သမ္ဘူလ: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာ အသစ်ဖန်တီးခဲ့ပါသည်။
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
(ကွဲပြားမှု မရှိ)

၀၈:၄၈၊ ၂၈ မေ ၂၀၂၀ ရက်နေ့က မူ

မဏိစန္ဒာမင်းသမီးအ‌ရေးနှင့်ပတ်သက်၍ အနော်ရထာမင်းကြီးသည် ကြီးစွာအမျက်ထွက်သဖြင့် ကျန်စစ်သားထွက်ပြေးစဉ် တွေ့မြင်ချစ်ကြိုက်ခဲ့သူမှာ ရဟန်းတူမ "သမ္ဘူလ" ပင်ဖြစ်သည်။ အနော်ရထာမင်းနတ်ရွာစံပြီးနောက် သားတော်စောလူးမင်းနန်းတက်၏။ ထိုအခါ မှူးမတ်တို့၏ ပန်ကြားချက်အရ ကျန်စစ်သားကို နန်းတော်သို့ ပြန်လည်ခေါ်ယူခဲ့လေသည်။ ကျန်စစ်သားက အဖိုးအနဂ္ဃထိုက်တန်သော လက်စွပ်ကို သမ္ဘူလအား ပေးခဲ့၏။ သမီးမိန်းကလေးမွေးသော် ဤလက်စွပ်ကို ထုခွဲရောင်းချစားသောက်လေ။ သားယောက်ျားလေးမွေးသော် ဤလက်စွပ်နှင့်တကွ နန်းတော်သို့ လိုက်လာခဲ့လေဟု အမှာထားခဲ့၏။ ကျန်စစ်သားနန်းတက်၍ နှစ်နှစ်ကြာသော် သမ္ဘူလလည်း သားငယ်လက်ကိုဆွဲ၍ လက်စွပ်နှင့်တကွ နန်းတော်သို့လိုက်လာ၏။ ကျန်စစ်သားလည်း သမ္ဘူလကို 'ဦးဆောက်ပန်း' အမည်ပေး၍ မိဖုရားမြှောက်လေ၏။ သားတော်ကိုကား 'ဇေယျခေတ္တရာ' ဟူသောအမည်နှင့် ရခိုင်ပြည်ဘက်ရှိ တောင်စဉ်ခုနှစ်ခရိုင် စားစေ၏။