ဗဒုံမင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၆၅ -
၁၁၄၅ ခုတွင် သာလွန်မင်းလက်ထက်ကသို့ပင် စစ်တမ်းကောက်ကာ အစုအသား ခြားနားစေပြီး အိမ်ခြေ ၂၅ ခုလျှင် တဒိုင်၊ စည်းကြပ်ကာ ဒိုင်ထမ်း ဖွဲ့သည်။ ထိုစာရင်းကို ပေတင်၍ ရွှေတိုက်တော်၌ သွင်းသည်။
 
== အိမ်တော်ထိန်း(၃)ဦးနှင့်မိသားစုငယ်ဘဝ ==
== မိသားစုဘဝ ==
ဘိုးတော်ဘုရား ဟု နာမည်မကျော်ခင် ဘိုးတော်ဘုရား၏ ငယ်နာမည်မှာ မောင်ဝိုင်း ဖြစ်သည်။ သူကို မွေးစဉ် အင်းဝနေပြည်တော်ကို မွန်ဟံသာဝတီများ ဝိုင်းရံနေသဖြင့် အလောင်းဘုရား မှ မောင်ဝိုင်း ဟု အမည်မှည့်ထားလေ၏။
ဘုန်းနယ် (ရေစကြို)။ "မြန်မာနိုင်ငံ သာသနာ့မိခင်ကြီးများ"။
 
ဗဒုံမြို့ကို အပိုင်စားရပြီး ဗဒုံမင်းသား ဟု လည်း မင်းအသိုင်းအဝိုင်းထဲတွင် သိကြကုန်၏။ ဘိုးတော်ဘုရား သည် အနေအထိုင် တတ်သောကြောင့် ဆင်ဖြူ ရှင်မင်း လက်ထက်တွင် မင်းသားအဆောင်အယောင်တို့နှင့် မြှောက်စား ခံရ၏။ သို့သော်လည်း စဉ့်ကူးမင်း လက်ထက်တွင် ရာထူးများ သိမ်းခံရပြီး ၉ နှစ် တိုင်အောင် အိမ်နိမ့်စံဘ၀ နှင့် မထင်မရှား နေရလေ၏။
 
စစ်ကိုင်းတွင် နေထိုင်ရပြီး စဉ့်ကူးမင်းမှ သုံးစွဲရန် ငွေ လုံး၀ ပေးခြင်းမရှိပေ။ ထိုကြောင့် အိမ်တော်ထိန်းမောင်ပေါ်ဦး၊ မောင်ကျော်ရွေး၊ မောင်မြတ်ထင် တို့မှ စစ်ကိုင်းတွင် လိုက်ပါ နေထိုင်ပြီး လုပ်ကိုင်ကျွေးမွေး ကြသည်။ ကိုယ်လုပ်တော် တချိူ့ လည်း ဈေးရောင်းကြရသည်။ သမီးတော်များလည်း ရက်ကန်းရက်ရ၏။ ကျော်ရွေးက မန်ကျည်းရွက်နု များ ခူး၏။ ပေါ်ဦးက မန်ကျည်းရွက်နု များကို ဈေးတွင် ရောင်းရ၏။ မြတ်ထင်ကမှာမူ အင်အားကြီးသဖြင့် ဗန်းမော်-ကောင်းတုံ သို့ လှေထိုးလိုက်ကာ ဗဒုံမင်းသားကြီး တို့ မိသားစု ကို ကျွေးမွေး ကြရလေသည်။
 
ဗဒုံမင်းသားကြီး၏ မိဖုရားခေါင် မယ်လွန်းမယ် ကိုယ်တိုင် ဝါကြိတ်၊ ဝါဖန်၊ ဗိုင်းငင် လုပ်ရသည။ ဗဒုံမင်းသား ကိုယ်တိုင် ချည်ခင်များကို မဲနယ်ဆိုးပေးရ၏။ ဗဒုံမင်းသားကြီး၏ အိမ်တော်ထိန်း ၃ ဦးကို သားတော်၊သမီးတော် များမှ ချစ်ကြောက်ရိုသေကြ၏။ ဗဒုံမင်းသား ဘုရင်ဖြစ်သည့်တိုင် ယခင်က အတိုင်း ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမော ဖြင့်သာ ဆက်ဆံကြ၏။ အထူးသဖြင့် မြတ်ထင်က အလွန် အဆဲသန်၏။ စကားလုံးတိုင်း ဆဲ သော စကားလုံး ပါ၏။
 
