နယ်သာလန်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎လူမှုအခြေပြ
စာကြောင်း ၁၂၁ -
 
== လူမှုအခြေပြ ==
[[File:Population of the Netherlands 1900-2000.png|thumb|၁၉၀၀ မှ ၂၀၀၀ ခုနှစ်ထိ နယ်သာလန်နိုင်ငံ၏ လူဦးရေ]]
၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁ ရရက်နေ့စာရင်းအရ နယ်သာလန်နိုင်ငံတွင် ခန့်မှန်းလူဦး​ရေ ၁၇,၄၂၄,၉၇၈ ရှိပြီး မြို့ပြနိုင်ငံ အဆင့်သာရှိသော နိုင်ငံငယ်များဖြစ်သည့် [[မိုနာကိုနိုင်ငံ]]၊ [[ဆန်မာရီနိုနိုင်ငံ]]နှင့် [[ဗာတီကန်စီးတီး]]တို့အား ထည့်သွင်းတွက်ချက်ခြင်းမပြုပါက ဥရောပတွင် ပဉ္စမမြောက်လူဦးရေ သိပ်သည်းမှု အများဆုံးနိုင်ငံ ဖြစ်သည်။<ref name="auto"/> ကမ္ဘာပေါ်တွင် ၁၂ နိုင်ငံမြောက် လူဦးရေ သိပ်သည်းမှုအများဆုံးသော နိုင်ငံဖြစ်ပြီး သိပ်သည်းမှုမှာ {{convert|521|/km2}} ရှိသည်။ ထို့ပြင် ကမ္ဘာပေါ်တွင် ၆၄ နိုင်ငံမြောက် လူဦးရေ အများဆုံးနိုင်ငံဖြစ်သည်။ ၁၉၀၀ မှ ၁၉၅၀ ခုနှစ်အတွင်း နိုင်ငံ့လူဦးရေသည် နှစ်ဆနီးပါး မြင့်တက်သွားကာ ၅.၁ မှ ၁၀ မီလီယံအထိ မြှင့်တက်ခဲ့သည်။ ၁၉၅၀ ခုနှစ်မှ ၂၀၀၀ ခုနှစ်အတွင်း လူဦးရေသည် ဆက်လက်မြှင့်တက်လာခဲ့ရာ ၁၅.၉ မီလီယံထိ ရောက်ရှိလာခဲ့ပေမယ့် တိုးတက်နှုန်းမှာ နှေးကွေး‌သွားခဲ့သည်။<ref>[http://statline.cbs.nl/StatWeb/publication/?DM=SLEN&PA=37556ENG&D1=0-44,53-60&D2=1,11,21,31,41,51,61,71,81,91,101&LA=EN&VW=T CBS Statline – Population; history]. Statistics Netherlands. Retrieved on 8 March 2009.</ref> ခန့်မှန်းလူဦးရေ တိုးတက်မှုနှုန်းမှာ ၂၀၁၃ ခုနှစ်တွင် ၀.၄၄% ရှိသည်။<ref name="cia-worldfactbook-nl">{{cite web|title=The World Factbook – Netherlands|url=https://www.cia.gov/library/publications/the-world-factbook/geos/nl.html|publisher=Central Intelligence Agency|accessdate=၁၈ မေ ၂၀၂၀}}</ref>
 
[[File:Netherlandspop.svg|thumb|left|Population pyramid of the Netherlands in 2017]]
 
