လိပ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၈ -
ရှိသည်။ ကုန်းလိပ်နှင့်ပင်လယ်လပ်တို့သည် ကိလိုနီယာမျိုးစဉ်တွင် ပါဝင်လေသည်။ အချို့ပါရဂူများကမူ ကုန်းလိပ်ကို တက်စတူဒီနေတာမျိုးစဉ်၊ ပင်လယ်လိပ်ကို ကဲလိုနီဒ မျိုးစဉ်တို့တွင် ပါဝင်သည်ဟု သတ်မှတ်ကြသည်။ ကုန်းလိပ်သည် ယင်း၏ဦးခေါင်းကို လုံးဝလိပ်ခွံအတွင်း သွင်းယူနိုင်သော် လည်း ပင်လယ်လိပ်ကမူ ယင်း၏ဦးခေါင်းကို တစ်စိတ်တစ်ဒေသသာ သွင်းယူနိုင်လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)</ref>
 
== '''သဘာဝပတ်ဝန်းကျင်တွင် ပင်လယ်လိပ်များ အရေးပါ''' ==
ပင်လယ်လိပ်များသည် ၎င်းတို့နေထိုင်ကျက်စားရာ ဒေသများတွင် ပေါက်ရောက်လျှက်ရှိသော [[ပင်လယ်မြက်]]၊ [[ရေညှိ]]၊ [[ရေမှော်]]များကို စားသုံး၍ ၎င်းတို့၏ စွန့်ပစ်အညစ်အကြေးများမှ ဩဇာဓာတ်များဖြစ်ပေါ်ကာ [[ငါး]]၊ [[ပုစွန်]] အစရှိသည့် ရေနေသက်ရှိ သတ္တဝါမျိုးစိပ်များစွာတို့သည် ထိုဩဇာဓာတ်များကို စားသုံးခြင်းဖြင့် ပေါက်ပွားရှင်သန်ရန် ပင်လယ်လိပ်များမှ ဖန်တီးပေးသကဲ့သို့ ဖြစ်ပါသည်။ ပင်လယ်လိပ်များသည် [[ပင်လယ်ပြင် ဂေဟစနစ်]] (Marine Ecosystem) တွင် ဇီဝမျိုးစုံမျိုးကွဲ (Biodiversity)တစ်ခုအ ဖြစ် ပါဝင်သည့်အလျှောက် [[အစာကွင်းဆက်]] (Food Chain)နှင့် [[အစာကွန်ယက်]] (Food Web)တွင်လည်း အဓိကကျသော အခန်း ကဏ္ဍမှ ပါဝင်လျှက်ရှိပါသည်။ ပင်လယ်လိပ်များသည် ပင်လယ်ရေထုကို အဆိပ်အတောက်ဖြစ်စေသည့် [[ပင်လယ်ဒီရေနီ]] (Red Tide)ဖြစ်ပေါ်စေနိုင်သော မျှောလှေးများဖြစ်သည့် Dinoflagellates နှင့် Diatoms များကို စားသုံးသည့် မျိုးစိပ်များဖြစ်သည့်အပြင် ပင်လယ်ပြင်ဂေဟစနစ် (Marine Ecosystem) ဆက်စပ်မှုတွင် အရေးပါအရာရောက်သည့် သတ္တဝါဖြစ်ပါသည်။ ထို့ကြောင့် ပင်လယ်၌ နေထိုင်ကျက်စားသောအခြားရေနေသတ္တဝါမျိုးစိပ်များ အသက်ရှင်သန်ကြီးထွားမျိုးပွားရေးအတွက် အရေးပါသော သတ္တဝါပင် ဖြစ်ပါသည်။<ref>ငါးလုပ်ငန်းဦးစီးဌာန၊ [[မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန]](လက်ကမ်းစာစောင်)</ref>
 
"https://my.wikipedia.org/wiki/လိပ်" မှ ရယူရန်