ထိုသို့ ၉ နှစ်ကြာအောင် အတူတကွ ရုန်းကန်ခဲ့ရသဖြင့် မိသားစု ကဲ့သို့ ဖြစ်နေကြကုန်သည်။ ထို အိမ်တော်ထိန်း ၃ ဦးတွင် ပေါ်ဦး သည် အလွန်စကားတတ် သူဖြစ်ပြီး၊ ကျမ်းဂန်စာပေ များလည်း နှံစပ်သဖြင့် ဗဒုံမင်းသား ၏ အတိုင်အပင်ခံ လည်းဖြစ်သည်။ ပေါ်ဦးသည် မိမိ၏ သခင်ဗဒုံမင်းသားအတွက် အခွင့်အကောင်း ပေါ်တိုင်း အကြံကောင်းများလည်း ပေးတတ်၏။
 
မဟာသီဟသူရ စစ်ကိုင်းသို့ နယ်နှင်ဒဏ် ခံရသောအခါ သွားတွေ့ရန် အကြံပေး၏။ သို့သော် မဟာသီဟသူရ ကို ဗဒုံမင်းသားမှ မကြည်၊ မဟာသီဟသူရ လည်း မကြည်သဖြင့် မတွေ့ဖြစ်ကြပေ။ ဖောင်းကားစား မောင်မောင် အင်းဝထီးနန်းကို သိမ်းပိုက်လိုက်ပြီး ဦးရီးတော်များကို နေပြည်တော်သို့ ပြန်လာရန် လာရောက် ခေါ် ယူသော အခါ ပေါ်ဦးမှ ဗဒုံမင်းသားကို သေလျှင် မြေကြီး ရှင်လျှင် ရွှေထီး အခွင့်အလမ်း ဖြစ်ကြောင်း လျှောက် တင်ခဲ့၏။
 
ဗဒုံမင်းသား သည် အင်းဝနေပြည်တော် ရှိ အိမ်တော်တွင် အကျယ်ချူ ပ်ခံရစဉ် နေပြည်တော် တခုလုံး ဖောင်းကားစား မောင်မောင်၏ လူများ ရမ်းကားနေကြရာ ဘုရင်အာဏာ မလွှမ်းမိုး နိုင်သောကြောင့် နေပြည်တော်တခုလုံး ဖြစ်ချင်တိုင်းဖြစ်နေတော့သည်။ ထိုကြောင့် ဗဒုံမင်းသားမှ ယခင်က အလောင်းမင်းတရား၏ သစ္စာခံများနှင့် ပူးပေါင်းကာ အင်း၀ နန်းတော်ကို သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။
 
ဗဒုံမင်းသားမှ အင်းဝထီးနန်းကို အောင်မြင်စွာ သိမ်းပိုက် နိုင်ချိန်တွင် သက်တော် ၃၈ ရှိနေပြီဖြစ်သည်။ ဘိုးတော်ဘုရားဟု အမည်တွင်ခြင်းမှာ ကုန်းဘောင်နှောင်း ဘုရင် များ၏ အဘိုး ဖြစ်သောကြောင့် ဖြစ်၏။
 
ဘိုးတော်ဘုရား နန်းရလျှင် မိမိ၏ ငယ်ကျွန်များကို မြှောက်စားလေသည်။ ဦးပေါ်ဦး ကို အတွင်းဝန်မင်း အပြင် ရန်ကုန်မြို့ကိုပါ အပိုင်စား ရလေသည်။ ဦးကျော်ရွေး ကိုမူ မြေထဲမြို့ကို အပိုင်ပေးစားလေသည်။ မြတ်ထင် မှာမူ ဘိုးတော်ဘုရား အင်းဝထီးနန်းကို မသိမ်းမီ ၁ နှစ်အလိုတွင် ပင်ပန်းဒဏ်ကို မခံနိုင်တော့ သဖြင့် မိမိ၏ ရွာသို့ ပြန်ကာ ပဲစိုက်စား နေလေ၏။
 
