ဆင်ဖြူရှင်မင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၅၅ -
===တတိယ တရုတ်-မြန်မာ စစ်ပွဲ===
[[File:Third Qing Burmese war.PNG|thumb|တတိယ တရုတ်-မြန်မာ စစ်ပွဲ|186x186px]]
နောက်တစ်နှစ်ဖြစ်သော သက္ကရာဇ် ၁၁၂၉ ခုနှစ်တွင် တရုတ်တပ်တို့ တတိယအကြိမ် ချီလာပြန်၏။ ထိုအကြိမ်တွင် တရုတ်ဧကရာဇ်ဘုရင်၏ သားမက်တော် မြင်းခုံရဲ([[မင်းဂျူအီမင်းယွီ]]) ကိုယ်တိုင်အုပ်ချုပ်လျက် မြင်းသည် သုံးသောင်း၊ ခြေသည် သုံးသိန်းဖြင့် ချီလာသည်။ တရုတ်တို့သည် သိန္နီမြို့ကိုတိုက်ခိုက်သိမ်းယူပြီးလျှင် ရိက္ခာထောက် အဆက်အလက်များနှင့်တကွ အခိုင်အမာပြုကာ သီပေါသို့စစ်တစ်ကြောင်း၊ ဗန်းမော်သို့ စစ်တစ်ကြောင်း ချီတက်တိုက်ခိုက်၏။ ထိုအခါ မဟာစည်သူ၏ တပ်သည် သီပေါကြောင်းချီလာသော တရုတ်တို့ကို ဆီးကြို တိုက်ခိုက်ရသည်။ မဟာသီဟသူရတပ်သည် တရုတ်တို့၏ ရိက္ခာထောက်တပ်များကို နောက်ကလှည့်တိုက်ရန် ဘော်ကြိုကြောင်းချီရသည်။ ဗန်းမော်ကြောင်း ချီသောတရုတ်တပ်တို့ကို လက်ဝဲဝင်းမှူးတပ်က ဆီးကြို တိုက်ခိုက်ရလေသည်။ မဟာစည်သူ၏ တပ်မှာမခံနိုင်၍ မြန်မာတပ်တော်များမှာ ကတိမ်းကပါး ကစီကရင်ရှိလေသည်။ မဟာစည်သူ၏ တပ်ကို အောင် မြင်လာခဲ့သော မြင်းခုံရဲသည် ဆက်လက်ချီတက်လာခဲ့ရာ၊ မေမြိုဒေသကိုမေမြို့ဒေသကို ဖြတ်ကျော်ပြီးနောက် မေမြို့နှင့် ၈ မိုင်ကွာ အင်းဝမှ မိုင် ၃ဝ ခန့်သာဝေးသော ဆင်ခေါင်းသို့စဉ့်ကူး သို့ တပ်ဦး ရောက်လာခဲ့၏။ မြန်မာတို့ဖက်မှ မဟာသီဟသူရတို့တပ်သည် တရုတ်တို့၏ ရိက္ခာထောက် နောက်တပ်များကို တိုက်ခိုက် ပြီးနောက် လားရှိုးနှင့် သံလွင်မြစ်ပေါ်ရှိ ကွန်းလုံကူးတို့ဆိပ်ကို ချီတက် သိမ်းယူလိုက်ရာ တရုတ်ပြည်မှ ရိက္ခာထောက်တပ်များ မပေါက်ရောက်နိုင်ရှိလေသည်။ ထို့နောက် လက်ဝဲဝင်းမှူးတို့ တပ်နှင့် ပူးပေါင်းမိ၍ သိန္နီရှိ တရုတ်တပ်မကြီးကို တိုက်ခိုက်ရာ၊ တရုတ်တို့ ငတ်မွတ်လှသည်နှင့် ကောင်းစွာ မခံနိုင်ဘဲ တပ်လုံးပျက်ကာ ဆုတ်ခွာထွက်ပြေးလေသည်။ မြစ်ငယ်ကြောင်းချီ၍ ဆင်းခေါင်းသို့ရောက်နေသောစဉ့်ကူး သို့ရောက်နေသော မြင်းခုံရဲ၏ တပ်တို့ကိုလည်း မဟာစည်သူတပ်က ထပ်မံတိုက်ခိုက်ပြန်ရာ၊ တရုတ်တို့ ရိက္ခာပြတ်နေချိန် ဖြစ်သည့်အတွက် တပ်ပျက်ကာ ဆုတ်ခွာရသည်။ စစ်ဝိုင်းခံနေရချိန်၌ မြင်းခုံရဲသည် ကျစ်ဆံမြီးကို တရုတ် ဧကရာဇ်ဘုရင်ထံသို့ ဖြတ်၍ပို့ရန် မှာကြားလျက် မိမိကိုယ်ကိုမိမိ အဆုံးစီရင်သွားလေသည်။ မဟာစည်သူတပ်နှင့် မဟာသီဟသူတပ်တို့မှာ ပူးပေါင်းမိသွားကာ တရုတ်တို့ကို ထပ်မံ လိုက်တိုက်ပြန်ရာ တရုတ်တို့သည် တရုတ်ပြည် တိုင်အောင် ဆုတ်ခွာကြရလေသည်။ ဗန်းမော်ကြောင်းချီလာ၍ ဗန်းမော်မြို့ကို အထပ်ထပ်ဝန်းရံ လုပ်ကြံခဲ့သော်လည်း ဗလမင်းထင် အကွပ်အညှပ်နာ၍ မရနိုင်ရှိခဲ့သော တရုတ်တို့တပ်လည်း သီပေါ ကြောင်းချီ တပ်ကြီးပျက်ကြောင်းကြားလျှင် အရံဖြုတ်ကာ ထွက်ပြေးသွားလေသည်။
 
===စတုတ္ထ တရုတ်-မြန်မာ စစ်ပွဲ===