ပင်လယ် အနီမိုနီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၇ -
အနီမိုနီတစ်ခု၏ ကိုယ်ခန္ဓာထိပ်ပိုင်းတွင် နှုတ်သီးချပ်ပြား တစ်ခုပါဝင်သည်။ ပါးစပ်နှင့် အူများသည် ယင်းနှုတ်သီးချပ်ပြား အလယ်ပိုင်းတွင် တည်ရှိသည်။ ၎င်း၏ အာရုံခံအစာရှာသည့် လက်ချောင်းကွင်း များသည် နှုတ်သီးချပ်ပြား ပတ်ပတ်လည်တွင်ရှိသည်။ ခြေနင်းချပ်ပြားသည် ပင်လယ်အနီမိုနီ၏ အောက်ခြေတွင်ရှိသည်။
အချို့သော အနီမိုနီပန်းများသည် အခြားရေသတ္တဝါများနှင့် လိုက်လျောညီထွေစွာနေထိုင်တတ်ကြသည်။ အလုန်းငါး၊ အင်ကော့နီတိုဂိုဘီ နှင့်အခြား မြားကဏန်းများသည် အနီမိုနီ၏အာရုံခံလက်ချောင်းကွင်းများအားရှာဖွေ၍ ၎င်းတို့၏ တည်းခိုရာအကာအကွယ်ပြုလုပ်နေထိုင်ကြသည်။ ဝင်ကစို့ကောင်များ ဝင်ရောက်နေထိုင်တတ်သော အခွံများတွင် အနီမိုနီကောင်များ ကပ်ပါလာတတ်သည်ကိုတွေ့ရတတ်သည်။ အချို့အနီမိုနီများ၏ အတွင်းပိုင်းတွင် ပင်လယ်ရေညှိအမျိုးအစားအချို့ကိုတွေ့ရပြီး ယင်းတို့နှင့်လိုက်ရောညီထွေစွာနေထိုတတ်သည်ကိုတွေ့ရသည်။ ယင်းသည်ပင်အခြား သန္တာကျောက်များ၏ ပြုမူပုံနှင့်ဆင်တူသည်။ ဒိုင်နိုဖလက်ဂယ်လိတ် ရေညှိသည် နေရောင်ခြည်အားအစာချက်လုပ်ရန်အသုံးပြုပြီး ချက်လုပ်ပြီးသောအစာအချို့ကို အနီမိုနီပန်းက စားသုံးခြင်းဖြင့်လည်းနေထိုင်ကြသည်ကိုတွေ့ရသည်။
 
[[Category:ပင်လယ်]]
[[Category:သမုဒ္ဒရာ]]
[[Category:အဏ္ဏဝါဗေဒ]]