မြိုရိုးရာ: တည်းဖြတ်မှု မူကွဲများ

ဆောင်းအသစ်ရေးတင်သည်
လင့်ခ်တင်သည်
စာကြောင်း ၁ -
ရိုးရာ၀တ်စုံရဲ့ အစိတ်အပိုင်းတိုင်းကို ရိုးရာဂျပ်ခုတ်ရက်ကန်းနဲ့ ရက်လုပ်တဲ့ [[မြိုရိုးရာ]] ၀တ်စုံဟာ အသေးစိတ်ပြီး ကျစ်လစ်လှပတဲ့ ဒီဇိုင်းဖွဲ့စည်းပုံရှိပါတယ်။ အထူးသဖြင့် အမျိုးသမီးများရဲ့ အိမ်တွင်းလက်မှုဖြစ်တာကြောင့် မြိုရိုးရာ ၀တ်စုံဟာ ရိုးရာအစဉ်အလာရဲ့ ပြယုဂ်ဖြစ်တဲ့အပြင် မြိုအမျိုးသမီးတို့ရဲ့ အနုပညာအမြင်၊ စိတ်ရှည်အသေးစိတ်မှုနဲ့ နူးညံ့တဲ့ စိတ်ထားတွေကိုပါ မြင်နိုင်တဲ့ ၀တ်စုံလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။
( ရိုးရာ..)
ရိုးရာ၀တ်စုံရဲ့ အစိတ်အပိုင်းတိုင်းကို ရိုးရာဂျပ်ခုတ်ရက်ကန်းနဲ့ ရက်လုပ်တဲ့ မြိုရိုးရာ ၀တ်စုံဟာ အသေးစိတ်ပြီး ကျစ်လစ်လှပတဲ့ ဒီဇိုင်းဖွဲ့စည်းပုံရှိပါတယ်။ အထူးသဖြင့် အမျိုးသမီးများရဲ့ အိမ်တွင်းလက်မှုဖြစ်တာကြောင့် မြိုရိုးရာ ၀တ်စုံဟာ ရိုးရာအစဉ်အလာရဲ့ ပြယုဂ်ဖြစ်တဲ့အပြင် မြိုအမျိုးသမီးတို့ရဲ့ အနုပညာအမြင်၊ စိတ်ရှည်အသေးစိတ်မှုနဲ့ နူးညံ့တဲ့ စိတ်ထားတွေကိုပါ မြင်နိုင်တဲ့ ၀တ်စုံလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ရာ အချို့မှာ လူဦးရေ အနည်းစုသာကျန်ရှိ၍ တိမ်မြုပ်လုနီးပါးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုသို့ လူဦးရေ နည်းပါးသော်လည်း ကိုယ်ပိုင်ယဉ်ကျေးမှု၊ ရိုးရာထုံးတမ်းနှင့် ကိုယ်ပိုင်စာပေရှိသော လူမျိုးတစ်မျိုးမှာ ‘မြို’ လူမျိုးပင် ဖြစ်သည်။ လူမျိုးကွဲများစွာရှိသည့်အတွက် ၀တ်စားနေထိုင်ပုံလည်း အတန်ငယ်ကွဲပြားကြရာမှ ရှေးမြိုအမျိုးသားတို့သည် အပြာရောင်အ၀တ်ရှည်ကိုခါးတောင်းကျိုက်၍ ၀တ်ဆင်ကြ၍ အမျိုးသမီးများမှာ အကျၤီ၀တ်ကြရိုးထုံးစံမရှိဘဲ၊ နက်ပြာရောင် အ၀တ်စကို ဒူးဆစ်အထိ ရစ်ပတ်၀တ်ဆင်ကြသည်။ အဆင်တန်ဆာအဖြစ် ပုတီးစေ့ကြိုးများနှင့် ကြေးနီခွေများကို ၀တ်ဆင်လေ့ရှိကြသည်။ ငွေထည်များကိုလည်းအဆင်တန်ဆာအဖြစ် ၀တ်ဆင်လေ့ရှိကြသည်။
မြိုအမျိုးသမီးတို့သည် အိမ်တွင်းမှုလုပ်ငန်းအဖြစ် ဂျပ်ခုတ်ရက်ကန်းရက်ခြင်းကို လုပ်ကိုင်ကြပြီး ၄င်းတို့အစုအဖွဲ့အတွင်းမှာပင် ရက်လုပ်ရောင်းချလေ့ရှိကြသည်။