အနန္တသူရိယ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-၀ိ +ဝိ)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁၂ -
မင်းထိန်းမင်းယ အထိန်းတော်သားတစ်ဦးသာ ဖြစ်ချေမည်။ သက္ကရာဇ် ၅၃၂ ခုနှစ်တွင် ငယ်ရွယ်စဉ်အခါမှ အနန္တသူရိယ အမတ် ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသော မင်းယဉ်နရသိင်္ခ နန်း
တက်တော်မူလေသည်။ နန်းတက်တော်မူသောအခါ ညီတော် နရပတိစည်သူကို အိမ်ရှေ့ ပေးသနား၏။ သို့ရာတွင် သက္ကရာဇ် ၅၃၅ ခုနှစ်တွင် မင်းယဉ်နရသိင်္ခသည် ညီတော် [[နရပတိစည်သူ]] ၏ အိမ်ရှေ့မိဖုရား [[ဝေဠုဝတီမိဖုရား|ဝေဠုဝတီ]]ကို လှည့်ဖြားသိမ်းပိုက်တော်မူသဖြင့် ထိုနှစ်အတွင်းမှာပင် ညီတော်က ပုန်ကန် သတ်ဖြတ်၍ နန်းတက်တော်မူလေသည်။ ထိုနောက် နောင်တော်မင်းယဉ်
နရသိင်္ခအား ငယ်ရွယ်စဉ်အခါမှစ၍ အစစအရာရာတွင် သွန်သင်ပြသ ဆုံးမပဲ့ပြင်ဖူးသော အထိန်းတော်သား အနန္တသူရိယအမတ်ကိုလည်း ဖမ်း၍ သတ်လေဟု သူသတ်တို့အား အပ်လေ၏။သုဿာန်သို့အနန္တသူရိယအမတ်ကြီးရောက်လေသော်ဆယ်နှစ်ခန့်အတောအတွင်းမှာပင်ဖြစ်ပျက်ခဲ့သည်ကိုအမတ်ကြီးတဖြည်းဖြည်းမြင်လာမိသည်။ ဦးစွာမိမိအရေးနှင့်ပတ်သက်၍ မင်းရှင်စောအားမြို့မှနှင်ထုတ်လိုက်သည်ကိုမြင်မိသည်။ နောက်မင်းရှင်စောမရှိ၍ပြည်ထဲအမှုစီရင်၊ကွပ်ညှပ်စေရန်သားတော်အလတ်ဖြစ်သောနရသူကိုခမည်းတော်အလောင်းစည်သူမင်း ကြီးက လွှဲအပ်၊ ခန့်ထားကြောင်းအလောင်း စည်သူမင်းကြီးသည်းထန်စွာနာတော်မူခိုက် အဝတ်ပုဆိုးတို့ဖြင့်ဖိ၍ သတ်ပြန်သည်ကိုမြင်လိုက်သည်။ ပြီးမှနောင်တော်မင်းရှင်စောကို အဆိပ်ကျွေးသတ်မှုမြင်လာပြန်သည်။ ထိုနရသူမင်းပင်လျှင်လည်း ကုလားရှစ်ယောက်တို့လက်ချက်ဖြင့် အသက်ဆုံးရသည့်ကိုပြေး၍ မြင်ပြန်သည်။
နရသိင်္ခအား ငယ်ရွယ်စဉ်အခါမှစ၍ အစစအရာရာတွင် သွန်သင်ပြသ ဆုံးမပဲ့ပြင်ဖူးသော အထိန်းတော်သား အနန္တသူရိယအမတ်ကိုလည်း ဖမ်း၍ သတ်လေဟု သူသတ်တို့အား အပ်လေ၏။အမတ်လည်း သတ်အံ့ဆဲဆဲတွင် ရဲရင့်တည်ကြည်သော နှလုံးရှိသည်ဖြစ်၍ မည်သို့မျှ တုန်လှုပ်ထိတ်လန့်ခြင်း မရှိပဲ မသေမီ အမျက်ဖြေလင်္ကာလေးပိုဒ်ကို အေးဆေးတည်ငြိမ်စပ်ဆို၍ မင်းကြီးအား ဆက်ပါဟု အပ်ခဲ့၏။
 
