ခရစ္စတီးနားခီ: တည်းဖြတ်မှု မူကွဲများ

Add photo
အရေးမကြီးNo edit summary
စာကြောင်း ၁၈ -
ထို့နောက် ပထမဆုံးရုပ်ရှင်ဖန်တီးမှုလက်ရာဖြစ်သည့် သူမကိုယ်တိုင် ဇာတ်ညွှန်း‌ရေးသားကာ ရိုက်ကူးထားသည့် "မုဒြာရဲ့ခေါ်သံ" ရုပ်ရှင်ဇာတ်ကားကိုလည်း ထပ်မံရုံတင်ပြသခဲ့ရာ ပရိသတ်များက အသိအမှတ်ပြုခဲ့ကြပြီး အဆိုပါ ရုပ်ရှင်ဇာတ်ကားနှစ်ကား‌ကြောင့်ပင် ခရစ္စတီးနားခီနှင့် ခင်ပွန်းဖြစ်သူ ဇဏ်ခီတို့သည် မြန်မာရုပ်ရှင်လောကတွင် ထင်ရှားလာခဲ့သည်။ အဆိုပါရုပ်ရှင်ဇာတ်ကားမှာ မြန်မာနိုင်ငံတွင် ရုံတင်ပြသခြင်း မပြုမီကပင် နိုင်ငံတကာရုပ်ရှင်ပွဲတော်နှစ်ခုတွင် ဆုများ ဆွတ်ခူးနိုင်ခဲ့သည်။
 
ယင်းရုပ်ရှင်ဇာတ်ကားနှစ်ကားဖြင့် မြန်မာနိုင်ငံရုပ်ရှင်လောကအတွင်း ဝင်ရောက်လာ‌‌သော ခီမောင်နှံကြောင့် ရုပ်ရှင်လောကနှင့် ရုပ်ရှင်ချစ်ပရိသတ်များအတွင်း ဂယက်ရိုက်ခတ်မှုများ အကြီးအကျယ်‌‌ပေါ်‌ပေါက်ခဲ့ကာ ပရိသတ်များက ‌ပေါ‌ပေါပဲပဲ ရုပ်ရှင်ဇာတ်ကားများ ဖန်တီး‌နေကြသည့် ရုပ်ရှင်သမားများအား အပြင်းအထန်ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် ရုပ်ရှင်လောကသားအချို့၏ ‌ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာဂရု(ပ်)တွင် ခီမောင်နှံအကြောင်း ‌‌ပြောဆိုရေးသားသည့် ‌ဝေဖန်စကားများ ထွက်ပေါ်လာခဲ့သည်။ အဆိုပါဖြစ်ရပ်နောက်ပိုင်း ခီမောင်နှံအပေါ် မြန်မာရုပ်ရှင်ချစ်ပရိသတ်များ၏ ‌ထောက်ခံအား‌ပေးမှုများ ပိုမိုမြင့်တက်လာခဲ့သည်။ <ref>http://myanmarlive.net/?p=14281</ref>
 
၂၀၁၉ ခုနှစ်တွင် ခင်ပွန်းဖြစ်သူ ဇဏ်ခီ ဇာတ်ညွှန်း‌ရေးသား‌သော "[[ထာဝရနှောင်ကြိုး (ရုပ်ရှင်)|ထာဝရ‌‌‌နှောင်ကြိုး]]" ရုပ်ရှင်ဇာတ်ကားကို ဇဏ်ခီ၊ [[ပိုင်ဖြိုးသု]] တို့ဖြင့် ရိုက်ကူးခဲ့ရာ ရက်သတ္တပတ် (၁၈) ပတ်တိတိ ပြသနိုင်ခဲ့သည်။