အင်္ဂလီကန်အသင်းတော်: တည်းဖြတ်မှု မူကွဲများ

ပြင်ဆင်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
အရေးမကြီး removing unrelated content
စာကြောင်း ၁ -
အသင်းတော်
Church
 
အသင်းတော်သည်မြင်နိုင်သောဆောက်အအုံမဟုတ်၊ အသင်းတော်သည်ဂရိစကားလုံ(Ekklesia )အင်္ဂလိပ်လို (Called Out Assembly) ဖြစ်၍ခေါ်ထုတ်ခြင်းခံသည့်အစုအဝေးကိုအသင်းတော်ဟုခေါ်သည်။
 
အသင်းတော်သည်ခရစ်တော်ယေရှုကိုမိမိ၏ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံပြီး၊ ရေနှစ်ခြင်းမင်္ဂလာခံယူကြသောသူများစုဝေးပြီးခရစ်တော်၏မဟာစေခိုင်းချက်ပြည့်စုံလုပ်ဆောင်သောယုံ​ကြည်သူ
အစုအဝေးဖြစ်ပါသည်။
 
ထိုအသင်းတော်ဒေသန္တရအသင်းတော်၊မြင်နိုင်သောအစုအဝေးပင်ဖြစ်သည်။ ထိုဒေသန္တရ ဓမ္မသစ်အသင်းတော်ကိုခရစ်တော်လောက၌အမှုတော်ဆောင်ရွက်စဥ်စတင်ခဲ့ပါသည်။(ရှင်မသာဲ၁၆:၁၈)။တနည်းအားဖြင့်နှစ်ခြင်းအသင်းတော်ဖြစ်သည်။
The Trail of blood ကိုဖတ်ရှုပါ။
 
ကိုးကား
*ဆရာဦးယိုလိန်း ၏သွန်သင်ချက်မှကောက်နုတ်ပါသည်။
* ဒေါက်တာ J. Carrol ၏ The Trail of the bloodမှကောက်နုတ်သည်။
 
== အစောပိုင်း သမိုင်း ==
အင်္ဂလီကန်အသင်းတော်၏ မူလအစသည် မထင်ရှားလှပေ။ ဘီစီ ၅၅ ခုနှစ် မှ အေဒီ ၄၁ဝ ပြည့်နှစ်များအတွင်း ဗြိတိသျှကျွန်းကို ရောမလူမျိုးများ အုပ်စိုးခဲ့စဉ်က ခရစ်ယာန်အယူဝါဒကို ရောမစစ်သားများကသော်လည်းကောင်း၊ ကုန်သည်များကသော်လည်းကောင်း၊ ယူဆောင်လာခဲ့ရာ ခရစ်နှစ် ၂၅ဝ ပြည့်ခန့်တွင် ခရစ်ယာန်အသင်းတော်သည် ခိုင်မြဲစွာအမြစ်တွယ်နေပြီဖြစ်၍ ခရစ်နှစ် ၃၁၄ ခုနှစ်တွင် ပြင်သစ်ပြည်တောင်ပိုင်း အားလတွင်ကျင်းပသော အသင်းတော် လွှတ်တော်သို့ တက်ရောက်ရန် အင်္ဂလီကန်သာသနာပိုင်များ ဖိတ်ကြားခြင်းခံရသောအကြောင်းက ထိုအချိန်တွင် အင်္ဂလီကန်အသင်းတော်သည် တစ်ခုတည်းသော ကာသိုလစ်([[ရောမကက်သလစ်ဂိုဏ်း|ကက်သလစ်]]) အသင်းတော်ကြီး၏ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း ထင်ရှားစေသည်။ သို့သော် ထိုအချိန်၌ အင်္ဂလီကန်အသင်းတော်သည် သီးခြားလွတ်လပ်သော အသင်းတော်တစ်ခု မဟုတ်သေးချေ။များမကြာမီ ခရစ်ယာန်အယူဝါဒသည် အိုင်ယာလန်၊ စကော့တလန်နှင့် ဝေလပြည်မှစသော ဗြိတိသျှကျွန်း၏ ကျန်ဒေသများသို့ ပြန့်နှံ့ခဲ့သည်။ ရောမစစ်တပ်များကို ရုပ်သိမ်းသွားပြီးသည့်နောက် ခရစ်ယာန် မဟုတ်သူများ ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်က ခရစ်ယာန်များကို ဝေးလံသောအနောက်ဘက်နှင့် တောင်ဘက်ဒေသများသို့ မောင်းထုတ်ခဲ့ရာ ခရစ်ယာန်အနည်းငယ်သာ ကျန်ရှိတော့သည်။ သူတို့သည် ဆင်းရဲနွမ်းပါးခြင်း၏ ဒဏ်ကိုခံရလျက်ပင် အင်္ဂလီကန်အသင်းတော်ကို အသစ်တစ်ဖန် တည်ထောင်ခဲ့ကြသည်။