အာရပ်ဘာသာစကား: တည်းဖြတ်မှု မူကွဲများ

စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
အရေးမကြီး restoration of facts 103.42.216.233 (ဆွေးနွေး) ၏ တည်းဖြတ်မူ 515623 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၈ -
အလယ်ခေတ်တွင် စာပေ အာရပ် စကားသည် ဥရောပ ယဉ်ကျေးမှု ၏ အဓိက မောင်းနှင်အား တစ်ရပ် ဖြစ်ပြီး၊ အထူးသဖြင့် သိပ္ပံ၊ သင်္ချာနှင့် ဒဿနိကဗေဒ တို့တွင် ဖြစ်သည်။ ထို့သို့ဖြင့် ဥရောပ ဘာသာစကား များစွာသည် အာရပ် စကားလုံး များကို မွေးစား သုံးစွဲလာကြသည်။ ပထမအားဖြင့် စပိန် စကားနှင့် ဒုတိယ အားဖြင့် ပေါ်တူဂီ၊ ဗလန်ရှန် (Valencian) နှင့် ကာတလန် (Catalan) စကားတို့တွင် တွေ့မြင်နိုင်သည်။ ထို ဘာသာစကားများ ပြောဆိုရာ ဒေသ အိုင်ဘေးရီးယန်း (Iberian) ကျွန်းစွယ် သည် ခရစ်ယာန် ဥရောပနှင့် မူစလင် အာရပ် ယဉ်ကျေးမှုတို့၏ ပေါင်းဆုံရာ၌ တည်ရှိပြီး၊ အာရပ် ယဉ်ကျေးမှု နှင့် ဘာသာစကား တို့၏ လွှမ်းမိုးမှု အောက်တွင် နှစ် ၈၀၀ ကျော် တည်ရှိခဲ့သောကြောင့် ဖြစ်သည်။ ဆီစီလီ (Sicily) ကျွန်းတွင်လည်း ၉ ရာစု အလယ်မှ ၁၀ ရာစု အလယ်ထိ မြောက် အာဖရိကမှ အာရပ်တို့ သိမ်းပိုက် လွှမ်းမိုးခဲ့သောကြောင့် ဆီစီလီယန် (Sicilian) စကားတွင်လည်း အာရပ် မွေးစား စကားလုံး ၅၀၀ ခန့် တွေ့မြင်နိုင်သည်။ မွေးစား စကားလုံး အများစုသည် လယ်ယာ စိုက်ပျိုးရေးနှင့် ပတ်သက် ဆက်နွယ်နေသော စကားလုံးများ ဖြစ်သည်။ ဂရိ နှင့် ဘူလ်ဂေးရီးယန်း (Bulgarian) တို့ အပါအဝင် ဘော်လ်ကန် (Balkan) စကားများသည်လည်း အော်တိုမန် တူရကီ (Ottoman Turkish) စကားမှ တစ်ဆင့် အာရပ် စကားလုံး အမြောက်အများကို မွေးစား အသုံးပြုခဲ့ကြသည်။
 
အာရပ် စကားသည် ၎င်း၏ သမိုင်း တစ်လျှောက်တွင် ကမ္ဘာ အနှံ့မှ ဘာသာစကား များ အပေါ်တွင် လွှမ်းမိုးမှု ရှိခဲ့သည်။ အထူးသဖြင့် ပါရှန် (Persian)၊ တူရကီ (Turkish)၊ စပိန်၊ အူရဒူ (Urdu)၊ ကတ်ရှ်မီးယား (Kashmiri)၊ ကာဒ် (Kurdish)၊ ဘော့စနီးယား (Bosnian)၊ ကာဇက် (Kazakh)၊ ဘင်္ဂါလီ၊ ဟိန္ဒီ၊ မလေး၊ မော်လ်ဒိုက် (Maldivian)၊ အင်ဒိုနီးရှား၊ ပထန် (Pashto)၊ ပန်ချာပီ၊ ဖိလစ်ပိုင် (Tagalog)၊ ဆင်ဒီ(Sindhi)၊ ဟော်စာ (Hausa) နှင့် အာဖရိက ဘာသာစကား အချို့တို့ အပေါ်တွင် ဖြစ်သည်။ အပြန်အလှန် အားဖြင့် အာရပ် စကားသည် အခြား ဘာသာစကားများမှ စကားလုံးများကိုလည်း မွေးစား သုံးစွဲ ခဲ့သည်။ အထူးသဖြင့် အလယ်ခေတ်တွင် ဂရိနှင့် ပါရှန် စကားလုံးများ၊ ယနေ့ခေတ်တွင် အင်္ဂလိပ်နှင့် ပြင်သစ် စကားလုံးများမှ ဖြစ်သည်။
 
ဂန္ထဝင် အာရပ် စကားသည် မူစလင် သန်း ၁၈၀၀ တို့၏ ဘာသာရေး စာပေ ဖြစ်ပြီး၊ ခေတ်သစ် စံပြု အာရပ် စကားသည် ကုလသမဂ္ဂ၏ ရုံးသုံး ဘာသာစကား ၆ခု ထဲတွင် ပါဝင်သည်။ မျိုးကွဲ အာရပ်စကားများ စုပေါင်း၍ ပြောဆိုသုံးစွဲသူ အရေအတွက် သည် အာရပ် ကမ္ဘာတွင် (၄၂၂) သန်း ရှိပြီး၊ ကမ္ဘာ့ ပဉ္စမမြောက် လူသုံးအများဆုံး ဘာသာစကား ဖြစ်သည်။ အာရပ် စကားကို ယာမှ ဝဲသို့ အတ်ဘ်ဂျတ်ဒ် (abjad) ရေးထုံး (script) တစ်ခုဖြစ်သော အာရပ်အက္ခရာ ဖြင့် ရေးသားသည်။ မျိုးကွဲ စကားများကို ရေးထုံး စံသတ်မှတ်ထားခြင်း မရှိပဲ ဝဲမှ ယာသို့ လက်တင် (Latin) အက္ခရာဖြင့် ရေးသည်။