နတ်သားလေးရဲ့ နောက်ဆုံးမစ်ရှင်: အချစ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၄၀ -
| website = http://program.kbs.co.kr/2tv/drama/angel/pc/
}}
နတ်သားလေးရဲ့ နောက်ဆုံးမစ်ရှင်: အချစ်''' ([[အင်္ဂလိပ်]]: Angel's Last Mission: Love ၊ [[ဟန်းဂု]]: 단, 하나의 사랑) သည် ၂၀၁၉ ခုနှစ် [[တောင်ကိုရီးယား]]ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး ရှင်းဟေဆွန်း၊ [[အယ်လ် (တောင်ကိုရီးယား အဆိုတော်)|ဂင်မြောင်ဆူ]]၊ လီဒုံဂွမ်၊ ဂင်ဘိုမီ၊ ဒိုဂျီဝန်းနှင့် ဂင်အင်ဂွမ်တို့မှ ပါဝင်သရုပ်ဆောင်ထားသည်။ ဤရုပ်သံဇာတ်လမ်းတွဲကို ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့ ၂၂:၀၀ (KST) အချိန်တွင် KBS2 ရုပ်သံလိုင်း၌ မေ ၂၂၊ ၂၀၁၉ မှ ဇူလိုင် ၁၁၊ ၂၀၁၉ အထိ ထုတ်လွှင့်ပြသခဲ့သည်။
==ဇာတ်လမ်းအကျဉ်း==
''လီယွန်းဆို'' (ရှင်းဟေဆွန်း) သည် ဘဲလေးအကကရာ၌ အလွန်ပါရမီပါသူတစ်ဦးဖြစ်ပြီး သူမ၏ မိသားစုသည် Fantasia အမည်ရှိ ဘဲလေးအက ကုမ္ပဏီကို ပိုင်ဆိုင်သည်။ သို့သော် သူမသည် ဘဲလေးအကကနေစဉ် မတော်တဆမှုတစ်ခုကြောင့် မျက်လုံးကွယ်သွားခဲ့သည်။ သူမသည် သူမ၏ ဝန်ထမ်းများ၊ အတွင်းရေးမှူး၊ အိမ်တော်ထိန်းနှင့် မိသားစုဝင်များ အပါအဝင် လူအများအပေါ်တွင် ကြမ်းတမ်းစွာစကားပြောဆိုတတ်သည်။
''ဂင်ဒန်'' ([[အယ်လ် (တောင်ကိုရီးယား အဆိုတော်)|ဂင်မြောင်ဆူ]]) သည် အကောင်းမြင်တတ်၍ အပူအပင်ကင်းမဲ့သော နတ်သားတစ်ပါးဖြစ်ပြီး၊ အမြဲမပြတ် အခက်အခဲများနှင့် ကြုံတွေ့နေရတတ်သည်။ သူသည် ကောင်းကင်သို့ ပြန်သွားနိုင်ရန်အတွက် မစ်ရှင်တစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုမစ်ရှင်မှာ ယွန်းဆိုအား အစစ်ချစ်တစ်ခု ရှာဖွေပေးရန်ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် ၎င်းကိုယ်တိုင် သူမအား ချစ်ကျွမ်းဝင်လာခဲ့သည်။
==သရုပ်ဆောင်များ==
===ဇာတ်ဆောင်များ၊ ဇာတ်ပို့များ===
*လီယွန်းဆို အဖြစ် ရှင်းဟေဆွန်း
အချစ်ကို မယုံကြည်သော ဘဲလေးကချေသည်တစ်ဦးဖြစ်သည်။
 
*ဒန်/ ဂင်ဒန်/ ယူဆောင်းဝူ အဖြစ် ဂင်မြောင်ဆူ
တာဝန်ပြီးမြောက်မှ ကောင်းကင်သို့ ပြန်သွားနိုင်မည့် နတ်သားတစ်ပါးဖြစ်သည်။
 
*ဂျီဂန်ဝူ အဖြစ် လီဒုံဂွမ်
လီယွန်းဆို၏ နည်းပြဆရာနှင့် ဘဲလေးအကသင်တန်းနည်းပြတစ်ဦးဖြစ်သည်။ ၎င်းသည် ယခင်ကနတ်သားတစ်ပါးဖြစ်ခဲ့ဖူးပြီး၊ သူသည် လီယွန်းဆိုအ‌ပေါ် စိတ်ဝင်စားမှုရှိသည်။
 
*ဂန်နီနာ အဖြစ် ဂင်ဘိုမီ
လီယွန်ဆို၏ ဝမ်းကွဲညီမတစ်ဦးဖြစ်ပြီး ဘဲလေးကချေသည်တစ်ဦးလည်း ဖြစ်သည်။ သူမသည် ဂျီဂန်ဝူကို တစ်ဖက်သတ်စိတ်ဝင်စား‌ခဲ့သည်။
 
*ချွဲယောင်းဂျာ အဖြစ် ဒိုဂျီဝန်း
ဂန်နီနာ၏ အမေဖြစ်ပြီး Fantasia ဘဲလေးအက ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်သည်။ သူမသည် လောဘစိတ်ကြီးသူတစ်ဦးလည်း ဖြစ်သည်။
 
*ဟူး အဖြစ် ဂင်အင်ဂွမ်
ဒန်အား တာဝန်များပေးအပ်သည့် ကောင်းကင်တမန်မင်းဖြစ်သည်။
 
==ဇာတ်ရံများ==
*ဟွမ်ဂျောင်အန်း အဖြစ် လီယီနာ
*ဂျောင်ယူမီ အဖြစ် ဝူဟီးဂျင်
*ဘတ်ဂယောင်အီလ် အဖြစ် လီဟွာယောင်း
*ဂန်ရူနာ အဖြစ် ဂီလ်အန်းဟေး
*ဂန်ဂီချန်း အဖြစ် ဂင်ဆောင်းဝတ်
*ဂီဂျွန်းဆူ အဖြစ် လီဂျီယွမ်
*ဂိုဆောင်းမင် အဖြစ် ဂျိုဆောင်းဟွန်း
 
===အထူးပါဝင်မှုများ===
*ချိုဆောင်းဝမ် အဖြစ် ဂျန်ဟွန်းဆောင်း (အပိုင်း ၁-၂)
*Doe stealer အဖြစ် ဂင်ဂီမူ (အပိုင်း ၁)
*ယွန်းဆို၏အမေ အဖြစ် လီဆီနာ (အပိုင်း ၂)
*ယွန်းဆို၏အဖေ အဖြစ် လီချွတ်ဂျွန် (အပိုင်း ၂)
*ဘတ်ဆောင်းမြောင် (အပိုင်း ၂၊ ၇၊ ၉၊ ၁၁-၁၂)
*ဘဲလေးအကကုမ္ပဏီ ဒါရိုက်တာ အဖြစ် ဘတ်ဝန်ဆောင်း (အပိုင်း ၄)
===ထုတ်လုပ်ရေး===
ဤဇာတ်လမ်းတွဲ၏ ပထမဆုံးဇာတ်ညွှန်းဖတ်ပွဲကို ဇန်နဝါရီ ၁၈၊ ၂၀၁၉ တွင် ယိုအီဒို၊ တောင်ကိုရီးယားရှိ KBS Annex Broadcasting Station ၌ ကျင်းပပြုလုပ်ခဲ့သည်။