"ဆီးပန်းနီဆရာတော်" ၏ တည်းဖြတ်မှု မူကွဲများ

၁၆၅၀၉ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁၁ လ
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂန္တဝင် +ဂန္ထဝင်))
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
==ဆီးပန်းနီဆရာတော်==
 
ဆီးပန်းနီဆရာတော်မှာ သီပေါဘုရင်ပါတော်မူပြီးနောက် မြန်မာ့မျိုးချစ်စိတ်ဓာတ် ဇာတိသွေးများကိုတစ်နိုင်ငံလုံးပေါက်ပွားလာအောင် စာ ပေလက်နက်ဖြင့်နှိုးဆွပေးခဲ့သော မျိုးချစ်ဇာတိမာန်ဆရာတော်ကြီးဖြစ်သည်။ ဆရာတော်၏ အမျိုး၊ဘာသာ၊သာသနာတော်အတွက် ဆောင်ရွက်ချက်များသည် ထင်ရှားသောမှတ်တိုင်များ အဖြစ်ကျန်ရစ်သည်။ ဆရာတော်၏“တစ်ဖန်မှမှတ်စေအစချီလေးချိုး ဧကပိုဒ်ရတု ဖြစ်သည့်-
 
“ထီးသုဉ်းနန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ သုဉ်းရပြန်လစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ တို့တစ်တွေသည် သေသော်မှတည့်၊ သြော်…..ကောင်း၏”
ဟူသည်မြန်မာစာပေသမိုင်းစာမျက်နှာများ၌ ထင်ရှားလှပေသည်။ အဆိုပါဆရာတော်၏ ဧကပိုဒ်ရတုကြောင့် မထမကြွ အေးမြနုန့်နှေးနေ သည့် ဇာတိသွေးကိုဖော်ဆောင်၍ မြန်မာ့လွတ်လပ်ရေးကိုအသက်ထက်တန်ဖိုးထား၍ လွတ်လပ်ရေးတိုက်ပွဲအတွင်းသို့ပါဝင်ရန် စည်းရုံး လှုံဆော်ပေးခဲ့လေသည်။
 
ထို့ပြင်ပါတော်မူရသည်မှာ ဘုရင်မင်းတစ်ပါးတည်းညံ့ဖျင်း၍မဟုတ်။ ဘုရင့်အပါးမှမင်းမြှောင်မှူးကြီးမတ်ရာသို့ သစ္စာမဲ့မှုကြောင့်လည်း သီပေါဘုရင်ပါတော်မူရသည်။ တိုင်းပြည်ကျွန်သဘောက်ဖြစ်ရသည်ဟူ၍ ဆရာတော်ကပြင်းပြင်းထန်ထန်ရေးသား ထားသည်မှာ ထိုခေတ်နန်းတွင်းရေးကိုလည်း မီးမောင်းထိုးပြလိုက်သည်နှယ်ဖြစ်သည်။
 
ဆီးပန်းနီ(ဆီးဘန်းနီ) ဆရာတော်မှာ မင်းတုန်းမင်းကြီးလက်ထက်တွင် ထင်ရှားခဲ့သောဆရာတော်ဖြစ်သည်။ ဘိုးတော်မင်းတရားလက် ထက် အတိုင်ပင်ခံအမတ်ကြီး မဟာရာဇသြင်္ကန်၏သားဖြစ်၍ မြန်မာသက္ကရာဇ် ၁၁၇၃ ခု၊ ပြာသိုလပြည့်ကျော်(၁)ရက် (ခရစ်နှစ် ၁၈၁၁ခု၊ ဒီဇင်ဘာ၂၉ရက်) စနေနေ့တွင် အနောက်ဘက်မင်းကွန်းရွာ၌ ဖွားမြင်တော်မူသည်။ ငယ်မည်မှာမောင်မှော်ဖြစ်လေသည်။
အရွယ်သို့ရောက်လျှင်ရဟန်းပြု၍ စလင်းမင်းသားကြီး၏ဆရာတော်၊ မြသိန်းတန်ဆရာတော်သို့ထံပညာဆည်းပူး၍ ပိဋကတ်ကျမ်းဂန်တတ် မြောက်လေသည်။ သာမဏေဘွဲ့မှာ “ရှင်နရိန္ဒ”ဖြစ်သည်။ စာပေပညာလွန်စွာထူးချွန်သဖြင့် ကျောင်းသားအဖြစ်နှင့်တစ်ကြိမ်၊ သာမဏေအ ဖြစ်နှင့်နှစ်ကြိမ် ပေါင်းသုံးကြိမ်မျှ ငယ်စဉ်ကပင်ပထမစာတော်ပြန်ပွဲ ဝင်နွှဲပြန်ဆိုအောင်မြင်ခဲ့သည်။
 
