ရွှေနန်းကြော့ရှင် နရပတိ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁ -
'''ရွှေနန်းကြော့ရှင် နရပတိ''' (၂၂ စက်တင်ဘာ ၁၄၇၆ – ၂၅ မတ် ၁၅၂၇) သည် [[ဒုတိယ မင်းခေါင်]] နောက် နန်းတက်သည့် မင်းဖြစ်သည်။ ၁၅၀၁-ခုနှစ်၊ ဧပြီလ(၇)ရက်နေ့တွင် နန်းတက်သည်။ သူ့လက်ထက်တွင် လှပတင့်တယ်သည့် နန်းတော်ကို တည်ဆောက်စံမြန်းသဖြင့် ရွှေနန်းကြော့ရှင် ဟူသောဘွဲ့ဖြင့် ထင်ရှားသည်။ နန်းတက်စအချိန်မှစတင်ကာ လက်အောက်ခံ ပဒေသရာဇ်များဖြစ်သည့် [[တောင်ငူ]]မှ [[မင်းကြီးညို]] ၊ မြောက်ဖက်မှ [[မိုးညှင်းစလုံ]] နှင့် [[ပြည်]]မှ သတိုးမင်းစော အစရှိသည့်သူများ၏ အာခံမှု၊ ပုန်ကန်မှုများကို ခံခဲ့ရသည်။ မြန်မာသက္ကရာဇ် ၈၈၅ (မတ်လ ၁၅၂၅) အရောက်တွင် ပြည်နှင့် မိုးညှင်း အင်အားနှစ်ရပ်ပေါင်းကာ အင်းဝကိုတိုက်ခိုက်လာရာ မခုခံနိုင်တော့သဖြင့် [[အင်းဝ]]နန်းကို စွန့်ကာယခု မေမြို့အနီး ဆင်ခေါင်း၊ ဝက်ဝံသို့ ထွက်ပြေးရသည်။ ပြည်နှင့် မိုးညှင်းတပ်များ အင်းဝမှပြန်လျှင် မိမိမဟာမိတ် အုန်းဘောင်စော်ဘွား၏ အင်အားအထောက်အပံ့နှင့် အင်းဝတွင် တဖန်ပြန်လည် မင်းပြု၍ အင်အား ထူထောင်ပြန်သည်။ တောင်ငူဘုရင် မဟာသီရိဇေယျသူရလည်း အင်းဝကို မိုးညှင်းရှမ်းများ တိုက်ခိုက်ကြောင်း ကြားသိလေလျှင် အင်းဝနယ် တောင်ဘက်တလွှား မြို့ရွာတို့ကို တိုက်ခိုက်သိမ်းယူလေသည်။ [[ရေနံ့သာစား ငရွှေကျိုင်း]]
 
 
ထိုအကြောင်းကို ကြားသော မိုးညှင်းစလုံသည် သက္ကရာဇ် ၈၈၈-ခုနှစ်(AD၁၅၂၇)တွင် သား[[သိုဟန်ဘွား]]နှင့်အတူ အလုံးအရင်းကြီးစွာနှင့် အင်းဝသို့ ချီလာပြန်သည်။ ပုခန်းကြီးတွင် တိုက်ပွဲကြီးစွာ ဖြစ်ပွားခဲ့ပြီး အင်းဝအိမ်ရှေ့မင်း အနိစ္စရောက်ခဲ့ရသည်။ မိုးညှင်းစလုံသည် ဟန်လင်းမှတစ်ဆင့် စစ်ကိုင်းသို့ ချီလာရာ အင်းဝကို ဝိုင်းရံလေသည်။ ရွှေနန်းကျော့ရှင်နရပတိလည်း အုန်းပေါင်ခွန်မိန်းငယ် မရောက်သေးသောကြောင့် အင်အားမမျှသေး၍ ထွက်မတိုက်ချေ။ မိုးညှင်းတပ်များသည် အင်းဝမြို့ကို ရှစ်ရက်ဝိုင်းရံခဲ့ပြီး နောက်ဆုံးတွင် ဆင်မြင်းအလုံးအရင်းနှင့် မြို့တွင်းသို့ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့သည်။ အင်းဝမြို့ ပေါက်၍ ရွှေနန်းကျော့ရှင်သည် ရွှေစာတိုက်ဟူသော ဆင်ကို စီး၍ ထွက်တော်မူသောအခါ မိုးညှင်းစလုံ၏ သားတော် သိုဟန်ဘွားသည် ဆင်နှင့်ခံ၍ တိုက်လေသည်။ ရွှေနန်းကျော့ရှင်နရပတိမင်းသည် ဦးခေါင်းတွင် အမြောက်ဆံသင့်ကာ နတ်ရွာစံလေသည်။ သို့ဖြင့် ရွှေနန်းကြော့ရှင်နရပတိသည် မြန်မာ့သမိုင်း တစ်လျှောက်တွင် တစ်ဦးတည်းသော အမြောက်ဆံသင့်၍ ကျဆုံးရသည့်မင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။