အမျိုးသမီးများ၏ တစ်နှစ်အတွင်း ကလေးအရှင်မွေးဖွားနှုန်း(fertility rate)သည် ၂၀၁၈ ခုနှစ် ခန့်မှန်းနှုန်းအရ အမျိုးသမီးတစ်ဦးလျှင် ကလေး ၁.၇၈ နှုန်းရှိပြီး<ref name="cia-worldfactbook-nl"/> အခြား ဥရောပနိုင်ငံများစွာနှင့် နှိုင်းယှဉ်လျှင် မြင့်မားနေသောလည်း သက်ကြီးရွယ်အိုနိုင်ငံသားများအတွက် အစားထိုးလိုလားချက်(sub-replacement fertility)ဖြစ်သော အမျိုးသမီးတစ်ဦးလျှင် ကလေး ၂.၁ နှုန်းနှင့်ယှဉ်လျှင် နိမ့်၍နေပြီး ၁၈၇၉ ခုနှစ်မှ နှုန်းဖြစ်သည့် အမျိုးသမီးတစ်ဦးလျှင် ကလေး ၅.၃၉ နှုန်းနှင်စာလျှင်လည်း နိမ့်ကျ၍နေသေးသည်။.<ref>{{citation|url=https://ourworldindata.org/grapher/children-born-per-woman?year=1800&country=ITA|title=Total Fertility Rate around the world over the last centuries|author=Max Roser|date=2014|work=Our World In Data, Gapminder Foundation|access-date=၂၀ မေ ၂၀၂၀|archive-url=https://web.archive.org/web/20180807185906/https://ourworldindata.org/grapher/children-born-per-woman?year=1800&country=ITA|archive-date=7 August 2018|url-status=dead}}</ref> ထို့ပြင် နယ်သာလန်နိုင်ငံသည် ကမ္ဘာပေါ်ရှိ သက်ကြီးရွယ်အို လူဦးရေများစွာရှိသော နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး နိုင်ငံသားအားလုံး၏ ပျမ်းမျှအသက်သည် ၄၂.၇ နှစ် ဖြစ်သည်။<ref name="cia-worldfactbook-nl"/> မျှော်မှန်းသော သက်တမ်းမှာ နယ်သာလန်နိုင်ငံ၌ မြင့်မားလျက်ရှိပြီး အမျိုးသမီးများအတွက် ၈၃.၂ နှစ်ဖြစ်ပြီး အမျိုးသားများအတွက် ၇၈.၉ နှစ် (၂၀၁၃ ခုနှစ် ခန့်မှန်းအရ) ဖြစ်သည်။<ref name="cia-worldfactbook-nl"/> နိုင်ငံတွင် ရွေ့ပြောင်းနေထိုင်သူနှုန်းမှာ တစ်နှစ်တွင် အခြေချနေထိုင်သူ ၁၀၀၀ တွင် ရွေ့ပြောင်းနေထိုင်သူ ၂.၀ နှုန်းရှိသည်။<ref name="cia-worldfactbook-nl"/> နယ်သာလန်နိုင်ငံ၏ လူဦးရေတွင် အဓိကမှာ ဒတ်ချ်လူမျိုးများဖြစ်ပြီး ၂၀၀၅ ခုနှစ် ခန့်မှန်းအရ လူဦး​ရေ၏ ၈၀.၉% မှာ ဒတ်ချ်လူမျိုးများဖြစ်ပြီး အင်ဒိုနီးရှား ၂.၄%၊ ဂျာမန် ၂.၄%၊ တူရကီ ၂.၂%၊ ဆူရာနမ် ၂.၀%၊ ​မော်ရိုကို ၀.၈%၊ နယ်သာလတ် ကာရစ်ဘီယံ​ဒေသနှင့် အာရူးဘားမှ ၀.၈%နှင့် အခြားလူမျိုး ၇.၄%ရှိသည်။<ref>{{cite web|url=http://www.cbs.nl/NR/rdonlyres/CCD504EA-9D41-40C2-AE28-BFB0A51C2045/0/2005k3b15p096art.pdf|title=Demografie van de allochtonen in Nederland|publisher=Centraal Bureau voor de Statistiek|author=Garssen, Joop, Han Nicolaas and Arno Sprangers|year=2005|language=Dutch|accessdate=၂၀ မေ ၂၀၂၀}}</ref> နယ်သာလန်နိုင်ငံ၌ ​နေထိုင်ကြ​သော ၁၅၀,၀၀၀ မှ ၂၀၀,၀၀၀ ထိ​သော လူများမှာ အခြား​သော နိုင်ငံများမှ အလုပ်နှင့် အခြား​သော အ​ကြောင်းအရာများဖြင့် ​​ရောက်ရှိလာကြသူများဖြစ်ပြီး [[အမ်စတာဒမ်မြို့]]နှင့် [[ဟိတ်မြို့တော်|ဟိတ်မြို့]]တို့တွင် အဓိက​နေထိုင်ကြပြီး ယခုအခါတွင် ထိုမြို့များ၏ လူဦး​ရေ၏ ၁၀% ခန့်ရှိ၍ ​နေပြီဖြစ်သည်။<ref>{{cite web|url=http://www.verhurenaanexpats.nl/verhuren-aan-expats/expats-de-feiten/|title=Expats in Nederland|url-status=dead|archiveurl=https://web.archive.org/web/20141019004614/http://www.verhurenaanexpats.nl/verhuren-aan-expats/expats-de-feiten/|archivedate=19 October 2014}}</ref><ref>{{cite web|url=http://www.onsamsterdam.nl/tijdschrift/jaargang-2011/1158-nummer-11-12-november-december-2011.html?start=4|title=Feiten en cijfers over immigratie – Pagina 5|work=Ons Amsterdam}}</ref>
 
 
ဒတ်ချ်လူမျိုးများသည် နိုင်ငံသားအလိုက်ဆိုရင် ကမ္ဘာ​ပေါ်တွင် အရပ်အရှည်ဆုံး​သော သူများဖြစ်ပြီး<ref name="Science 2015-04-07">{{cite news|last=Enserink|first=Martin|date=7 April 2015|title=Did natural selection make the Dutch the tallest people on the planet?|url=http://news.sciencemag.org/biology/2015/04/did-natural-selection-make-dutch-tallest-people-planet|newspaper=Science (journal)|location=Amsterdam|access-date=၂၀ ​မေ ၂၀၂၀}}</ref> ၂၀၀၉ ခုနှစ်တွင် ပျမ်းမျှအရပ်မှာ အရွယ်​ရောက်ပြီးသား ​ယောကျ်ား​လေးတစ်​ယောက်၏ အရပ်မှာ {{convert|1.81|m|ftin|1|abbr=out}} ရှိပြီး အရွယ်​ရောက်ပြီး အမျိုးသမီးမှာ {{convert|1.67|m|ftin|1|abbr=out}} ရှိသည်။ <ref>{{cite web|url=http://statline.cbs.nl/StatWeb/publication/?VW=T&DM=SLNL&PA=03799&D1=242,254,267-270&D2=0-17&HD=081103-1603&HDR=T.&STB=G1|publisher=Centraal Bureau voor de Statistiek|title=Reported health and lifestyle|accessdate=၂၀ ​မေ ၂၀၂၀}}</ref> ​တောင်ပိုင်းတွင်ရှိ​သော နိုင်ငံသားများမှာ ပျမ်းမျှအားဖြင့် ​မြောက်ပိုင်းတွင်​နေထိုင်သူများထက် အရပ် {{convert|2|cm|1|abbr=in}} ခန့် ပို၍ ပုသည်။
 
== ယဉ်ကျေးမှု ==