နန္ဒမာလာဘိဝံသ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
​ထေရုပ္ပတ္တိ is already mention, please expand that section and a sub section is not needed.
စာကြောင်း ၂၁ -
 
'''ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ''' သည် [[အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်]]၏ ပါမေက္ခချုပ်ဆရာတော်အဖြစ် တာဝန်ထမ်းဆောင်တော်မူခဲ့သည့် ဆရာတော်တစ်ပါး ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ၊ [[သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)]] တို့၏ ပါမောက္ခချုပ် ဆရာတော် ဖြစ်သည်။ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက်၏ ပဓာနနာယကဆရာတော် လည်းဖြစ်သည်။ အရှင်မြတ်သည် ကျမ်းစာရေးသားခြင်း၊ စာပေပို့ချခြင်း၊ တရားဟောပြောခြင်း၊ တရားပြသခြင်း၊ ယဉ်ကျေးလိမ္မာ လူငယ်သင်တန်းများ ဖွင့်လှစ်ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပါသည်။
 
 
​''' ဆရာတော်ကြီး၏ထေရုပတ္တိအကျဉ်း '''
 
- (၁၃၀၁) ခုနှစ်၊တပေါင်းလပြည့်၊ (၁၉၄၀)ခုနှစ်၊မတ်လ(၂၂)ရက်နေ့တွင် မန ္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ နေ ခမည်းတော် ဦးစံလှ+မယ်တော် ဒေါ်ခင်တို့မှ ဖွားမြင်သည်။
 
- (၁၃၀၅)ခုနှစ်၊(၁၉၄၄) အသက် ၅နှစ်သားအရွယ် စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ၊ ပေါ်တော်မှုကျောင်း၊ ဆရာတော်ဦးကေလာသ(ဦးလေး ဘုန်းကြီး)ထံတွင် မြန်မာစာပေနှင့် ဗုဒ္ဓစာပေများကို စတင်သင်ကြားခဲ့သည်။
 
- (၁၃၁၀)ခုနှစ်၊(၁၉၄၉)၊ဝါဆိုလဆန်း (၁၁)ရက်၊ အသက် (၁၀)နှစ်အရွယ်တွင် စစ်ကိုင်းတောင်ရိုး၊ဝိပဿနာဂန္ဓာရုံ ကျောင်းရှိ အဘိဓဇမဟာရဋ္ဌဂုရု၊ နဝမမြောက်ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြုလျက် ရှင်သာမဏေပြုခဲ့သည်။
 
- (၁၃၁၄)ခုနှစ်၊(၁၉၅၃) အသက်(၁၃)နှစ်တွင် အဘိဓမ္မာစာမေးပွဲသုံးဆင့် စတင်အောင်မြင်ခဲ့သည်။
 
- (၁၃၁၇)ခုနှစ်၊ (၁၉၅၆)အသက်(၁၆)နှစ်တွင် အစိုးရဓမ္မာစရိယတန်းကို ဂုဏ်ထူးကျမ်း(၂)ကျမ်းနှင့်အတူအောင်မြင်၍ သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့ရရှိခဲ့သည်။
 
- (၁၃၁၉)ခုနှစ်၊ (၁၉၅၇) သာသနာလင်္ကာရ သာမဏေကျော်ဘွဲ့ကိုရရှိခဲ့သည်။
 
- (၁၃၂၀)ခုနှစ်၊(၁၉၅၈) စစ်ကိုင်းမြို့ မဟာသုဗေရုံတိုက်ကိုနောင်တော်များနှင့်အတူတည်ထောင်ကာ ပဓာန စာချ၊တိုက်ကြပ်အဖြစ် အဆင့်ဆင့်တာဝန်များထမ်းဆောင်ခဲ့သည်။
 