ဘိုးတော်ဘုရား အထွပ်အမြတ် တို့ ရောက်သော်အခါ မြတ်ထင် မသိရှိရပေ။ဘိုးတော်ဘုရား မှာလည်း နန်းတွင်း ရေး၊ သူပုန်အရေး၊ ကို ကိုင်တွယ်နေရ သဖြင့် ငယ်ကျွန် မြတ်ထင်ကို သတိမရပေ။ ရွာတွင်လည်း ကိုယ့်ဝမ်းရေး များကိုသာ လုံးပန်းနေကြသဖြင့် အင်းဝနေပြည်တော်တွင် ဖြစ်ပျက်သည်များကို မည်သူမှ ဂရုစိုက် မအားကြပေ။ မြတ်ထင် အဆိုအရ တနေ့ တဲပေါ်တွင် နေ့ခင်း အိပ်ပျော်နေစဉ် ဝတ်ဖြူ စင်ကြယ် လူကြီးမှ လာပြီး " ဟဲ့ နင့်အရှင် အထွက်အမြတ် ရောက်နေပြီ၊ သွားတွေ့ချေ " ဟု သုံးကြိမ် တိုင်အောင် အိပ်မက် ပေးရာ အင်း၀ နေပြည်တော်အထိ လာပြီး စုံစမ်းလေ၏။
 
ထိုအခါမှ အုပ်ချူ ပ်မင်းလုပ်နေသူမှာ ဗဒုံမင်းသား ဖြစ်ကြောင်း သိရသောအခါ အလွန်ပျော်ပြီး အတွင်းတော် သို့ အခစား ဝင်ရန် ကြိုးစားလေသည်။ မြတ်ထင်သည် သာမန် တောသား ပုံစံသာဖြစ်သဖြင့် တံခါးမှူ းမှ မပေး ဝင်ပေ။ ထို့ကြောင့် မြတ်ထင်မှ တံခါးမှူ း ကို သူ့အကျင့်အတိုင်း ဆဲဆို နေလေ၏။ ထိုအချိန် အနီးအနားမှ ဖြတ်သွားသော နန်းတွင်းအပျိူ တော် မှ မြတ်ထင်၏ အသံကို သတိထားမိသဖြင့် လှမ်းကြည့်ရာ မြတ်ထင်ဖြစ်ကြောင်း သိရသဖြင့် မိဖုရားခေါင်ကြီး မယ်လွန်းမယ် ထံ ခေါ်ဆောင်သွားရလေ၏။
 
မိဖုရားခေါင် မယ်လွန်းမယ်လည်း မြတ်ထင် အခစား ဝင်ကြောင်း သိရသောအခါ အတွင်းတော်မှ ရုတ်ခြည်း ထွက်တော်မူလာ၏။ ထိုအခါ မြတ်ထင်က သယ်လာသော ပဲစည်းကလေးတောင်းကို ချပြီး မိဖုရားခေါင်ကြီး ၏ ခြေထောက်တော်ကို ပြေးဖက်ကာ ငိုလေသည်။ မိဖုရားလည်း " ဟဲ့ သပေါက်မသား၊ အခု မှ လာတွေ့ ရသလား " ဆိုပြီး ဝမ်းသာမျက်ရည်ဆို့လေ၏။
 
