"ဒုတိယ မင်းခေါင်" ၏ တည်းဖြတ်မှု မူကွဲများ

၄၆၉၅ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁၁ လ
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
(စာသားပြင်)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
အုပ်စိုးသည်။ သီဟသူသည် သက္ကရာဇ် ၈၆၂ ခုနှစ် (၁၅၀၁) တွင်
အနိစ္စရောက်သည်။
====မြင်းစီးကောင်းသော ဒုတိယမင်းခေါင်====
 
အင်းဝ ဒုတိယမင်းခေါင် (၈၄၂-၈၆၃)သည် သီလ ၊ သမာဓိ ၊ ပညာနှင့် ပြည့်စုံ၍ အတတ် ၁၈ ပါးကို တတ်တော်မူသည်။ အထူးသဖြင့် လေးအတတ်နှင့် မြင်းစီးအတတ်ကို ပိုမို၍ တတ်တော်မူ၏။
 
ဤမင်းသည် မြင်းစီးခြင်း ၁၇ ပါး တတ်သည်ဟု ကျော်စော၏။
 
( ၁) မြင်းပြေးစဉ်တွင် ခြေစုံရပ်၍ စီးခြင်း၊
 
(၂) မြင်းပြေးစဉ်တွင် ခြေတစ်ဖက်သာ ရပ်၍ စီးခြင်း၊
 
( ၃) မြင်းပြေးစဉ်တွင် မှောက်ခုံ ၊ အလျား ၊ က တွင် ဝပ်၍ ကဦး ၊ ကညောင်း ပြောင်းခြင်း (ကဦး = ကုန်းရှေ့ ၊ ကညောင်း = ကုန်းနောက်)
 
( ၄) မြင်းပြေးစဉ်တွင် က ၌ လက်တစ်ဖက်ပြု၍ ဘယ်ညာပြောင်းခြင်း၊
 
( ၅) မြင်းပြေးစဉ်တွင် ချပ်ဝတ်ခြင်း ၊ ဓား လှံ လဲလှယ်ဖယ်ခြင်း၊
 
( ၆) မြင်းပြေးစဉ်တွင် အသူရာ တည်ဟန်ပြု၍ ခြေကို မိုးမြှောက် ခေါင်းဦးစောက်ပြုခြင်း၊
 
( ၇) မြင်းပြေးစဉ်တွင် လက်နှစ်ဖက်ဖြင့် က ကို ကိုင်၍ မြင်းနံတောင်းသို့ ကိုယ်ကို တံခွန် လွှားဟန်ပြုခြင်း၊
 
( ၈) မြင်းပြေးစဉ်တွင် ထက်ဝယ်ဖွဲ့၍ စီးခြင်း၊
 
( ၉) မြင်းပြေးစဉ်တွင် မြင်းမိုရ်တောင်ကို နဂါးပတ်ဟန်ပြု၍ မြင်းလည်ကို ဦးခေါင်းဖြင့်လျှိုလျက် ခရုပတ်လှည့်ပြီးလျှင် တစ်ဖက်ကသည် တစ်ဖက်သို့ လည်၍ရောက်ခြင်း၊
 
(၁၀) မြင်းပြေးစဉ်တွင် မြင်းခုံ၌ ရပ်၍စီးခြင်း၊
 
(၁၁) မြင်းပြေးစဉ်တွင် မြင်းမှ သက်၍ တစ်ဖန် ကုန်းထက်သို့ ရောက်ပြန်မိခြင်း၊
 
(၁၂) မြင်းပြေးစဉ်တွင် ဆံဖြတ်ဟန်၊ မျောက်မြေစမ်းဟန်၊ ကောင်းကင်သို့ ကသိုဏ်းရှုဟန်၊ ခြင်္သေ့ စံပယ်ဟန် စီးခြင်း၊
 
(၁၃) မြင်းပြေးစဉ်တွင် မြေသို့ သက်၍ လက်ဝဲမှ လက်ယာ ၊ လက်ယာမှ လက်ဝဲ ခုန်တက်၍ ခြေရာမတိမ်း ကျခြင်း၊
 
(၁၄) လျင်ခြင်းကို မျှစေခြင်း၊
 
(၁၅) လျင်ခြင်းကို လွန်စေခြင်း၊
 
(၁၆) မြင်းပြေးစဉ်တွင် ဘီလူးဖမ်းဟန် စီးခြင်း၊
 
(၁၇) မြင်းပြေးစဉ်တွင် အသူရာတည်ဟန် စီးခြင်း။
 
ဤသို့ စီးခြင်း ၁၇ ပါးကို ပြတော်မူနိုင်၏။ ဆင်အတတ်ကိုလည်း တတ်၏။ ရေးမှု ၊ သားမှု ၊ ပွတ်မှု စသော ပညာ အထွေထွေ အပြားပြား တတ်၏။ ဉာဏ်ပညာ လျင်မြန်၏။ ပညာရှိကို မြတ်နိုး၍ ချီးမြှောက်၏။ သို့ကြောင့်လည်း ထိုမင်းလက်ထက်၌ ပညာရှိ ပေါများ၍ တိုင်းပြည် ချမ်းသာ၏။<ref>မြန်မာ့ဂုဏ်ရည်ရာဇဝင်ဖတ်စာ (ဦးဖိုးကျား)</ref>
 
ဒုတိယမင်းခေါင်သည် တောင်ငူ [[မင်းကြီးညို]] အား မဟာ
၃၇၅

တည်းဖြတ်မှုများ