တမ်းပလိတ်:Featured article: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[ဖိုင်:"HukaungSulcata Valley"Tortoise (5) (8679964197).jpg|250px|frameless|right]]
[[လိပ်]]များမှာ ထုံထိုင်းသော သတ္တဝါများဖြစ်သည်ဟု ထင်မှတ်ရ သော်လည်း မျက်စိ၊ နား အလွန်အကင်းပါးသော သတ္တဝါများဖြစ်သည်။ တီးသံ မှုတ်သံကို နှစ်ခြိုက်ကြ၏။ [[ဆွစ်ဇာလန်နိုင်ငံ]]ရှိ ဥယျာဉ်တစ်ခု၌ ဆရာဝန်တစ်ဦးသည် [[ဂရိနိုင်ငံ]]မှ ယူလာသော လိပ်များကိုမွေးထားရာ ညနေ[[ဥယျာဉ်]]ထဲတွင် [[ဘင်ခရာ]]တီးမှုတ်သောအချိန်၌ လိပ်များသည် ဘင်တီးသံကြားသည်နှင့်တစ်ပြိုင် နက် ဘင်တီးရာ ခြံစည်းရိုးဆီသို့ သူ့ထက်ငါဦးအောင် မြန်နိုင်သရွေ့မြန်စွာ လာရောက်ကြပြီးလျှင် လူများပွဲကြည့်သကဲ့သို့ လည်တံကြီးများကိုဆန့်တန်း ကာ နားထောင်ကြပြီးနောက် ဘင်တီးပြီးသည်နှင့်တစ်ပြိုင်နက် မိမိတို့နေရာ သို့ ပြန်ကြသည်။ ဤသို့ ယဉ်ပါးသောကြောင့်လည်း လေ့ကျင့်၍ သင်ပြ ထားလျှင် လူ၏လက်ထဲမှ အစာကိုပင် ယူ၍စားသောက်တတ်ကြ၏။
[[ဟူးကောင်းတောင်ကြား]] (အင်္ဂလိပ်: Hukawng Valley) သို့မဟုတ် ဟူးကောင်းချိုင့်ဝှမ်း သည် မြန်မာနိုင်ငံ မြောက်ပိုင်း [[ကချင်ပြည်နယ်]]၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် တည်ရှိပြီး ၅,၅၈၆ စတုရန်းမိုင် (၁၄,၄၆၈ စတုရန်း ကီလိုမီတာ) ခန့် ကျယ်ဝန်းသည်။ ဟူးကောင်းတောင်ကြားသည် ရှေးအခါက ပယင်းအထွက်ကောင်းသောဒေသအဖြစ် ကျော်ကြားခဲ့သည်။ အရှေ့၊ အနောက်နှင့်မြောက်ဟူသော သုံးဘက်သုံးမျက်နှာ၌ ကျော်ဖြတ်ရန်ခဲယဉ်းသည့် မြင့်မားသောတောင်တန်းကြီး များဖြင့်ကာဆီးလျက်ရှိပြီးလျှင် တောင်ဘက်၌မူ တောင်ကုန်းနိမ့်များရှိရာ ထိုမှာဘက်မှ ဟူးကောင်းချိုင့်ဝှမ်း အတွင်းသို့ ဝင်ရောက်ရန်မှာမူ မခဲယဉ်းလှချေ။ အနောက်ဘက်ရှိပေ ၈ဝဝ ကျော်မြင့်သော ပတ်ကွိုင်တောင်တန်းသည် ချင်းတွင်းမြစ်နှင့် ဗြဟ္မပုတ္တရ (အိန္ဒိယနိုင်ငံ) မြစ်တို့၏ မြစ်လက်တက်များမြစ်ဖျားခံရာ ရေဝေကုန်းတန်းဖြစ်သည်။ ဟူးကောင်းချိုင့်ဝှမ်း၏ အရှေ့မျက်နှာကို ကာဆီးလျက်ရှိသော ကူမွန်တောင်တန်းသည် [[ချင်းတွင်းမြစ်]]နှင့် [[ဧရာဝတီမြစ်]]တို့၏ မြစ်လက်တက်များ မြစ်ဖျားခံရာ ရေဝေကုန်းတန်း ဖြစ်သည်။ ထိုချိုင့်ဝှမ်းကြီး၏ အရှေ့ဘက်နှင့်အနောက်ဘက် ရေဝေကုန်းတန်းတို့မှ ချောင်းကြီး ချောင်းငယ် အသွယ်သွယ်တို့သည် ချိုင့်ဝှမ်း၏ အလယ်ဗဟိုဘက်သို့ စီးဆင်းလာရာမှ စုပေါင်းပြီးလျှင် ချင်းတွင်းမြစ်၏ အကြီးဆုံးမြစ်လက်တက်ဖြစ်သော တနိုင်ခကို ဖြစ်ပေါ်စေသည်။
 
 
 
'''''[[ဟူးကောင်းတောင်ကြား|ဆက်လက်ဖတ်ရှုရန် ...]]'''''