ရဟန်းအဖြစ်ရောက်ပြီးနောက် ရွှေဘိုမင်းနှင့်ပုဂံမင်းလက်ထက်တွင် အမရပူရမြို့မိုးထိတိုက်၌ သီတင်းသုံးလျှက် ပြည်ဆရာတော်၊ မိုးထိဆ ရာတော်ဘုရားကြီးတို့ထံတွင် ပညာဆည်းပူးသည်။ ရဟန်းဘွဲ့မှာ“အရှင်နရိန္ဒဓဇ”ဖြစ်သည်။ ဆရာတော်သည် လောကီ၊ လောကုတ္တရာစာ ပေပေါင်းများစွာကို ပြုစုတော်မူခဲ့၏။ အထူးသဖြင့် ကဗျာလင်္ကာ၌ လွန်စွာပွန်တီးတော်မူသဖြင့် ကဗျာလင်္ကာပေါင်းစွာပြုစုတော်မူခဲ့လေ သည်။ ဆရာတော်ဘုရား၏စာပေတို့ကိုစုစည်း၍ ယခုအခါ “ကဝိမဏ္ဍနမေဒနီ”ဟူသောအမည်ဖြင့် ကျမ်းစာအုပ်ထုတ်ဝေထားသည်။
 
ဆီးပန်းနီဆရာတော်ဘုရားအား မင်းတုန်းမင်းလက်ထက်နှင့် သီပေါမင်းလက်ထက်တို့တွင် ဘွဲ့တံဆိပ်သုံးတန်ခံယူရရှိခဲ့သည်။ ယင်းတို့မှာ
 
၁။နရိန္ဒာဘိသီရိသဒ္ဓမ္မ မဟာဓမ္မရာဇာဓိရာဇဂုရု
၂။နရိန္ဒာဘိသီရိသဒ္ဓမ္မ ဇောတိပါလဓဇမဟာ ဓမ္မရာဇာဓိရာဇဂုရု
၃၊နရိန္ဒာဘိဇေအတုလာဓိပတိ သီရိပဝရမဟာဓမ္မရာဇာဓိရာဇဂုရု ဟူ၍ဖြစ်သည်။
ပထမဘွဲ့တံဆိပ်နှင့် ဒုတိယဘွဲ့တံဆိပ်မှာ မင်းတုန်းမင်းတရားက ကပ်လှူခြင်းဖြစ်၍ တတိယဘဲ့ွတံဆိပ်မှာ သီပေါမင်းတရားက ကပ်လှူခဲ့ ခြင်းဖြစ်လေသည်။
 
ဆီးပန်းနီဆရာတော်ဘုရားသည် စာပေအမျိုးမျိုးကိုပြုစုတော်မူရုံမျှသာမက ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ တော်နှစ်ရပ်ကို ကိုယ်တိုင်ကိုယ်ကျ ထမ်းဆောင်တော်မူခဲ့သည်။ အမရပူရမှမန္တလေးသို့ပြောင်းလာသည်အထိ ဆီးပန်းနီတိုက်တွင် စာချအ ကျော်အမော်ဖြစ်၍ ဆီးပန်းနီဆရာတော်ဘုရားကလေးဟု ထင်ရှားခဲ့သည်။ မန္တလေးမျက်ပါးရပ်ဆီးပန်းနီတိုက်တွင် စာပေဆက်လက်ပို့ချ လျက် သာသနာပြုရင်းကျမ်းပေါင်းများစွာပြုစုသည်။
 
