အလောင်းစည်သူ: တည်းဖြတ်မှု မူကွဲများ

အကြောင်းအရာပေါင်းထည့်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
→‎နတ်ရွာစံခြင်း: အကြောင်းအရာပေါင်းထည့်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၆၇ -
 
== နတ်ရွာစံခြင်း ==
အလောင်းစည်သူမင်းကြီးတွင် သားတော်နှစ်ပါးရှိရာ သားတော်ကြီး မင်းရှင်စောမှာ ဖခင်နှင့် မတည့်သဖြင့် ထွန်တုံးပူတက် (ယခုမန္တလေးမြို့ အရှေ့တောင်ဘက်အရပ်) တွင် ပြည်ရွာပြုပြီး နေလေသည်။ မင်းကြီးက သားတော်ငယ် [[နရသူ (ပုဂံ)]]ကို ပြည်ထဲအမူကို စီရင်စေသည်။ နရသူမယ်တော်ကား [[ကျန်စစ်သား]]၏ အမတ်ဖြစ်သော ဓမ္မကျင်၏ သမီးဖြစ်လေသည်။ ထိုအမတ်သမီးကို မင်းကြီး နန်းတင်တော်မူ၍ မိဖုရားအရာလည်း မရောက်၊ မောင်းမငယ်လည်း မဟုတ်ပေ။ အလောင်းစည်သူမင်းကြီးသည် မင်းစည်းစိမ် (၇၅) နှစ်တိုင်တိုင် သာသနာတော်မြတ် အကျိုးတို့ကို ပြုဆောင်တော်မူရင်း သက်တော် (၁၀၁) နှစ်ရောက်သော် ပြင်းထန်စွာ နာမကျန်းဖြစ်တော်မူသည်ကို သားတော် နရသူက နန်းတော်မှချ၍ ရွှေဂူဘုရားတွင် ထားလေသည်။ မင်းကြီးလည်း သတိရတော်မူသောအခါ ‘ငါ့နန်း မဟုတ်တကား’ ဟုမိန့်တော်မူလေသည်။ ကိုယ်လုပ်တော်တို့လည်း ‘နန်းတော်မဟုတ် ကောင်းမူတော်’ ဟု လျှောက်ကြလေသည်။ မင်းကြီးလည်း သားတော် နရသူ အစီအရင် ဟုကြားသိသော် ကြီးစွာအမျက်ဒေါသ ထွက်လေသည်။ ထိုအကြောင်းကို နရသူ ကြားသော် ညတွင်းချင်း မင်းကြီးဆီသွား၍ အဝတ်ပုဆိုးဖြင့် ဖိသတ်သဖြင့် အလောင်းစည်သူမင်းကြီး နတ်ရွာစံလေသည်။ နတ်ရွာစံချိန်တွင် အလောင်းစည်သူမင်းကြီး၏ သက်တော်မှာ ၁၀၁ နှစ်ဖြစ်၍ စည်းစိမ် (၇၅) နှစ် ဖြစ်သည်။<ref>မှန်နန်းရာဇဝင်တော်ကြီး-စတုတ္ထတွဲဲ၊ စာ-၃၀၄။</ref>
[[ဖိုင်:Min Sithu Nat.jpg|thumb]]