ထို့ကြောင့်လည်း ကုလားကျမင်း ဟူ၍ ပြည်သူတို့ပြောစမှတ်ပြုလျက်ရှိခြင်းကို ကြားသယောင်ယောင်ပင်ရှိလိုက်သည်။ ထို့ နောက်မိမိ၏အရှင်သခင်ဖြစ်သော မင်းယဉ်နရသိင်္ခနန်းတက်တော်မူပြီးမှ များမကြာမီကပင် ညီတော်နရပတီစည်သူ၏ အိမ်ရှေ့မိဘုရား ဝေဠုဝတီကို သိမ်းပိုက်မှုကြောင့် ညီတော်၏် အလုပ်ကြံခံရရှာပုံကို ထင်မြင်မိလာသည်။ ယခုလည်းမင်းယဉ်နရသိင်္ခ၏ ကျွန်ရင်းအထိန်း တော်သားဖြစ်သော မိမိအားသတ်လေဦးတော့မည်။ သို့ရာတွင်မိမိမှာမကြောက်၊ ဤမျှလောက်သောဓမ္မတာသဘောတရား သင်္ခါအဖြစ်အ ပျက်များကို ထင်ရှားမျက်မြင်ပင် တွေ့ကြုံဆုံဆည်းခဲ့ရသည့် မိမိသူရိယအနန္တအမတ်သည် တုန်လှုပ်ထိတ်လန့်ခြင်းဖြစ်နိုင်ရအံ့လော၊ မဖြစ် နိုင်။ ထို့ကြောင့်ရဲရင့်တည်ကြည်သောစိတ်ထားနှင့် တရားပြည့်ဝစွာပင်လျှင် သူတယောက်တည်း၊ ကောင်းဘို့ရောက်မူ အစရှိသောအမျက် ဖြေလင်္ကာလေးပိုဒ်ကိုလည်း သတ်အံ့ဆဲဆဲတွင် ရဲရင့်တည်ကြည်သော နှလုံးရှိသည်ဖြစ်၍ မည်သို့မျှ တုန်လှုပ်ထိတ်လန့်ခြင်း မရှိပဲ မသေမီ အမျက်ဖြေလင်္ကာလေးပိုဒ်ကို အေးဆေးတည်ငြိမ်စပ်ဆို၍ မင်းကြီးအား ဆက်ပါဟု အပ်ခဲ့၏။
 
သူသတ်တို့လည်း သတ်ပြီးမှ စာကို ဆက်၏။ လင်္ကာလေးပိုဒ်ကား
Line ၂၃ ⟶ ၂၅:
</blockquote>
၄၊ ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏၊ ခိုက်ကြုံ ဝိပါက်၊ သံသာစက်၌၊ ကြိုက်လတ်တွန်မူ၊ တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည့်။
<blockquote>[အချို့မူမှာ – ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံမှ၊ ကြိုက်ကြုံဝိပါက်၊ သံသာစက်၌၊ တုံ့ဖက်မလို၊ အရှင်ကိုလည်း၊ ကြည်ညိုမဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည်အနိစ္စာ၊ ငါ့ကြမ္မာတည်း။ ဘုံကျော်မူပေစာမှာ - ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ မန်ခဲ့တုံလျက်၊ သံသာစက်၌၊ တုံ့ဖက်မလို၊ စိတ်မြဲးသို၀်၍၊ ကြည်ညိုလွတ်ပြန်၊ သခင်မွန်အား၊ အကျွန်စင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသားအနိစ္စာ၊ သေမြဲရာသည်၊ ကိုယ်ခန္ဓာတည်း။ ဟူ၍တိုတိုသာရှိသည်။] </blockquote>ဤစာလေးပိုဒ်ကို ဖတ်စေ၍ ကြားတော်မူလျှင် လွှတ်လေဟု မိန့်တော်မူ၏။ သူသတ်တို့လည်း လွန်ခဲ့ပြီဟု နားတော် လျှောက်၏။ မင်းကြီးလည်း နင်တို့မသတ်ခင်က ဤစာကို ဆက်ကောင်းလျက် သတ်ပြီးမှ ဆက်သည်ဟူ၍ သူသတ်တို့ကို မျက်ပြန်လေ၏။ မင်းကြီးလည်း စာကို ကြားတော်မူသည်ကပင် တအောက်မေ့မေ့ တရှိုက်မက်မက် နောင်တကြီးစွာဖြစ်တော်မူ၏။ ထိုမှစ၍ အမျက်တော်ကို ချုပ်ရုပ်ဆည်းတားတော်မူ၏။ နောက်နောင် ငါအမျက်တော်ရှိ၍ သတ်လေဟု အမိန့်တော်ရှိ သော်လည်း တစ်လ ငါးသီတင်းထား၍ စစ်ကြောဘိ၊ သေတန်မှ သေစေ၊ မသေတန်သသူကို လွတ်စေဟူ၍ မင်းဆွေစိုးမျိုး ဖြစ်သော မဟာသမန်းကို အမိန့်တော်ရှိလေသည်။အမိန့်တော်ရှိလေသည်ဟူ၍ဦးကုလားမဟာရာဇဝင်ကြီးပထမအုပ် <ref>မြန်မာ့စွယ်စုံကျမ်း၊စာမျက်နှာ-၉၃ အတွဲ(၁၄)</ref>ပါရှိသည်။
 