- (၁၃၂၁)ခုနှစ်၊(၁၉၆၀)ပြည့်နှစ်တွင် နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရာကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ရောက်ရှိခဲ့သည်။ နောင်တော်ရင်းဖြစ်သော ဘဒ္ဒ န ္တနာရဒ ထံတွင် သဒ္ဒါ။ သင်္ဂဟဓပိဋက အခြေခံများ၊ ပထမပြန်စာမေးပွဲဆိုင်ရာ ကျမ်းစားများသင်ယူခဲ့ပြီး၊ ဇယမေဓနီ ၊ ဝါဆိုကျောင်းဆရာတော် ဘဒ္ဒ န္တ အဂ္ဃိယ (ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု) ထံဓမ္မာစရိယတန်းဆိုင်ရာ ကျမ်းစားများကို သင်ယူခဲ့သည်။ စစ်ကိုင်းမြို့ မဟာသုဗောဓာရုံ တိုက်ရှိ နောင်တော်များဖြစ်ကြသည့် နာယက၊ တိုက်အုပ်၊ တိုက်ကြပ်ဆရာတော်များထံတွင် သကျသီဟ၊ စေတိယင်္ဂဏတန်းဆိုင်ရာ ကျမ်းစာများကိုသင်ယူခဲ့သည်။ ရန်ကုန်မြို့ ဇမ္ဗူဒီပကျောင်းဆောင်တွင် တိပိဋကပါဠိ+မြန်မာအဘိဓာန်ကျမ်းပြုအဖြစ် ဆောင်ရွက်နေစဉ် ချမ်းမြေ့ရိပ်သာဆရာတော် ဘဒ္ဒ န္တ ဇနကာဘိဝံသထံတွင် အင်္ဂလိပ်ဘာသာကို စတင်သင်ယူခဲ့သည်။
 
- (၁၃၂၄)ခုနှစ်၊ (၁၉၆၃) ရန်ကုန်စေတိယင်္ဂဏ “ အဘိဝံသ” ဘွဲ့ကိုရရှိခဲ့သည်။
 
- (၁၃၂၅)ခုနှစ်၊ (၁၉၆၄) သာသနာဓဇဓမ္မယစရိယ ဝိနယပါဠိပါရဂူဘွဲ့ကိုရရှိခဲ့သည်။
 
- (၁၃၂၅)ခုနှစ်၊ (၁၉၆၄) မန ္တလေး သကျသီဟ အဘိဝံသဘွဲ့ကိုရရှိခဲ့သည်။
 
- (၁၃၃၂)ခုနှစ်၊ (၁၉၇၃)မှစတင်၍ ကျမ်းစာများရေးသားပြုစုခဲ့ရာ အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့် ကျမ်းစာများကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။
 
- (၁၃၃၉)ခုနှစ်၊ (၁၉၈၀) မှအစပြု၍ သာသနာရေးဆောင်ရွက်ချက်များ-ပထမအကြိမ်သံဃအဖွဲ့အစည်းအဆင့်ဆင့်အတွက် စစ်ကိုင်းမြို့နယ် သံဃနာယကအဖွဲ့ (ရွှေကျင်) အဖွဲ့ဝင် အဖြစ်လည်းကောင်း ၊ဓမ္မယစရိယစာမေးပွဲ အကျိုးဆောင် အဖြစ်လည်းကောင်း၊ နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် (ရွှေကျင်) အဖြစ်လည်းကောင်း ၊ ပထမပြန်စာမေးပွဲပြဋ္ဌာန်းကျမ်းစာ ပြင်ဆင်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နိကာယ်စာမေးပွဲစည်းမျဉ်း စည်းကမ်းရေးဆွဲရေး အဖွဲ့ဝင်၊နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့အမှတ်(၁/၉၈) ၏ ဝိနည်းဓိုရ် ၊ ပထမပြန်စာမေးပွဲကျင်းပရေး အဖွဲ့(စစ်ကိုင်း)၏ ပုစ္ဆကအဖွဲ့ ဥက္ကဌ အဖြစ်လည်းကောင်းဆောင်ရွက်ခဲ့သည်။
 
- (၁၃၄၇)ခုနှစ်၊ (၁၉၈၆) အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်နှင့် အရုဏ ချယ်ပရာဒေ့ရှ်မှ ရဟန်း၊ သာမဏေ၊ ကျောင်းသားငယ်များ အားမြန်မာစာနှင့် အဘိဓမ္မာ တို့ကိုပို့ချပေးခဲ့သည်။
 
- (၁၃၄၈)ခုနှစ်၊ (၁၉၈၇) သီရိလင်္ကာနိုင်ငံ၊ ဘော်ရဲလာမြို့ Y.M.B.A အသင်းတိုက်တွင် အဘိဓမ္မာကို အင်္ဂလိပ်ဘာသာဖြင့် ပို့ချပေးခဲ့သည်။
 
