အေးမောင် (လွှတ်တော်ကိုယ်စားလှယ်): တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီးNo edit summary
စာကြောင်း ၃၉ -
| website =
}}
'''ဒေါက်တာအေးမောင်''' သည် ရခိုင်လူမျိုး နိုင်ငံရေးသမား တစ်ဦး ဖြစ်ပြီး [[ပြည်သူ့လွှတ်တော်]] ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။ ထို့ပြင် ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း ၂၃၃ နှစ်မြောက် ဝမ်းနည်းဖွယ် အထိမ်းအမှတ် စာပေဟောပြောပွဲ၌ ဟောပြောချက်များသည် [[နိုင်ငံတော်]]အား အကြည်ညိုပျက်စေခြင်းနှင့် နိုင်ငံတော်ပုန်ကန်မှုမြောက်ခြင်း တို့ကြောင့် ထောင်ဒဏ်အနှစ် ၂၀ ကျခံနေရသူဖြစ်သည်။
 
== အစောပိုင်း ဘဝ ==
စာကြောင်း ၅၄ -
== ဖမ်းဆီးထိန်းသိမ်းခံရခြင်း ==
၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ တောင်ရင်းတိုင်းရပ်ကွက်၊ စေတီယင်္ဂဏကျောင်းတိုက်ဓမ္မာရုံတွင် ပြုလုပ်သည့် ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း ၂၃၃ နှစ်မြောက် ဝမ်းနည်းဖွယ် အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဒေါက်တာအေးမောင်၏ ဟောပြောချက်များနှင့် ပတ်သက်ပြီး နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ မတရားအသင်း အက်ဥပဒေတို့ဖြင့် ဒေါက်တာအေးမောင်အား တရားစွဲဆိုရန် [[ရခိုင်ပြည်နယ် အစိုးရအဖွဲ့|ရခိုင်ပြည်နယ် အစိုးရ]]က ဆုံးဖြတ်ကြောင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေပိုင်းတွင် [[ပြန်ကြားရေးဝန်ကြီးဌာန]]က ထုတ်ပြန်ခဲ့သည်။<ref>{{cite web|url=http://news-eleven.com/headline/32850|title=ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်အား နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ မတရားအသင်းအက်ဥပဒေတို့ဖြင့် တရားစွဲရန် ဆုံးဖြတ်ကြောင်း အစိုးရထုတ်ပြန်|work=Eleven Media|accessdate=၁၈ ဇန်နဝါရီ ၂၀၁၈}}</ref> ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းလွဲပိုင်း1:15မိနစ်တွင် စစ်တွေမြို့နယ် ရဲတပ်ဖွဲ့က ဒေါက်တာအေးမောင်အား [[စစ်တွေမြို့]]ရှိ နေအိမ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။<ref>{{cite web|url=http://news-eleven.com/news/32918|title=ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်အား ရဲတပ်ဖွဲ့ကဖမ်းဆီး|work=Eleven Media|accessdate=၁၈ ဇန်နဝါရီ ၂၀၁၈}}</ref>
 
ယင်းနောက် ရုံးချိန်းပေါင်း ၄၀ ခန့်ဖြင့် ကြားနာစစ်ဆေးပြီး ၂၀၁၉ ခုနှစ် မတ် ၁၉ ရက်တွင် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့ရသည်။ ယင်းနောက် ပြစ်ဒဏ်ချမှတ်သည့်နေ့မှစ၍ ပြည်သူ့လွှတ်တောက်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိတော့ကြောင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ‌ေရွးကောင်တင်မြှောက်ခံထားရခြင်းမှ ပယ်ဖျက်ကြောင်းကြေငြာခဲ့သည်။ ၂၀၂၀ ခုနှစ် မေလ ၁၈ရက်နေ့တွင် ကိုယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်လိုက်ပြီး နောင်ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်ခွင့်မရှိကြောင်း မြန်မာနိုင်ငံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာခဲ့သည်။ ထိုကြေညာချက်ကို ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းမှ တရားမျှတခြင်းမရှိကြောင်း နှင့် ယင်းကြောင့် နိုင်ငံရေးအရ မလိုလားအပ်သည့် ပြဿနာများ ကြီးထွားလာနိုင်ကြောင်း သုံးသပ်ပြောဆိုခဲ့ကြသည်။<ref>https://www.bbc.com/burmese/burma-52740632</ref>
 
==ကိုးကား==