ဆရာတော်ပြုစုခဲ့သည့်စာပေများအနက် ဝိမဏ္ဍနမေဒနီကျမ်း၊ ပါတော်မူတမ်းချင်း၊ သဂါၤယနာတင်တမ်းချင်း၊ အောင်မြင်ချင်းရှစ်ပါးပျို့သစ်၊ စရိယာပိဋကအဋ္ဌကထာပါဌ်နိသျှ၊ ခတျောဝါဒလင်္ကာ၊ သိဿကောဝါဒလင်္ကာ၊ အ ရညကောဝါဒလင်္ကာ၊ ဆီးပန်းနီကထိန်အမေးအဖြေ တို့မှာ ထင်ရှားပေသည်။
 
ဆရာတော်သည် မင်းတုန်းမင်းတရားကြီး၏ ပဉ္စမသင်္ဂါယနာတင်ပွဲ၌လည်း ဘုရားကြီးဆရာတော်၊ မြင်းဝန်ဆရာတော်တို့နှင့်အတူ အကြီး အမှူးနာယကအဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပေသည်။ ထို့နောက်မင်းနှင့်တကွ တိုင်းပြည်ပါအင်္ဂလိပ်လက်အောက်သို့ကျရောက်ခဲ့ရသည့် နောက် (ပါတော်မူပြီး၂နှစ်နှင့် ၇လမျှအကြာ) မြန်မာသက္ကရာဇ် ၁၂၅၀ပြည့်နှစ်၊ ကဆုန်လပြည့်ကျော်(၁)ရက် (ခရစ်၁၈၈၈ခု၊ ဧပြီလ၂၅ ရက်) ဗုဒ္ဓဟူးနေ့(သက်တော်၇၇၊ ဝါတော်၅၇)တွင် မန္တလေးမြို့မျက်ပါးရပ်ဆီးပန်းနီဓမ္မာရုံကျောင်း၌ စုတိကမ္မဇရုပ် ချုပ်ငြိမ်းပျံလွန်တော်မူ လေသည်။
 
ဆရာတော်၏အရိုးဓါတ်ကို ပင်းသာမင်းကဒါယိကာပြုလုပ်ကာ မန္တလေးမြို့ချမ်းမြေ့သာစည်ရဲဌာန၏ အရှေ့ဘက်မန္တလေး- ရန်ကုန်ကားလမ်းထောင့်၌ အရိုးအိုးတည်ထားခဲ့လေသည်။ သို့သော်ထိန်းသိမ်းစောင့်ရှောက်မှုမရှိသဖြင့် ဆရာတော်၏အရိုးအိုးစေတီ သည် တဖြည်းဖြည်းပျက်စီးယိုယွင်းကာ အင်္ဂတေများကွာပျက်၍ အထက်ပိုင်းကျိုးကျခြင်း၊ အုတ်များကွာထွက်ချုံနွယ်များပေါက်ရောက် လျက်ကွယ်ပျောက်တော့မည့်အခြေအနေမျိုးဖြင့် နှစ်ပေါင်းများစွာကြာမြင့်ခဲ့လေသည်။
 
သို့ဖြင့်နှစ်ပေါင်း(၁ဝဝ)ကျော် ကြာမြင့်ခဲ့ပြီးနောက် သက်ဆိုင်ရာကဆရာတော်၏ အရိုးအိုးစေတီကိုဖျက်၍ ၁၉၉၃ခု၊ ဇူလိုင်လတွင် မန္တလေး တောင်ခြေကျောက်တော်ကြီးဘုရားအရှေ့မုခ်အနီး၊ ကုသိုလ်တော်စန္ဒာမုနိဘုရားကြီးရှိ မြေကွက်လပ်သို့ပြောင်းရွှေ့ကာအသစ်တည် ဆောက်ခဲ့ပြန်သည်။ အရိုးအိုးစေတီကိုပြောင်းရွှေ့သောအခါ ဆရာတော်၏ဓါတ်တော်အရိုးအိုး၊ ဓာတ်ပြာယွန်းအိုးနှင့် ဆရာတော်သက် တော်ထင်ရှားရှိစဉ်က ကိုးကွယ်ပူဇော်ကြသည်ဟုယူဆရသော ဓာတ်တော်ဖန်ပုလင်းငယ်ခြောက်လုံး၊ အသုံးအဆောင်ပစ္စည်းများကိုပါ အ သစ်တည်ဆောက်သောအရိုးအိုးစေတီတော်၌ ပြန်လည်ဌာပနာခဲ့သည်ဟု သိရသည်။
 
