဈ-ဒ-ဓ-ဗ-ဘ-ဋ-ဌ-ဍ-ဎ-ဏ-ဠ ဆိုတဲ့ ဗျည်းအက္ခရာ ၁၄ လုံးနဲ့ လွတ်ကင်းရမယ်လို့ဆိုပါတယ်။ဘာ့ကြောင့်လည်းဆိုတော့မြန်မာစကားကို စာ အရေး အသားဖြစ်အောင် စခဲ့ကြတုန်းက အဲ့ဒီ့ဗျည်း ၁၄ လုံး မပါဝင်ခဲ့ကြသေးပါဘူး။အဲ့ဒီ့ ၁၄ လုံးက ပါဠ၊သက္က တနဲ့ ဘာသာခြားစကားတွေကို ရေးသားမှသာ အသုံးပြုခဲ့ကြတယ်လို့ဆိုပါတယ်။
ဒါကြောင့် မြန်မာစာ အရုဏ်ဦးတုန်းက ဗျည်းအက္ခရာဆိုတာက ခုလောက်စုံစေ့တာ မဟုတ်ပါဘူး။မြန်မာဗျည်း အက္ခရာကို ၁၉ လုံးနဲ့ ဟိုး-လွန်ခဲ့တဲ့ နှစ်ထောင်ချီကတည်းက စတင်ခဲ့ကြတာပါ။အဲ့ဒီ့ ၁၉ လုံးကတော့ က-ခ-င-စ-ဆ-ည-တ-ထ-န-ပ-ဖ-မ-ယ-ရ-လ-ဝ-သ-ဟ-အံ တွေပါ။ဒီဘက်ခေတ် သုတေသနအရတော့ အံ မပါဘဲ ၁၈ လုံးကို သာ မြန်မာစကားစစ်စစ်အတွက် အသုံးပြုခဲ့ကြတယ်လို့ဆိုပါတယ်။(ဒါပေမယ့် ဝေါဟာရတ္ထပကာ သနီ ကျမ်းမှာ တော့ က-ခ- င-စ-ဆ-ည-တ-ထ-န-ပ-ဖ-မ ဆိုတဲ့ ၁၂ လုံးကိုပဲ ပေါ်ဦးပေါ်ပေါ်ဖျားဗျည်း အက္ခရာတွေ အဖြစ် ပြထားပါတယ်။)
ဗျည်း ၁၄ လုံးကတော့ အသုံး သိပ်မရှိသေး ပါဘူးတဲ့။ဒါကြောင့် ဗျည်း ၁၄ လုံး ပါဝင်တဲ့ ဝေါဟာရတွေဟာ နှစ်ပေါင်း ထောင်ချီ မရှိလို့ပေါရာဏ မဖြစ်နိုင်ဘူး။
၄။
ဒါကြောင့် ပေါရာဏစကားကို သတ်မှတ်ရာမှာ အထက်မှာရေးပြခဲ့တဲ့ အက္ခရာ ၁၄ လုံးနဲ့ ကင်းရမယ်။နှစ်အရေအတွက်အရလည်း ထောင်ချီ ရှိရမယ်။ဒါဆို အဲ့ဒီ့ဝေါဟာရမျိုးကို ပေါ ရာဏစကားအဖြစ် သတ်မှတ်ပါတယ်။ လက်ရှိအချိန်မှာ သုံးစွဲသေးတယ်၊မသုံးစွဲဘူးကတော့ ခေတ်လူတွေနဲ့ ပဲ သက်ဆိုင်လိမ့်မယ် ထင်ပါတယ်။မြန်မာအဘိဓာန်အနေနဲ့တော့ ဘယ်လိုမူ၊ဘယ်လိုထုံးကို အသုံး ပြု လို့ ပေါရာဏစကား အဖြစ်ခွဲခြားတယ်ဆိုတာ မသိပါဘူး။
