ချာချီ တင့်ကား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[ဖိုင်:Tanks and Afvs of the British Army 1939-45 KID1265.jpg|thumb|၇၅ မမ အမြောက်တပ်ဆင်ထားသည့် ချာချီ Mark IV တင့်ကား]]
[[ဖိုင်:Churchill Drive wheels.jpg|thumb|ချာချီ Mk. VII တင့်အား၏ လမ်းလျောက်ဘီးနှင့်သံခါးပတ်အား အနီးကပ်မြင်တွေ့ရပုံ]]
ချာချီ တင့်ကား(Churchill tank) ဆိုသည်မှာ ကြီးမားလေးလံသော ခြေလျင်တပ်သုံး ကြည်းတပ်[[တင့်ကား]]တစ်စီးဖြစ်ပြီး [[ဒုတိယကမ္ဘာစစ်]]အတွင်းက အသုံးပြုခဲ့ကြသည်။ ၎င်းတို့၏ ကြီးမား‌ထူထဲသောသံချပ်ကာများ၊ သံခါးပတ်များစွာပါဝင်ပြီး ရှည်လျားကျယ်ပြန့်သော ကိုယ်ထည်၊ မတ်စောင့်သောနေရာများအား တက်ဆင်းနိုင်သောစွမ်းရည်နှင့် အခြားအထူးပြုလုပ်ထားသော စက်ယန္တယားယာဥ်များအားလုံး၏အခြေခံပုံစံဖြစ်ခြင်း စသည်တို့ကြောင့် ထင်ရှားသည်။ စစ်အတွင်းက မဟာမိတ်တပ်များ၏ အလေးလံဆုံး တင်ကားတစ်စင်းဖြစ်ခဲ့သည်။
မူလပထမ ဒီဇိုင်းသည် [[ပထမကမ္ဘာစစ်]]အတွင်းက [[ဥရောပတိုက်]]တွင် တိုက်ပွဲဝင်ခဲ့သည့်အခြေအနေများနှင့်ဆင်တူသည့် အခြေအနေတွင် တိုက်ပွဲဝင်နိုင်ရေးအတွက်မျှော်လင့်ထားပြီး ခက်ခဲကြမ်းတမ်းသော မြေပြင်အား ဖြတ်သန်းနိုင်သည့်စွမ်းရည်ရှိရေး အသားပေးသည့် ဒီဇိုင်းထုပ်လုပ်ရန်အတွက်ဖြစ်သည်။ ဖြစ်ပေါ်လာနိုင်သည့် ဂျာမန်ထိုးစစ်များကို ခုခံရန်အတွက် ဗြိတိသျှခံစစ်အားတည်ဆောက်ရန်အလို့ငှာ ချာချီတင့်ကားများအား အရေးတကြီး တည်ဆောက်ခဲ့ကြသည်။ Churchill ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးမပြုနိုင်ခင် ပထမဆုံးယာဉ်များတွင် အားနည်းချက်များရှိခဲ့သည်။ အမှားများအား ပြင်ဆင်တည်ဆောက်ပြီးသည့်နောက်တွင် ပိုမိုကောင်းမွန်သည့် သံချပ်ကာတပ်ထားသော Mark VII ကို စတင်အသုံးပြုခဲ့သည်။ နောက်ပိုင်းတွင် အဆင့်မြှင့်တင် တည်ဆောက်ရင်း စစ်ပွဲ၏ နောက်ပိုင်းအဆင့်များတွင် ကောင်းမွန်စွာတိုက်ပွဲဝင်နိုင်ခဲ့သည့် တင့်ကားမျိုးကွဲများစွာ တည်ဆောက်နိုင်ခဲ့လေသည်။
 
ချာချီတင့်ကားများအား ဗြိတိသျှစစ်တပ်များနှင့် အခြား ဓနသဟာယ နိုင်ငံများ၏ စစ်တပ်များ၊ မြောက်အာဖရိက၊ အီတလီနှင့် အနောက်ဥရောပစစ်ပွဲများတွင် အသုံးပြုခဲ့ကြသည်။ ထပ်ပေါင်းအနေဖြင့် ဒုတိယကမ္ဘာစစ်အတွက်က ချာချီတင့်ကား ၃၄၄စီး ကို [[ဆိုဗီယက်ပြည်ထောင်စု]]သို့တင်ပို့ပေးခဲ့ရပြီး အစီး‌ရေ ၂၅၀ ကျော်အား ရှေ့တန်းစစ်မျက်နှာများတွင် အသုံးပြုခဲ့ကြလေသည်။
 
==အမည်ပေးခြင်း==
ပထမကမ္ဘာစစ်အတွင်းတွင် တင့်ကားများ၏ ဖွံ့ဖြိုးတိုးတက်ရေးအား ကြိုးပမ်းပေးခဲ့သူ ဗြိတိသျှဝန်ကြီးချုပ် ဝင်စတန်ချာချီ၏အား ရည်စူး၍ ချာချီတင့်ဟုအမည်ပေးထားခြင်းဖြစ်သည်။ ဝန်ကြီးချုပ်ချာချီက စစ်မြေပြင်ဗိုလ်ချုပ်မှုးကြီး ဂျန်စမန့်စ်အား ပြောကြားခဲ့သည်မှာ "မင်းတို့ ဒီတင့်ကားနာမည်ကို ငါ့နာမည်ပေးထားတယ်ဆိုတာ ဒီဟာကြီး လုံးဝမကောင်းဘူးဆိုတာ သိပြီးမှ ပေးတာမှတ်လား"ဟူ၍ ဖြစ်သည်။
ဗြိတိသျှစစ်တပ်၏ အမည်ပေးလုပ်ငန်းတွင် တိုက်စစ်ယာဥ်များ၏အမည်အား စီ စကားလုံးဖြင့် စတင်ပေးရမည့်အလှည့်ကျရောက်နေသည်နှင့်လည်း တိုက်ဆိုင်နေသည့်အချိန်လည်းဖြစ်သည်။
 
==ဗမာပြည် နှင့် အိန္ဒိယ==
ချာချီတင့်တစ်စင်းအား ၁၉၄၅ခုနှစ် ဗမာ့စစ်မြေပြင်တွင် အစမ်းသုံးခဲ့ကြသည်။ တပ်မဟာ ၃ နဂါးအစောင့်တပ်မှ ၁၉၄၅ခုနှစ် ဧပြီလကုန်မှစတင်၍ တလခန့် အသုံးပြုခဲ့သည်။ သို့သော်လည်း တပ်တော်ဝင်ထားသည့် M3 Lee တင့်ကားနှင့်ယှဥ်၍ အနီးကပ် ချီတက်ပွဲများတွင် တူညီနေပြီး ချာချီတင့်အား တိုက်ပွဲအတွင်းအသုံးပြု၍ မရနိုင်ကြောင်းသိရှိခဲ့ရသည်။
 
 
==ကိုးကား==
 
[[ဒုတိယကမ္ဘာစစ်]]
 
[[တင့်ကား]]
 
[[ဥရောပတိုက်]]
 
[[Category:စစ်ရေး]]
[[Category:တင့်ကား]]