အသစ်တည်ဆောက်ထားသော အရိုးစေတီဗိမာန် တော်၏တောင်ဘက်မျက်နှာတွင် ဆရာတော်ကြီး၏ထင်ရှားသော သီပေါမင်းပါတော်မူကြောင်းဖွဲ့ သံဝေဂရတုဧကပိုဒ်နှင့်ကင်းဝန်မင်းကြီး ၏ မိန်မကိုဋ်မှာလ အစချီလေးချိုးကိုပြန်ဖြေသော ဧကပိုဒ်တို့ကိုကျောက်စာရေးထွင်းစိုက်ထူထားသည်။ အနောက်ဘက်မျက်နှာတွင် ဆီး ပန်းနီဆရာတော်မော်ကွန်းကျောက်စာစိုက်ထူထားသည်။ မြောက်ဘက်အဝင်မုခ်မျက်နှာတွင်မူ ဆရာတော်၏ထေရုပ္ပတ္တိကျောက်စာကိုရေး ထိုးသည်။
 
ဆရာတော်၏ အထိမ်းအမှတ်အရိုးအိုးစေတီဗိမာန်ကို မြန်မာမှုအနုပညာရှင်တမ္ပဝတီ ဦးဝင်းမောင်ကပုံစံထုတ်ပေးခဲ့သည်။ အောက်ခံပန္နက်သည် အဌဂံရှစ်မြှောင့်အဆောက်အအုံဖြစ်သည်။ စေတီပေါက်အထွတ်ထီးတင်လှူထားရာ ဉာဏ်တော်(၁၉)ပေရှိသည်။ မည်သို့ဆိုစေဆီးပန်းနီဆရာတော်၏အရိုးအိုးစေတီသည် တစ်ချိန်ကမီးခဲပြာဖုံးဖြစ်သော မြန်မာ့မျိုးချစ်စိတ်၊ ဇာတိမာန်စိတ်တို့ကိုနှိုးဆွ၍ လွတ်လပ်ရေးတိုက်ပွဲကို အားပေးလှုံ့ဆော်ပေးခဲ့သော ဆရာတော်၏ဂုဏ်ကျေးဇူးကို အစဉ်အောက်မေ့သတိရကာ နိုင်ငံအကျိုးသယ်ပိုးလို စိတ်များပေါ်ပေါက်ရပေသည်။
 
 
<ref>(က)လှသမိန်၊ ဂန္တဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ် ရန်ကုန်၊ ဟံသာဝတီပုံနှိပ်တိုက်(ပ)အကြိမ်၊ ၁၉၆၁၊ စာ ၉၃၊ ၉၄။
 
(ခ) နတ်မောက်ထွန်းရှိန် “မန္တလေးတောင်ခြေရောက် ဆီးပန်းနီဆရာတော်အရိုးအိုးစေတီ” မိုးဂျာနယ်၊ ၁၉၉၆ ခု၊ မေလ၊ စာ- ၁ဝ၈၊ ၁၁၂။
 
(ဂ) ရဝေထွန်း“ဆီဘန်းနီဆရာတော်” ငွေတာရီမဂ္ဂဇင်း၊ အမှတ် ၂၂၆ (၁၉၇၉ ခု၊ ဧပြီလ) စာ၃၇၊ ၄ဝ။</ref>
 
==ဆီးပန်းနီ ဆရာတော်==
ဆီးပန်းနီ ဆရာတော်သည် အနောက်မင်းကွန်းဘက်တွင် မြန်မာသက္ကရာဇ် ၁၁၇၃ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် စနေနေ့၌ ဖွားမြင် တော်မူသည်။ ဖခမည်းတော်မှာ အမရပူရ
၃၇၅

တည်းဖြတ်မှုများ