ရွှေသမင်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၆ -
| binomial_authority = (M'Clelland, 1842)
}}
[[Image:Shwethamin.jpg | frame | ရွှေသမင်]]
[[Image:Shwethamin.jpg | frame | '''ရွှေသမင်]]ရွှေသမင်သည်'''သည် ခွာစုံနို့တိုက် သတ္တဝါမျိုး ဖြစ်ပြီး မျိုးစဉ် Artiodactyla၊ မျိုးရင်း Cervidae၊ မျိုးစိတ် Cervus eldi ဖြစ်ပြီး မျိုးစိတ်ခွဲ သုံးမျိုးရှိကြောင်း မှတ်တမ်းတင်ထားသည်။ ရွှေသမင်အား ဇီဝဗေဒ ပညာရှင်များမှ Eld's Deer ဟု ခေါ်ဆိုကြသည်။ Eld's Deer အား ၁၈၃၈တွင် ဗြိတိသျှတပ်မတော်အရာရှိ Percy Eld မှ အိန္ဒိယနိုင်ငံ မဏိပူရချိုင့်ဝှမ်းဒေသတွင်မဏိပူရ ချိုင့်ဝှမ်းဒေသတွင် စတင်တွေ့ရှိ မှတ်တမ်းတင်ခဲ့၍ တွေ့ရှိသူအမည်အား အစွဲပြုကာ Eld's Deer ဟု ခေါ်ဆိုခြင်းဖြစ်သည်။
 
အိန္ဒိယ သမင်မျိုးစိတ် Cervus eldi eldi အား အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တွင်သာ တွေ့ရပြီး ယခုအခါ အကောင်ရေ ၂၀၀ ခန့်သာ ကျန်ရှိတော့သည်။ နောင်ရေရှည်တွင် မျိုးသုဉ်းမည့် အန္တရာယ်များစွာဖြင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း သိပ္ပံပညာရှင်များမှ ကြိုတင်ခန့်မှန်း ဟောကိန်း ထုတ်ထားသည်။
 
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ဟိုင်နန်ကျွန်းတို့၌ တွေ့ရှိရသော သမင်မျိုးစိတ်ကွဲများမှာ Cervus eldi siamensis ဖြစ်ပြီး စုစုပေါင်း ၁၀ ကောင်မှ အကောင် ၃၀ အထိသာ ရှိနိုင်တော့ကြောင်း ခန့်မှန်းထားပြီး မျိုးသုဉ်းပျောက်ကွယ်ခြင်းမှ ကာကွယ်နိုင်ရန် နိုင်ငံတော်အဆင့် စီမံကိန်းများချမှတ်၍ ဆောင်ရွက်လျှက်ရှိသည်။
 
 
----
 
== မြန်မာ့ရွှေသမင် ==
 
အရွယ်အစား၊ ဦးချိုပုံသဏ္ဌာန်၊ ရာသီအလိုက်ပြောင်းလဲသည့် အမွှေးအရောင်ပေါ်မူတည်ပြီး သမင်မျိုးကွဲပြားသည်ဟု ထင်ကြသည်။ သို့သော် မြန်မာနိုင်ငံတွင် တွေ့ရှိသော သမင်အားလုံးသည် ရွှေသမင် မျိုးစိတ်များသာ ဖြစ်သည်။ မြန်မာ့ ရွှေသမင်မျိုးစိတ်အား သိပ္ပံအမည် Cervus eldi thamin ဟု ခေါ်ဆိုပြီး သိပ္ပံအမည်တွင်ပင် မြန်မာအခေါ် thamin ဟုပါရှိကာ မြန်မာနိုင်ငံ၏ ဒေသရင်း မျိုးစိတ်ဖြစ်ကြောင်း ဖော်ညွှန်းထားပြီး ဖြစ်သည်။ ယခင်က မြန်မာနိုင်ငံ၏ မြို့နယ် ၂၃ မြို့နယ်တွင် တွေ့ရှိကြောင်း မှတ်တမ်းများအရ သိရသော်လည်း ၁၉၉၇ ခုနှစ်နှင့် ၂၀၀၃ ခုနှစ်တို့၌ သစ်တောဦးစီးဌာနမှ ကွင်းဆင်း စာရင်းကောက်ယူမှုများ ပြုလုပ်ခဲ့ရာ ယခုအခါတွင် မြို့နယ်ရှစ်မြို့နယ်၌သာ တွေ့ရှိရတော့သည်။