မြဘုရား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၂၇ -
File:พระบรมมหาราชวังและวัดพระศรีรัตนศาสดาราม เขตพระนคร กรุงเทพมหานคร (55).jpg|Since 1784 it is housed at [[Wat Phra Kaew]], [[Bangkok]]
</gallery>
 
==ရာသီအလိုက် သင်္ကန်းကပ်လှူခြင်း==
 
မြဘုရားအား ရွေဖြင့်ပြုလုပ်ထားသော သင်္ကန်းသုံးစုံဖြင့် ရာသီအလိုက်ရွှေသင်္ကန်းကပ်လှူပူဇော်ကြသည်။ ထိုအလှတန်ဆာများအထဲမှ ၂ ခုအား ရာမ ၁ ဘုရင်မှ ပြုလုပ်ပြီး နွေရာသီသင်္ကန်းနှင့် မိုးရာသီသင်္ကန်းတို့ ဖြစ်ကြသည်။ တတိယအလှတန်ဆာတစုံအား ရာမ ၃မှ ပြုလုပ်ကာဆောင်းရာသီတွင်ပူဇော်ရန်အတွက်ဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် ဘုရင် ဘူမိဘောအဒူလျာဒက်၏ ရွှေရတုအခမ်းအနားကျင်းပရန် တော်ဝင်အိမ်ထောင်စု ဗျူရိုကရေစီမှ ရာသီအလိုက်အလှတန်ဆာဆင်သင်္ကန်းများအား တူညီသည့် ပစ္စည်းများဖြင့် ပြုလုပ်ရန် တာဝန်လွဲအပ်ခဲ့သည်။ ဤသင်္ကန်းအစုံသစ်ရန်ပုံငွေအတွက်အား အလှူငွေကောက်ခံခြင်းဖြင့် ထောက်ပံ့ခဲ့ကြသည်။ နှစ်ပေါင်း ၂၀၀ကျော်ခန့်က ပြုလုပ်ခဲ့သည့် ပထမမူလ ရွှေသင်္ကန်းအားသိမ်းဆည်းထားရန်အတွက် နန်းတော်အလယ်ရှိ မြဘုရားပြတိုက်တွင် ပြသထားသည်။
 
ထိုင်းဘုရင်၏ (သို့) သူ၏ကိုယ်စားနန်းတော်မှအကြီးတန်းအဖွဲ့ဝင်တစ်ဦးမှ လရာသီအလိုက်ရွှေသင်္ကန်းလဲလှယ်ခြင်းအခမ်းအနားကိုပြုလုပ်ပြီး ရွှေသင်္ကန်းလဲလှယ်၏။ ၄ လပိုင်း ၈ လပိုင်းနှင့် ၁၂လပိုင်း လဆုတ်ရက်များတွင် ပြုလုပ်သည်။
 
ရာသီသုံးရာသီအတွက် မြဘုရားအတွက် ရွှေသင်္ကန်းအစုံများမှာ
နွေရာသီ မတ်လမှဩဂုတ်လအတွက် မကိုဋ် (makuṭa)၊ ရင်သိုင်းကြိုး ခါးပန်း လက်ကောက်၊ လက်ကောက်များ၊ လက်ကောက်များနှင့် တော်၀တ်ဆင်သည့်အခြားပစ္စည်းများ။ ပစ္စည်းအားလုံးသည်ကြွေထည်ဖြင့်ပြုလုပ်ထားပြီးအဖိုးတန်သောကျောက်မျက်ရတနာများဖြင့်စီချယ်ထားသည်။
မိုးရာသီ ဩဂုတ်မှ နိုဝင်ဘာလအတွင်း နီလာဖြင့်စီချယ်ထားသည့် ရွှေမကိုဋ်၊ ရွှေသင်္ကန်းအား ပုခုံးတဘက်ခြင်းချထားဟန်ရုံပေးခြင်းဖြင့် ပူဇော်ကြသည်။
အေးမြ/ဆောင်းရာသီရာသီမှာ နိုဝင်ဘာလမှမတ်လအထိဖြစ်ပြီး စိန်စီထားသည့် ရွှေမကိုဋ်နှင့် ရတနာများစီချယ်ထားသည့် ရွှေခြုံပုဝါအား ကပ်လှူသည်။
အခြားရွှေသင်္ကန်းအစုံတော်များအား အသုံးမပြုလျှင် တော်ဝင်အလှဆင်ပြင်အဆင်တန်ဆာများ ထားရှိရာ ပါဝိဠီယျံအနီး ထိုင်းဒင်္ဂါးများထားရှိရာမြေဖြစ်သည့် တော်ဝင်နန်းတော်ရှိနေရာတွင် လူအများကြည့်ရှူနိုင်ရန် ပြသထားရှိလေသည်။
[[ဖိုင်:The Emerald Buddha adorned with three seasons regalia.jpg|center|thumb|x300px|မြဘုရားအား ရာသီအလိုက်တန်ဆာဆင်ထားသည် ရွှေသင်္ကန်းများတွေ့ရပုံ၊ ဘယ်မှ ညာသို့၊ နွေရာသီ မိုးရာသီ ဆောင်းရာသီ]]
 
== ထူးခြားချက် ==