- (၁၃၅၀)ခုနှစ်၊ (၁၉၈၉) သီရိလင်္ကာနိုင်ငံ University of Kelaniya မှ M.A (Buddhist Studies) ဘွဲ့ကိုရရှိခဲ့သည်။
 
- (၁၃၅၅)ခုနှစ်၊ (၁၉၉၄) အမေရိကန်ပြည်ထောင်စု၊မေရိလင်းပြည်နယ်၊ဘိလ်ဗားစပရင်းမြို့ ၊မင်္ဂလာရာမကျောင်းတိုက်တွင် မြန်မာဗုဒ္ဓဘာသာဝင်တို့အား အဘိဓမ္မာဘာသာရပ်ကိုပို့ချပေးခဲသည်။
 
- (၁၃၅၇)ခုနှစ်၊ (၁၉၉၆) နိုင်ငံတော်မှ “ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ” ဘွဲ့ကိုဆက်ကပ်ခဲ့သည်။ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ပါမောက္ခအဖြစ် ဆောင်ရွက်ကာ Department of Language Studies တွင် English Diploma Class နှင့် B.A တန်းများရှိ ဘာသာရပ်များကို လည်းကောင်း၊ အမေရိက၊ ကိုရီးယား၊ မက္ကဆီကို၊ ဂျာမဏီ၊ ပြင်သစ် စသောနိုင်ငံများမှ ကျောင်းသား/ကျောင်းသူများအား ပါဠိဘာသာ၊အဘိဓမ္မာ ဘာသာရပ်များကို လည်းကောင်းသင်ကြားပို့ချပေးခဲ့သည်။
 
- (၁၃၅၈)ခုနှစ်၊ (၁၉၉၇) အမေရိကန်ပြည်ထောင်စု၊ ဘော်လတီမိုးမြို့၊ ကေလာသဝိဟရကျောင်းရှိ မြန်မာဗုဒ္ဓဘာသာဝင်တို့အား အဘိဓမ္မ ညသင်တန်းပို့ချပေးခဲ့သည်။
 
- (၁၃၆၀)ခုနှစ်၊ (၁၉၉၉) ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ သြဝါဒစရိယ ဧည့်ပါမောက္ခအဖြစ် ပြည်တွင်းပြည်ပကျောင်းသားများအား စာပေပို့ချပေးခဲ့သည်။
 
- (၁၃၆၁)ခုနှစ်၊ (၂၀၀၀) နိုင်ငံတော်မှ “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့ကိုဆက်ကပ်ခဲ့သည်။
- (၁၃၆၄)ခုနှစ်၊ (၂၀၀၃) အိန္ဒိယနိုင်ငံ၊ မဂဓတက္ကသိုလ်မှ Ph.D ဒေါက်တာဘွဲ့ကိုရရှိခဲ့သည်။ ထိုနှစ်မှစတင်၍ ဂျာမဏီ၊ နယ်သာလန်၊ သြစတြီးယား၊ အင်္ဂလန်၊ စင်္ကာပူ၊ မလေးရှား၊ ကိုးရီးယား နိုင်ငံများသို့ နှစ်စဉ်မပျက်ကြွရောက်၍ အဆိုပါနိုင်ငံသားများအား အဘိဓမ္မာသင်တန်းများ သင်ကြားပို့ချပေးလျက်ရှိသည်။
 
- (၁၃၆၇)ခုနှစ်၊ (၂၀၀၆) ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်သည်။
 
- ယခုအခါ ဒေါက်တာ ဘဒ္ဒန ္တနန္ဒမာလာဘိဝံသ သည်စစ်ကိုင်းမြို့ မဟာသုဗောဓာရုံစာသင်တိုက် ၏ပဓာနနာယကဆရာတော် တာဝန်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ပါမောက္ခချုပ်တာဝန်များကို ထမ်းဆောင်ရင်း Diploma သင်တန်းများနှင့် B.A ပ၊ဒု၊တတိယ နှစ်များတွင် စာပေပို့ချပေးတော်မူခြင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ်၊ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ ပါမောက္ခချုပ် အဖြစ် တာဝန်ထမ်းဆောင်ရင်း လူသားများအကျိုးအတွက် တရားဓမ္မများ ဟောပြောခြင်းဖြင့် သာသနာပြုလျက်ရှိသည်။<ref> http://www.dhammadownload.com/Dr-Nandamalabhivamsa-VideoInMyanmar.htm ; </ref>
 
== ထေရုပ္ပတ္တိ ==