မဟာရာဇဝင်ကြီးတွင်ပါရှိသောဤစကားရပ်များအရအထက်ပါလင်္ကာလေးပိုဒ်၏အရှိန်အဝါနှင့်အကျိုးသက်ရောက်မှုကိုသိမြင်နိုင်ပေသည်။မိမိအားအိမ်ရှေ့အရာပေး၍သူကောင်းပြုခဲ့သောနောင်တော်ရင်းကိုအသေသတ်ခဲ့သည့်မင်း၊မိမိနန်းရရေးအတွက်နောင်တော်အားသတ်ပေးခဲ့သည့်တကယ့်ကျေးဇူးရှင်အမတ်အောင်စွာငယ်ကိုလည်းကွက်မျက်ခဲ့သည့်မင်း၊မဆီမဆိုင်အထိန်းတော်သားဖြစ်သူအနန္တသူရိယကိုသတ်စေသည့်ဘုရင်နရပတိစည်သူကိုတအောက်မေ့မေ့တရှိုက်မက်မက်ဖြစ်စေခဲ့သည့်ဤလင်္ကာကိုတချို့က“မျက်ဖြေလင်္ကာ“ ဟုခေါ်ကြသည်။ကျွန်ုပ်ကားတော်လှန်ရေးလင်္ကာကဗျာအဖြစ်မြင်မိသည်။အဘယ့်ကြောင့်ဆိုသော်မလိုလျှင်မလိုသလိုပြုတတ်သော၊ဥပဒေဟူသည်သူတို့၏ပါးစပ်ထဲတွင်သာတည်သောအာဏာရှင်ပဒေသရာဇ်စနစ်၏စက်ဆုပ်ရွံရှာဖွယ်ကောင်းသောအချက်ကိုရှုတ်ချ၍ ယင်း စနစ်ကိုကျင့်သုံးသောမင်း၏ စိတ်ဓါတ်ကိုပြောင်းလဲသွားစေရန်တော်လှန်ဆုံးမခဲ့သောကြောင့်ပင်တည်း။
 
ထို့ပြင်လောကတွင်ရန်ကိုခုခံဖို့၊တွန်းလှန်ဖို့ ၊နှိပ်စက်ညှဉ်းပမ်းဖို့၊သတ်ဖြတ်ဖို့အလုပ်များသည် စင်စစ်ခဲယဉ်းလှသည် မ ဟုတ် ပေ။ မိမိအာဏာရှိစဉ်၊ဘုန်းရောင်တောက်ပစဉ်လူသားတိုင်းပြုနေကျဖြစ်သောပြုရဲသော အလုပ်များ သာဖြစ်သည်။ရန်သူပင်ဖြစ်လင့်ကစားသည်းခံနိုင်ဖို့၊ခွင့်လွှတ်နိုင်ဖို့ဆိုသည်မှာအလွန်တရာခဲယဉ်း၍သူတကာပြုနိုင်ခဲသောကိစ္စဖြစ်သည်။
 