ထိုနောက် မိဖုရားခေါင်ကြီးမှ နန်းတော်အတွင်းသို့ ဝင်ကာ ညီလာခံ လုပ်နေသော ဘိုးတော်ဘုရားထံ အရိပ်အယောင် ပြလိုက်လေ၏။ ဘိုးတော်ဘုရား လည်း ညီလာခံ ကို စဲကာ အတွင်းဆောင်သို့ ကြွလေ၏။ အတွင်း ဆောင်ရောက်သော် ဘယ်အရေးလဲ ဟု မေးရာ မိဖုရားခေါင်မှ မျက်နှာချ ရှိခိုးနေသော လူဆီကို လက်ညို းထိုးကာ"မောင်မောင်ဘုရား သည် အကောင်ကို သိတော်မူပါရဲ့လား"ဟု လျှောက်လေ၏။
 
ဘိုးတော်ဘုရားမှ ရှေ့သို့လှမ်းပြီး မိမိ၏ လက်သုံးတော် ဒေါင်းမွှေးဖြင့် ထိကာ မျှော်ဖူးစေ ဟု ဆိုလိုက်မှ မြတ်ထင် မှန်း သိသဖြင့်"ဟဲ့.. ခွေးမသား၊ နင် ခုမှ လာတယ်လား။ နင် တယ်မိုက်တာကိုး ဟဲ့၊ နင် ရွာမှာ ဘာလုပ်နေလဲ ဟု မေးတော်မူလေ၏။ မြတ်ထင်လည်း ပဲခင်းစိုက်နေပါတယ်ဘုရား"ဟု ငိုလျက် ပြန်လျှောက် လေ၏။ ဘိုးတော်ဘုရားမှ" အေး အေး ကောင်းပြီ၊ နင့်ကို ငါ ကြည့်တော်မူမည်။ ယခု နင့်သားမယားများ စားသုံးရန် ငွေဆယ်ပိဿ ာ ယူသွားလေ" ဟု ချီးမြင့်လေ၏။
 
မြတ်ထင်လည်း ထိုငွေကိုယူကာ နေပြည်တော်တွင် မိမိ၏ မိတ်ဆွေတဦးမှ ဗိုလ်ကြီး ဖြစ်နေသည်ဟု သိရသဖြင့် သွားကာ ထို ဗိုလ်ကို ငွေများ ပေးလျက် ၃ ရက်အတွင်း ဝန်ကြီးအဝတ်တန်ဆာများ ပြုလုပ်ပေးရန် ပြောပြီး နောက်လိုက်များလည်း လိုအပ်သလို ငှားပေးရန် ပြောလေ၏။ ထိုနောက် လွှတ်တော်သို့ သွားရောက်ကာ ဝန်ရှင်တော်မင်းများ ထိုင်သောနေရာတွင် ဝင်ထိုင်လေ၏။
 
နံနက် ငါးချက်တီးတွင် အစည်းအဝေး တက် ရန် လာကြကုန်သော အမတ်များ လည်း မြင်သဖြင့် အံ့သြလေ၏။ လွှတ်တော်ဝန်ရှင်တော် ဖြစ်သော ဦးပေါ်ဦး လည်း အဝေးမှ တွေ့၏။ သို့သော် မြတ်ထင်ကို ကြောက်သဖြင့် မြို့ဝန် ဦးကျော်ရွေး ကို ခေါ်ကာ ဘုရင့်ထံ အရင် ဝင်ခစားကြလေ၏။
 
ဦးပေါ်ဦး ။ မှန်လှပါ၊ လွှတ်တော်ဝန်ကြီး ၄ ပါး သာ ခန့်ထားမြဲ ဖြစ်ရာ ယခု ဘုန်းတော်ကြောင့် ၅ ပါး ဖြစ်နေပါသည် ဘုရား။
ဘုရင် ။ ။ ဝန်ကြီး တပါး ဘယ်က ပိုနေပြန် သလဲကွယ့်။
ဦးကျော်ရွေး ။ ။ မှန်လှပါ၊ မြတ်ထင်သည် လွှတ်တော်ပေါ်တက်ပြီး ဝန်ကြီး လုပ်နေပါသည် ဘုရား။
ဘုရင် ။ ။ ဟေ.. ငါက သင်းကို ဝန်ကြီး မခန့်သေးပါဘူး၊ သင်းကို ဆုတော်ငွေတော့ သနားတော် မူထားတယ်။ သင်းကို အတွင်းတော်ခေါ်ခဲ့ကြ။
ဦးပေါ်ဦး တို့ ၃ ဦး အတွင်းတော်သို့ ပြန်လည် ရောက်ချိန်တွင် အရှင်နှစ်ပါးတို့ ပြုံ းလျက် ရှိ၏။
 