မှော်ဘီဆရာသိန်းကြီးရဲ့ ပေါရာဏဒီပနီပေါင်းချုပ်မှာ ပြုစုထားတဲ့ ပေါရာဏတွေထဲက ဝေါဟာရတော်တော် များများကတော့ ယနေ့ခေတ်အထိ အသုံးတွင်နေဆဲဖြစ်တာကို တွေ့နေရပါသေးတယ်။အဲ့ဒီ့ထဲက တော်တော်လေး အသုံးတွင်ကျယ်တဲ့ ဝေါဟာရတွေအဖြစ် အလားအလာ၊အဆောက်အဦ၊အဖြာဖြာ၊အိမ်သူ၊ဥဿုံ၊ ကစဥ့် ကလျား၊ကြက်သရေ၊ကြိမ်း၊စေ့ဆော်၊စောကြော၊ ဆန၊ဆဝါး၊ဆောင်းပါး၊ဇနီး၊တကာ၊တစိုးတစိ၊တစေ့စေ့၊တော်လှန်၊ တွေး တော၊တက်၊တံပိုး၊တံလှပ်၊တန်ဆောင်၊ထူး၊ထောမနာ၊ ထွားကျိုင်း၊ဒွိဟ၊ဓလေ့၊နှမြှော၊နှစ်ထောင်း၊ နှုန်း၊ပလီပလာ၊ ပလုပ်ပလောင်း၊ပုရစ်၊ပုတ်၊ပျော်ပါး၊ပြူတင်း၊ဖက်လဲတကင်း၊ဖြားယောင်း၊ဘနန်း၊မဆွ၊မငြီးမငွေ့၊ မာယာ၊မျက်နှာ မြင်၊မီးဖွား၊မီးနေ၊မူးမူး၊မဲ့၊မျောက်မ၊ုတ်သုန်၊မောင်နှံ၊မများမြောင်၊မတောက်တခေါက်၊မရေမရာ၊ ယခင့်ယခင်၊ယာယီ၊ယဉ်၊ရမ္မက်၊ရိပ်မြုံ၊ရောင်းရင်း၊ရုတ်ခြည်း၊လဟာ၊လူပြိန်း၊လျစ်လျူ၊ဝါသနာ၊ဝေါဟာရ၊ဝန်းကျင်၊ ဝေ့၊ဝှေ့၊သမုတ်၊ သမိုင်း၊ သူစိမ်း၊သက်လျာ၊သိုက်မြုံ၊သောင်းသောင်း၊စတာတွေကို တွေ့ရပါတယ်။
ဒီဝေါဟာရတွေဟာ ယနေ့ထက်ထိ အသုံးပြုနေကြဆဲဖြစ်တဲ့ မှော်ဘီဆရာသိန်းကြီးသတ်မှတ်တဲ့ ပေါရာဏတွေပါ။အဲ့ဒီလို ဖြစ်ရတာက ဘာ့ကြောင့်လဲဆိုတော့ မှော်ဘီဆရာသိန်းကြီးက ရှေးလူဟောင်းတွေက စပြီး ယခု ထက်တိုင် အစဉ်မပြတ် ခေါ်ဝေါ်သုံးစွဲနေကြတဲ့ မြန်မာဝေါဟာရစကားတွေကို ပေါရာဏစကားအဖြစ် သတ်မှတ်ခဲ့လို့ပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ခုလိုအဖတ်အပြုနည်းလာတဲ့ခေတ်မျိုးမှာတော့ ပေါရာဏဆိုတာကိုလည်း ဘယ်လို သတ်မှတ်ကြ မလဲဆိုတာ ပြန်လည်စဉ်းစားဖို့လိုလာပြန်ပါပြီ။
ကျော်ထင် ---[[အသုံးပြုသူ:ကျော်ထင်|ကျော်ထင်]] ([[အသုံးပြုသူ ဆွေးနွေးချက်:ကျော်ထင်|ဆွေးနွေး]]) ၁၂:၁၅၊ ၁၄ မေ ၂၀၂၀ (UTC)