အလောင်းစည်သူ: တည်းဖြတ်မှု မူကွဲများ

→‎နတ်ရွာစံခြင်း: အကြောင်းအရာပေါင်းထည့်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၅၅ -
မင်းကြီးတွင် ရာဇဘိသိက်ခံ မိဖုရားလေးပါး ရှိသည်။ ရတနာပုံလည်းတစ်ပါး၊ တိလောကစန္ဒာဒေဝီလည်း တစ်ပါး၊ ရာဇကုမ္မာရီလည်းတစ်ပါး၊ တောင်ပြင်သည်လည်းတစ်ပါးပေါင်းလေးပါးတည်း။ မိဖုရား ရတနာပုံတွင် မြင်သည့် သားတော် [[မင်းရှင်စော]]ကို မင်းကြီးမျက်၍ ပြည်မှ နှင်ထုတ်သောကြောင့် ပုဂံမှ အလုံးအရင်း နှင့် ထွက်သွား၍ ယခု မန္တလေးတည်ရာ အရှေ့ဘက် ထွန်တုံးပုတက်တွင် မြို့ပြတည်ထောင်နေကာ [[အောင်ပင်လယ်ကန်]]၊ တမူဆိုးကန်တို့ကို ဆည်ခဲ့သည်။
 
မိဖုရား တိလောက စန္ဒာဒေဝီကို နောက်ဦးဆောက်ပန်းဟူသော အမည်သမုတ်သည်။ ထိုမိဖုရားမှ ထောက်လှေကားကို မြင်သည်။ ရာဇကုမ္မာရီ မိဖုရားတွင် သားတော်သမီးတော်မရှိ။ မိဖုရားတောင်ပြင်တွင် သမီးတော်နှစ်ပါး မြင်သည်။ အကြီးကို တောင်ဖျားဟူ၍ မှည့်တော်မူ၏။ အငယ်ကို ရွှေချူဟူ၍ မှည့်သည်။ ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီး၏ အမတ် ဓမ္မကျင်သမီးကိုလည်း ကိုယ်လုပ်တော်အဖြစ် ထားသည်။ ထိုကိုယ်လုပ်တော်မှ နရသူကို[[နရသူ (ပုဂံ)]]ကို မြင်သည်။<ref>ဦးကုလား၊ မဟာရာဇဝင်၊ ၁၉၀-၂ဝ၄။</ref>
 
အလောင်းစည်သူမင်းကြီးတွင် စောမင်းလှအမည်ရှိသော နှမတော်တစ်ဦးရှိကြောင်းလည်း သိရသည်။ နှမတော်စောမင်းလှနှင့် ခင်ပွန်းဖြစ်သူ အိမ်သူကြီး အဘိနန္တသူတို့သည် အလောင်းစည်သူမင်းကြီးလက်ထက်တွင် ယနေ့ခေတ် ပုဂံမြို့ဟောင်း သရပါတံခါးရှေ့ တွင်တည်ရှိသော တိုင်းချွတ်ဘုရား၌ ကောင်းမှုများပြုခဲ့ကြောင်း ကျောက်စာရေးထိုးခဲ့သည်။<ref>တင်နိုင်တိုး၊ ပုဂံမင်းဆက်ရာဇဝင်သစ်၊ ၉၉။</ref>