ရှောလူး: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၄၁ -
ဒေါက်တာရှောလူးသည် အိမ်ထောင်နှစ်ဆက် ကျဖူးသည်။ ရန်ကုန်အစိုးရကျောင်း၌ ဆရာလုပ်နေစဉ် အင်္ဂလိပ်စစ်ဗိုလ် ကပ္ပတိန် တစ်ဦး၏ သမီး မစ္စလူစီပရဲယားနှင့် ၁၈၆၉-ခုနှစ်ခန့်တွင် အိမ်ထောင်ပြုခဲ့သည်။ သားသမီး ၇ယောက် ရသည်။ အငယ်ဆုံး သတ္တမမြောက် ကလေးငယ်ကို မီးဖွားစဉ် ဇနီးသည် ကွယ်လွန်သွားရှာသည်။ ထို့ကြောင့် ၂ နှစ်အကြာတွင် ဒေါ်ရွှေနှင့် ဒုတိယ အိမ်ထောင်ပြုသည်။ သားသမီး ၃ ယောက် ရရှိသည်။ သူသည် ပညာကို ကြိုးစားသင်ယူသည့် နည်းတူ အလုပ်ကိုလည်း ကြိုးစားလုပ်ကိုင်သူ ဖြစ်သည်။ ကျန်းမာရေးလည်း အထူးကောင်းမွန်သည်။ ၇၄ နှစ်အရွယ်အထိ သန်တုန်း မြန်တုန်းပင် ဖြစ်ခဲ့သည်။
 
ဒေါက်တာရှောလူ၏ ပထမ အိမ်ထောင်ဆက်မှ သမီးများမှာ [[ဥရောပတိုက်]]သားများနှင့် အိမ်ထောင်ကျခဲ့ကြပြီး [[ရန်ကုန်မြို့]]၌ ကွယ်လွန်ခဲ့ကြသည်။ ဒုတိယ ဇနီးဒေါ်ရွှေမှာ ထားဝယ်သူ ဖြစ်ပြီး သမီးကြီး ဒေါ်တင်တင် (အင်မလီးရှောလူး-မော်တလိန်းကျောင်းဆရာမ)၊ သား သောမတ်ရှောခူးသောမတ်ရှောလူး (မီးရထား ဆရာဝန်) နှင့် သမီးငယ် အဲလစ်ဇတ်ရှောလူး (စိန့်မတ်သရူး ကျောင်းဆရာမကြီး)တို့ကို ဖွားမြင့်ခဲ့သည်။[[File:Dr -Shaw-Loo-4.png|thumb|150px|alt=|ဒေါက်တာရှောလူး ]]
 
== ကွယ်လွန်ခြင်း ==