ဤလောက၌ကိုယ့်အလှည့်ကျလျှင်နွဲ့တတ်ကြသူတွေများလှပေသည်။အမတ်ကြီးအနန္တသူရိယကားပုထုဇဉ်လူသားတို့ထားရှိရိုး စိတ်ဓါတ်ကိုတော်လှန်ရုံသာမကရန်သူကိုပင်ခွင့်လွှတ်လိုက်ခြင်းဖြင့်လူသားတိုင်းတော်လှန်နိုင်ခဲသောအမှုကိုပြုခဲ့လေသည်။ထို့ကြောင့် လည်းအနန ္တသူရိယအမတ်ကြီး၏ ဤအလင်္ကာလေးပိုဒ်သည်ယနေ့တိုင်အောင်ထင်ရှားလျက်ရှိနေသည်မဟုတ်ပါလော။
 
အမှန်စင်စစ်နရသီဟပတေ့စည်သူမင်းသည် စိတ်နှလုံးအထူးခက်ထန်လှသည်။ နောင်တော်၏ဥပါယ်တံမျဉ်ကြောင့် ငဆောင်ချမ်းသို့စစ် ထွက်ရပြီးနောက် နောင်တော်၏ကောက်ကျစ်သောအကြံကိုသိရသည်မှအစ ပထမအကြိမ်မြင်းခံငပြည့်ကိုကွပ်မျက်သည်။ ဒုတိယအကြိမ် နောင်တော်ကိုလုပ်ကြံသည်။ တတိယအကြိမ်အောင်စွာငယ်ကိုသတ်လေသည်။ စတုတ္ထအကြိမ်အနန္တသူရိယကိုစီရင်သည်။ ပဉ္စမအကြိမ်အနန္တ သူရိယကိုစီရင်သည့် အာဏာသားတို့အား အမတ်ကြီး၏စာအလင်္ကာကို မသတ်ခင်ကဆက်ကောင်းလျက်၊ သတ်ပြီးမှဆက်ရသလောဟု ဆိုကာ သုတ်သင်သည်။ ဤသို့လျှင်အချိန်ကာလာအနည်းအငယ်အတွင်း အကွပ်အမျက်အစီအရင် များပြားလွန်းလှသောနရပတိစည်သူမင်းကြီး၏စိတ်ရိုင်းစိတ်ကြမ်းကိုပင်ပျော့ပြောင်းသွားလောက်အောင် ပြုပြင်ပေးနိုင်စွမ်းသော အရာသည်ကား အနန္တသူရိယ၏စာအလင်္ကာပင်ဖြစ် တော့သည်။ မင်းကြီးသည်စာအလင်္ကာကိုဖတ်ရှုတော်မူရသည့်အချိန်မှစ၍ တအောက်မေ့မေ့ တရှိုက်မက်မက်ဖြစ်ကာ အမျက်ကိုလည်း ချုပ်ရုပ်၊ ဆည်းတားတော်မူသည့်ပြင် နောက်နောင်ငါအမျက်တော်ရှိ၍ သတ်လေဟုအမိန့်ရှိသော်လည်း တစ်လ၊ ငါးသီတင်းထား၍စစ် ကြောဘိ၊ သေစေတန်မှသေစေ။ မသေတန်သူကိုလွတ်စေ ဟူ၍ပင် အမိန့်တော်ချမှတ်ရှာလေသည်။
 
ထို့နောက်လည်း ကန်ချောင်း၊ ဆည်မြောင်းပြုပြင်ခြင်း၊ စေတီပုထိုးတည်ထားခြင်း၊ သိန်းဃို(သီရိလင်္ကာ)မှရောက်လာသည့် ဆပဋထေရ်အ မှူးရှိသောသံဃာငါးပါးနှင့်တကွ ပံ့သထူထေရ်အစရှိသည့်တို့အား ဆည်းကပ်ခြင်းအမှုတို့ကိုဆက်လက်ပြုတော်မူဘိသည်။ ဤကားအနန္တ သူရိယအမတ်ကြီးသေအံ့မူးမူးတွင်ရေးသားခဲ့သောအမျက်ဖြေလင်္ကာ၏ကျေးဇူးတစ်ရပ်ပင်ဖြစ်လေသည်။ထို့ကြောင့်လည်းဓါး သွားထက်ကလောင်သွားသည်ထက်လေသည်ဟူ၍ ဆိုခဲ့ကြသည်မဟုတ်ပါလော။ <ref>ဦးကုလားမဟာရာဇဝင်ကြီးပထမအုပ်</ref><ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)</ref>
 
== ကိုးကား ==