မြဘုရား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎သမိုင်း
အရေးမကြီး →‎သမိုင်း
စာကြောင်း ၇ -
မူလက [[အနော်ရထာ|အနော်ရထာဘုရင်]]ကို သီဟိုဠ်ဘုရင်က လက်ဆောင် ဆက်သလာသော ဘုရား ဖြစ်သည်။ လမ်းခရီးတွင် မုန်တိုင်းမိပြီး [[လာအိုနိုင်ငံ]]သို့ ရောက်ရှိကာ လာအိုဘုရင်မှ ကိုးကွယ်ထားရှိသည်ကို ကြားသိရပြီးနောက် အနော်ရထာမင်းက အကြမ်းမဖက် ပြန်မယူဘဲ သီဟိုဠ်ဘုရင်ကိုပါ အခေါ်လွှတ်ပြီး သုံးဦးသားရှေ့မှောက်တွင် ရေစက်ချချ၍ လာအိုဘုရင်အား လှူဒါန်းခဲ့ခြင်း ဖြစ်သည်ဟု မြန်မာရာဇဝင်များတွင် ဆိုသော်လည်း အထောက်အထား မခိုင်လုံချေ။
 
သမိုင်းမှတ်တမ်းများအရ ၁၄၃၄ခုနှစ်တွင် ထိုင်းနိုင်ငံ မြောက်ပိုင်း လန်န အမည်ရှိ တိုင်းပြည်တပြည်တည်ရှိခဲ့ပြီး ထိုနိုင်ငံတွင် ဆင်းတုတော်တစ်ဆူ ထွက်ပေါ်လာခဲ့သည်။ ရှာဖွေတွေ့ရှိချက်တစ်ခုအဆိုအရ ဝတ်ဖရယိုင်(ဝါး‌တော ကျောင်း(နောက်ပိုင်းတွင် ဝတ်ဖရခရုမ်ဟုအမည်ပြောင်းခဲ့)တွင် စေတီတစ်ဆူအား မိုးကြိုးထိမှန်၍ ပြိုပျက်ခဲ့ပြီးနောက် ရွံ့စေးမြေများဖြင့် ဖုံးအုပ်နေသည့် ဘုရားတစ်ဆူအားရှာဖွေတွေ့ရှိခဲ့ကြသည်။ ထို့နောက်ယင်းဆင်းတုတော်အား ကျောင်းထိုင်ဆရာတော်မှ မြင့်မြတ်သည့်နေရာတွင် ပူဇော်ထားခဲ့ကြပြီးနောက် ဆင်းတုတော်၏ နားခေါင်းပေါ်မှ ရွံ့စေးမြေကွာကျလာရာ အတွင်းတွင် အစိမ်းရောင်ကို တွေ့ရှိလေသည်။ ယင်းကွာကျနေသည့် ရွံ့စေးမြေများအား ကျောင်းထိုင်ဆရာတော်က ဖယ်ရှားလိုက်ရာ အတွင်းတွင် ကျောက်စိမ်းဖြင့်ထုလုပ်ထားသည့် မြဆင်းတုတော်အား တွေ့ရှိလေသည်။ ယင်းနောက်ပိုင်းတွင် ဖရခရုမ်မရိုကော့၊ မြန်မာဘာသာဖြင့် မြဘုရားဟူ၍ သိခဲ့သည်။ ပညာရှင်အချို့က မြဘုရားသည် ၁၅ရာစု ချေသျှမ်းခေတ်လက်ရာဖြစ်သည်ဟု ဖော်ပြကြပြီး လန်နခေတ်အမွေအနှစ် ဖြစ်သည်။လက်ရာတစ်ခုဖြစ်သည်။ <ref name="SubhadradisDiskul">{{Cite book |last=Diskul (M.C.) |first=Subhadradis |url=https://books.google.com/?id=NwDFO8uY3dIC |title=History of the Temple of the Emerald Buddha |publisher=Bureau of the Royal Household |year=1982 |location=Bangkok |language=en}}</ref><ref name="Williams2">{{Cite book |last=Williams |first=China |url=https://books.google.com/books?id=oc0LoROKM0MC&pg=PA350#v=onepage&q&f=false |title=Thailand |last2=Aaron Anderson |last3=Brett Atkinson |last4=Becca Blond |last5=Tim Bewer |date=2010-09-15 |publisher=Lonely Planet Publications |isbn=978-1-74220-385-0 |pages=350–352 |language=en |access-date=27 March 2010}}</ref>
 
ဒဏ္ဍရီမှတ်တမ်းများတွင်ဖော်ပြထားသည်မှာ လန်နာတိုင်ပြည် ပြည့်ရှင် ဆမ်ဖန်ကင်းက ထိုဆင်းထုတော်အား ချင်းမိုင်ရှိ ၎င်း၏နေပြည်တော်တွင် တည်ထားကိုးကွယ်ချင်သော်လည်း ဘုရားပင့်ဆောင်လာသည့် ဆင်တော်မှာ လန်ပန်သို့ သုံးကြိမ်တိုင်တိုင် ဦးတည်သွားရောက်ခဲ့သည်။ ထိုသို့ နိမိတ်လက္ခဏာကြောင့် မြဘုရားသည် လန်ပန်မြို့တွင် သီတင်းသုံးလိုသည်ဟု မှတ်ယူကာ ထို့မြို့၌ နှစ်ပေါင်း ၃၂နှစ်တိုင်အောင် အထူးဆောက်လုပ်ထားသည့် ဘုရားကျောင်း(ယနေ့ခေတ်တွင် ဝပ်ဖရာ့ကဲအိုတောင်ဟုခေါ်သည်) တွင် တည်ထားကိုးကွယ်ခဲ့သည်။ ၁၄၆၈ခုနှစ်ရောက်သောအခါ တီလိုကရာဇ်ဘုရင်မှ ချင်းမိုင်းမြို့ရှိ လွမ်စေတီခေါ်သည့် စေတီကြီးအတွင်း၌ မြဘုရားအား ပြောင်းရွေ့တည်ထား ကိုးကွယ်ခဲ့လေသည်။<ref name="history">{{Cite web |url=http://www.cs.ait.ac.th/wutt/wat.html |title=Wat Phra Kaew |last=M.C. Subhaddradis Diskul |website=www.cs.ait.ac.th |access-date=2020-03-05}}</ref>