အောင်သူ (ဘောလုံးသမား): တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၃၈ -
== ကိုယ်ရေးရာဇဝင် ==
တက်သစ်စ မြန်မာ့တိုက်စစ်မှူး အောင်သူသည် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)မှ ထွက်ပေါ်လာခဲ့သော ကစားသမားဖြစ်သည်။ မြန်မာနိုင်ငံ အလယ်ပိုင်း ပျဉ်းမနားမြို့တွင် မွေးဖွားခဲ့ပြီး သူသည် အသက် ၁၃ နှစ်အရွယ်တွင်ပင် အံဩဖို့ကောင်းစွာ ပျဉ်းမနားမြို့ ကိုယ်စားပြုအဖြစ် ဒေသလိုက် ယူ- ၁၉ ဘောလုံးပြိုင်ပွဲတွင် ပါဝင်ခဲ့ပြီး ၃ ဂိုးသွင်းယူနိုင်ခဲ့သည်။ နောက်ပိုင်းတွင် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)မှ တက်ရောက်ရန် ရွေးချယ်ခံခဲ့ရပြီး သူ၏ အပြည်ပြည်ဆိုင်ရာ ကစားပွဲအဖြစ် ယူ-၁၆ ပြိုင်ပွဲတွင် ၂၀၁၁ ခုနှစ်တွင် ပါဝင်ခဲ့သည်။ ၂၀၁၄ ခုနှစ် ဘရူနိုင်းနိုင်ငံတွင် ကျင်းပသော Hassanal Bolkiah Trophy ပြိုင်ပွဲတွင် ဗီယက်နမ် ယူ-၁၉ အသင်းနှင့်ကစားသောပွဲတွင် အရေးကြီးသော ဂိုးများကို သွင်းယူပေးခဲ့ပြီး မြန်မာအသင်းသည် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံဆုဖလားကို ရယူနိုင်ခဲ့သည်။ သူသည် ချက်ချင်းပင် မြန်မာဘောလုံးဝါသနာရှင်တို့၏ အကြိုက်ဆုံးတိုက်စစ်မှူးနေရာသို့ ရောက်ရှိခဲ့သည်။ သူသည် ဆက်လက်၍ပင် ၂၀၁၄ ယူ-၁၉ ချန်ပီယံပြိုင်ပွဲနှင့် ၂၀၁၅ ဖီဖာ ယူ-၂၀ ကမ္ဘာဖလား (နယူးဇီလန်)ပြိုင်ပွဲများတွင် ဂိုးများသွင်းယူနိုင်ခဲ့သည်။ သူအား FIFA techanical study book of 2015 U-20 World Cup စာအုပ်တွင် သူ၏ အားပြင်းသော ကန်ချက်နှင့် ပါးနပ်စွာ ပြေးလွှားမှုတို့ကို မှတ်ချက်ပေးခံခဲ့ရသည်။ အောင်သူသည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင်အသင်းဖြစ်သော ရတနာပုံ FC တွင် အကောင်းဆုံးပုံစံဖြင့် ကစားလျက်ရှိသည်။ သူအား မြန်မာ အမျိုးသား ဘောလုံးအသင်းမှ ကစားရန် ခေါ်ယူခြင်းခံခဲ့ရပြီးဖြစ်၍ မကြာမှီပင် နိုင်ငံလက်ရွေးစင်အသင်းနှင့် ပွဲဦးထွက် ကစားနိုင်တော့မည် ဖြစ်သည်။<span class="cx-segment" data-segmentid="163"></span>
===မြန်မာယူ ၂၃ လက်ရွေးစင်ကစားသမားအောင်သူ===
