မြင်စိုင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
'''မြင်စိုင်း'''သည် ယခုအခါ [[ကျောက်ဆည်ခရိုင်]] [[တံတားဦးမြို့နယ်ကေ ျာက်ဆည်မြို့နယ်]] အတွင်း မထင်မရှားတည်ရှိသော ရွာတစ်ရွာဖြစ်၍၊ [[အင်းဝ]]မြို့ဟောင်း၏ တောင်ဖက် ၁၉ မိုင် အကွာတွင် တည်ရှိသည်။ သက္ကရာဇ် ၆၄၆ ခုနှစ်တွင် တရုတ်တို့ မြန်မာနိုင်ငံတွင်းသို့ ချဉ်းနင်းဝင်ရောက် တိုက်ခိုက်လာ၍ [[ပုဂံပြည်]] ပျက်ပြီးသည့်နောက်တွင် မြန်မာ့အင်အားကို ရုံးစုကာ တရုတ်စစ်ကို အကြိမ်ကြိမ် တွန်းလှန်ခဲ့သောရှမ်းညီနောင် ၃ ဦးအနက် အကြီးဆုံးဖြစ်သူ [[အသင်္ခယာ စောယွန်း]] မင်းပြုသော မြို့ဖြစ်၍ မြန်မာနိုင်ငံ၏ မြို့တော်ဟောင်းတစ်ခုလည်း ဖြစ်ခဲ့သည်။
 
မြင်စိုင်းမြို့သည်ကား အနော်ရထာမင်းစောသည် တရုတ်၊ ရှမ်း၊ ယွန်းတို့နှင့် မရောစွက် မနှောင့်ယှက်စိမ့်သောငှာ သက္ကရာဇ်၃၉၅ ခုနှစ်တွင် [[ဗန်းမော်ခရိုင်]] [[ကောင်းစင်]]၊ [[ကောင်းတုံ]]မှစ၍ [[ရမည်းသင်းခရိုင်]]၊ [[ဆွာမြို့]]အထိ ခံမြို့ကြီး ၄၃ မြို့တည်ခဲ့ရာတွင်တစ်ခုအပါအဝင် ဖြစ်သည်။ ထိုစဉ်က ရှမ်းနယ်စပ်၊ မြန်မာနယ်စွန်၌ တည်ရှိသည်။ ရှမ်းအမြောက်အမြား မှီခိုနေထိုင်သော အရပ်ဖြစ်၏။