မြိုရိုးရာ: တည်းဖြတ်မှု မူကွဲများ

လင့်ခ်တင်သည်
ကိုးကားတင်သည်
စာကြောင်း ၂ -
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ရာ အချို့မှာ လူဦးရေ အနည်းစုသာကျန်ရှိ၍ တိမ်မြုပ်လုနီးပါးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုသို့ လူဦးရေ နည်းပါးသော်လည်း ကိုယ်ပိုင်ယဉ်ကျေးမှု၊ ရိုးရာထုံးတမ်းနှင့် ကိုယ်ပိုင်စာပေရှိသော လူမျိုးတစ်မျိုးမှာ ‘မြို’ လူမျိုးပင် ဖြစ်သည်။ လူမျိုးကွဲများစွာရှိသည့်အတွက် ၀တ်စားနေထိုင်ပုံလည်း အတန်ငယ်ကွဲပြားကြရာမှ ရှေးမြိုအမျိုးသားတို့သည် အပြာရောင်အ၀တ်ရှည်ကိုခါးတောင်းကျိုက်၍ ၀တ်ဆင်ကြ၍ အမျိုးသမီးများမှာ အကျၤီ၀တ်ကြရိုးထုံးစံမရှိဘဲ၊ နက်ပြာရောင် အ၀တ်စကို ဒူးဆစ်အထိ ရစ်ပတ်၀တ်ဆင်ကြသည်။ အဆင်တန်ဆာအဖြစ် ပုတီးစေ့ကြိုးများနှင့် ကြေးနီခွေများကို ၀တ်ဆင်လေ့ရှိကြသည်။ ငွေထည်များကိုလည်းအဆင်တန်ဆာအဖြစ် ၀တ်ဆင်လေ့ရှိကြသည်။
မြိုအမျိုးသမီးတို့သည် အိမ်တွင်းမှုလုပ်ငန်းအဖြစ် ဂျပ်ခုတ်ရက်ကန်းရက်ခြင်းကို လုပ်ကိုင်ကြပြီး ၄င်းတို့အစုအဖွဲ့အတွင်းမှာပင် ရက်လုပ်ရောင်းချလေ့ရှိကြသည်။
မြိုရိုးရာ ရက်ကန်းထည်တစ်ထည် ရရှိရန်အတွက် အနည်းဆုံး (၁၀) ရက်မှ နှစ်ပတ်ထိ ကြာမြင့်တတ်သည်။ ရှားပါး၍ ရက်လုပ်သူ အလွန်ရှားပါးနေပြီဖြစ်သော မြိုရိုးရာ ရက်ကန်းထည်တစ်မျိုးမှာ ရက်လုပ်ချိန် (၁)လ အထိကြာမြင့်၍ အလွန်သေးငယ်လှပသော အကွက်စိတ်များဖြင့် လှပလွန်းလှသည်။<ref>မယ်ယုတောင်စွယ်ကြားမှ သွေးချင်းမောင်မယ်များ(သျှင်ထွေးယဉ်) စာမျက်နှာ </ref>
 
== ကိုးကား ==