(ပင်ကိုယ်ပါရမီရှိ ၍ ဘောလုံးကျွမ်းကျင်မှုကောင်းမွန်သည့် အားကိုးရသော မြန်မာယူ၂၃ အသင်း၏ ရှေ့တန်းတိုက်စစ် ကစားသမား)
 
အောင်သူကို ၁၉၉၆ - မေလ - ၂၂ ရက်နေ့တွင် မိတ္တီလာ၊မြို့နယ်၊ ပင်းတလဲရွာမှာ မွေးဖွားခဲ့ပါတယ်။ ဖခင်မှာ အစိုးရဝန်ထမ်းဖြစ်သောကြောင့် ပျဉ်းမနားသို့ပြောင်းရွှေ့တာဝန်ကျခဲ့ပြီး ပျဉ်းမနားမှာပဲကြီးပြင်းခဲ့ပါတယ်။ နှစ်တန်း
နှစ်လောက်ကစပြီး ဘောလုံးဝါသနာပါခဲ့ပေမဲ့ စကန်ဖြစ်တာကတော့ လေးတန်းရောက်မှဖြစ်ပါတယ်။ ခြောက်တန်းရောက်တော့နေပြည်တော်ဘောလုံးကွင်းမှာ နွေရာသီဘောလုံးသင်တန်းတက်ရင်းနဲ့ Training
စလုပ်ဖြစ်ပါတယ်။ မွေးချင်း ၃ ယောက်လုံးကယောင်္ကျားလေးတွေဖြစ်ကြပြီးဘောလုံးကန်ကောင်းကြပါတယ်။ ၁၃နှစ်အရွယ်မှာ ယူ-၁၉ တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲအတွက်အရွေးခံရပြီး ၃ ဂိုးသွင်းယူနိုင်ခဲ့ပါသည်။ ပျဉ်းမနားမြို့
လောကမရစိန်ဘုရားကြီးအောက်ကကွင်းပြင်လေးဟာ ငယ်စဉ်က ဘောလုံးကန် လေ့ကျင့်ခဲ့တဲ့ နေရာလေး တစ်ခုဖြစ်ခဲ့ပါတယ်။
ပြိုင်ပွဲပြီးနောက်မကြာခင် ၂၀၀၈ လောက်မှာဘောလုံးအကယ်ဒမီကျောင်းအတွက် ရွေးချယ်ခံရပါတယ်။ အရွေးခံရပြီးနောက်ရန်ကုန်မှာစုပြီး ၂၀၀၉ မှာတော့
မန္တလေးအကယ်ဒမီကိုရောက်ခဲ့ပါတယ်။ ဘဝမှာဝါသနာပါတဲ့လမ်းကြောင်းကို လျှောက်လှမ်းရပေမဲ့လည်း သူရဲ့မိသားစုက သူ့ကို ငွေကြေး ထောက်ပံ့ဖို့ အခက်အခဲတွေကို ဘောလုံးအကယ်ဒမီစတက်တဲ့အချိန်ကနေစပြီး ယူ-၁၉ ရောက်တဲ့ အထိ ကျိတ်မှိတ်ပြီးတော့ ရင်ဆိုင်ခဲ့ပါတယ်။ အားကျအတုယူခဲ့ရတဲ့ပြည်တွင်းကစားသမားကတော့ (ကို)စိုးမြတ်မင်းဖြစ်ပြီး၊ ပြည်ပကစားသမားကတော့ လီယွန်နယ်မက်ဆီ(Lionel Messi) ဖြစ်ပါတယ်။
 
၂၀၁၁ အာဆီယံ ယူ-၁၆ လူငယ် ပြိုင်ပွဲ(AFF U-16 Youth Championship)နှင့်နိုင်ငံတကာပွဲစတင်ကစားခဲ့သည်။ အောင်သူဆိုပြီး မှတ်မှတ်ရရ ပရိတ်သတ်တွေစတင်သိခဲ့တာကတော့ ၂၀၁၄
ခုနှစ်ဘရူနိုင်းနိုင်ငံမှာကျင်းပတဲ့ Hassanal Bolkiah Trophy ပြိုင်ပွဲရဲ့နောက်ဆုံးဗိုလ်လုပွဲ၊ ဗီယက်နမ်အသင်းကို ၄-၃ အနိုင်ရရှိခဲ့မှာ အဆုံးဖြတ်ဂိုးကိုသွင်းယူခဲ့တာကနေစတင်ခဲ့ပါတယ်။ ပထမဦးဆုံးဆုဖလားရယူနိုင်ခဲ့ခြင်းလဲဖြစ်ပါတယ်။
 
