ပလက်ဝမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
ဖြည့်စွပ်
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၃၆ -
 
== လူမှုပထဝီဝင် ==
ပလက်ဝမြို့သည် ၂ စတုရန်းမိုင်ခန့် ကျယ်၍ မြို့အနေအထားသည် ကျဉ်းမြောင်းသော တောင်ကြားတွင် ခပ်လျားလျား တည်ရှိနေသည်။ မြို့ပတ်ဝန်းကျင်တွင် ကြီးမားထင်ရှားသောတောင်များဟူ၍ မရှိပေ။ [[မြန်မာနိုင်ငံ]] လွတ်လပ်ရေး မရမီက ယင်းမြို့ကို [[ရခိုင်ပြည်နယ်]]၌ ထည့်သွင်းကာ အရေးပိုင်ရုံးစိုက်မြို့အဖြစ် ထားရှိသည်။ လွတ်လပ်ရေး ရရှိပြီးနောက်တွင်မူ ပလက်ဝမြို့ကို ချင်းပြည်နယ်အတွင်းသို့ သွတ်သွင်းလိုက်၍ နယ်ပိုင်ရုံးစိုက်မြို့ ဖြစ်လာသည်။ သို့ရာတွင် တည်နေရာကောင်း၍ အဆက်အသွယ် လွယ်ကူသောမြို့ ဖြစ်သဖြင့် ပလက်ဝမြို့နယ်ကို သီးသန့်ခရိုင်အဖြစ် သတ်မှတ်ကာ [[ခရိုင်ဝန်ရုံးစိုက်မြို့]] အဖြစ် ပြုလုပ်ရန် အစီအစဉ်များ ရှိလေသည်။ ၂၀၁၄ ခုနှစ် [[သန်းခေါင်စာရင်း]]အရ ပလက်ဝမြို့နယ် တစ်ခုလုံး၏ လူဦးရေသည် ၆၄,၉၇၁ ယောက် ရှိ၍ မြို့ပေါ်တွင် လူ ၆,၃၇၄ ခန့်နေထိုင်သည်။ [[ခူမီးလူမျိုး|ခူမီးချင်းလူမျိုး]] အများဆုံး ဖြစ်၍ ကျန်လူမျိုးများမှာ [[ရခိုင်လူမျိုး]]၊ [[ခေါင်စိုလူမျိုး|ခေါင်စို]] နှင့်[[အိန္ဒိယလူမျိုး]]များ ဖြစ်သည်။ အများအားဖြင့် [[ဗုဒ္ဓအယူဝါဒ]] သက်ဝင် ယုံကြည်ကြ၍ [[ခရစ်ယာန်]] နှင့် [[အစ္စလာမ်]] အယူဝါဒီ အနည်းအကျဉ်း ရှိသည်။ ခမီးချင်းတို့သည် မိမိတို့ ကိုယ်တိုင် ရက်လုပ်သော အဝတ်အထည်များကိုသာ ဝတ်ဆင်လေ့ ရှိသည်။
ခေါင်စိုလူမျိုးနွယ်စုများကိုပလက်ဝမြို့နယ်၊ပလက်ချောင်းတစ်လျှောက်၊ ဆမီးမြို့မီးချောင်းတွင်တွေ့ရပါသည်။