ဘုရင် ။ ။ ဟဲ့.. မြတ်ထင်၊ မောင်မင်းကို မည်သူက လွှတ်တော်ဝန်ကြီး ခန့်ထားလို့လဲ။
မြတ်ထင် ။ ။ မှန်ပါ၊ ခမည်းတော်ဘုရားကပဲ သူကောင်းပြုတော်မူမည်ဟု မိန့်ထားကြောင်းပါ။ ထိုနေ့ကမယ်မယ်ဘုရား အဆောင်မှာ မိန့်တော်မူသည်မှာ ကျော်ရွေးလည်း ဝန်ကြီး၊ ပေါ်ဦးလည်းဝန်ကြီး၊ နင်လည်းဝန်ကြီးဖြစ်မှာပေါ့ ဟု နာခံရပါတယ်၊ ယခု ကျွန်တော်မျိူ း ရှိနေသော ကြောင့် ဝန်ကြိး ဖြစ်လာရပါကြောင်း ဘုရား၊ စစ်ကိုင်းဘက်မှာ ကျွန်တော်မျိူ းက လှေထိုး လိုက်ကျွေး ရပါသည်ဘုရား။
 
ကျော်ရွေးမှာ သားတော်များ ထိန်းပြီး ရံခါ မန်းကျည်းရွက်နု ရောင်းပါသည်။ဘုရား။၊ ပေါ်ဦးမှာကတော့ ဖင်ကျယ်လုပ်ပြီး မန်းကျည်းရွက် ရောင်းသလိုလို၊ ပဲလှော် ရောင်းသလိုလို နှင့် အိမ်တော်မှာ ညာနေပါသည်ဘုရား၊ ထိုကြောင့် ပေါ်ဦးထက် အောက်မကျအောင် ဆုတော်ငွေ နှင့် ဝန်ကြီးတန်ဆာများ ဝတ်ချူ ပ်ကာ ဝန်ကြီး ပြုပါသည်ဘုရား။
 
ထိုအခါ ဘိုးတော်ဘုရား နှင့် မိဖုရားခေါင်တို့မှာ အားရပါးရ ရယ်တော်မူလေသည်။ ထိုကြောင့် ငယ်ကျွန်တော် အတွက် ဘိုးတော်ဘုရား မှာ မှူ းမတ်များနှင့် တိုင်ပင်ပြီး ဝန်ဌာန တခုကို မြတ်ထင် အတွက် ပြုလုပ်ပေးရလေ၏။ အက္ကပတ်မြင်းဝန် ခေါ်သော ဝန်ကြီးဌာန အသစ်တခုကို မြတ်ထင်အတွက် ဖန်တီးပေးလေသည်။
 
ထိုဌာနမှာ ယခုခေတ်ဆိုလျှင် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဌာန ကဲ့သို့ ဖြစ်၏။ ယခု မန္တလေး မဟာမြတ်မုနိ ရုပ်ပွားတော်ကြီး ကျောင်းပရိဝုဏ် အတွင်းရှိ မြင်းဝန်တိုက် သည် ဝန်ကြီးဦးမြတ်ထင် လှူ ဒါန်း ထားခြင်းဖြစ်၏။<ref>
ညိုမြ၏ "ကုန်းဘောင်ခေတ်ရှာပုံတော်" စာအုပ်</ref>
 
ဘုန်းနယ် (ရေစကြို)။ "မြန်မာနိုင်ငံ သာသနာ့မိခင်ကြီးများ"။
 
==မိသားစုဘဝ==
မိဖုရား ကိုယ်လုပ် များစွာရှိပြီး စာရင်းပေါက်သားသမီး ၁၂၉ ယောက် ရှိသည်။