၂၀၁၄ အာရှ ယူ-၁၉ ပြိုင်ပွဲကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်တာဝန်ယူကျင်းပခဲ့ရာမှာ မြန်မာ ယူ-၁၉ အသင်းဟာ ထိုင်းအသင်းရဲ့နောက် အုပ်စုဒုတိယနဲ့တက်ခဲ့ပြီး ရှုံးထွက်အဆင့်တွင် အာရပ်စော်ဘွားများသမ္မတနိုင်ငံ (UAE) အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ယူကာ ဆီးမီး ၄ သင်းကိုတက်ရောက်ခဲ့ပါတယ်။ ဆီးမီး ဖိုင်နယ်မှာ တွေ့ဆုံတဲ့ ကာတာ (Qatar)အသင်းဘက်ကို လှပသောအဝေးကန်ချက်ဖြင့် ၁ ဂိုးသွင်းယူခဲ့ပြီး ၂ ဂိုးဆီသရေကျခဲ့ပေမဲ့ အချိန်ပိုမှာ ရှုံးနိမ့်ခဲ့ကာ ဗိုလ်လုပွဲနဲ့လွဲခဲ့ရပါတယ်။ ဒါပေမဲ့ အာရှ ယူ-၁၉ ပြိုင်ပွဲရဲ့ ဆီးမီးရောက် ၄ သင်းဟာ ၂၀၁၅ ယူ-၂၀ ကမ္ဘာဖလားကို ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ မြန်မာ ယူ-၂၀ အသင်းနဲ့အတူအောင်သူဟာ ကမ္ဘာဖလား ယူ-၂၀ ပွဲကိုပါဝင်ကစားခဲ့ပြီး အုပ်စုနောက်ဆုံးပွဲအဖြစ် နယူးဇီလန်နဲ့ပွဲမှာ ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။
၂၀၁၃ ခုနှစ်ထဲကရတနာပုံအသင်း၌စတင်ကစားခဲ့ပြီး အရပ်အမြင့် ၁၆၇စင်တီမီတာ (၅ပေ၅လက်မခွဲ)ရှိပါတယ်။ မြန်မာနေရှင်နယ်လိဂ်ကို ရတနာပုံအသင်းနှင့်အတူ ၂၀၁၄ နှင့် ၂၀၁၆ တွင်ရရှိထားပါသည် ။
သွင်းဂိုးတွေအနေနဲ့ကတော့ မြန်မာယူ-၁၆ အဆင့်မှာ ၄ပွဲကစား ၄ဂိုး သွင်းယူထားခဲ့ပြီး၊ မြန်မာယူ-၂၀ အဆင့်မှာ ၁၉ပွဲကစား ၁၂ဂိုး သွင်းယူထားခဲ့ပါတယ်။ ကမ္ဘာဘောလုံးအဖွဲ့ချုပ်အသိအမှတ်ပြုပွဲ ၂၀ပွဲကစားထားပြီး၊ ၄ ဂိုး
သွင်းယူထားပါတယ်။
၂၀၁၅ခုနှစ် အာဆီယံတနှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆု (AFF Youth Player of the Year - 2015)ကို၎င်း၊ အကောင်းဆုံးမြန်မာ့လက်ရွေးစင်ကစားသမားဆုကို ၂၀၁၄၊ ၂၀၁၅ နှစ်နှစ်ဆက်တိုက်ရယူနိုင်ခဲ့သလို၊ မြန်မာနေရှင်နယ်လိဂ် (Myanmar National League) အကောင်းဆုံးကစားသမားဆုကိုလဲ ၂၀၁၅၊ ၂၀၁၆ နှစ်နှစ်ဆက်တိုက်ရယူနိုင်ခဲ့ပါတယ်။
<ref>IASOMFProfile</ref>
 
== နိုင်ငံတကာသွင်းဂိုးများ ==