မြန်မာဂီတ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
ပြောင်း
စာကြောင်း ၈ -
သံစဉ်များကို တစ်ပေါက်သံ၊ နှစ်ပေါက်သံ စသည်ဖြင့် ခေါ်ဝေါ်ကြခြင်းမှာ အမှုတ်သံစုံ တူရိယာများ ဖြစ်ကြသော[[နှဲ]]နှင့် [[ပြွေ]]တို့၌ ပါသည့် အပေါက်များကို အစွဲပြု၍ ခေါ်ကြခြင်းဖြစ်သည်။ ပတ်သံ၊ ကြေးသံ၊ မောင်းသံတို့ကို နှဲကြီး၏ အသံများဖြင့် ညှိထားသည်၊ ထိုကြောင့် ယင်းတို့ကို တီးခတ်ရာ၌လည်း နှဲ၏ သံစဉ်များကို ခေါ်ဝေါ်သုံးနှုန်း ထားသည့်အတိုင်း လေးပေါက်သံ၊ ငါးပေါက်သံ စသည့်ဖြင့် ခေါ်ဝေါ် သုံးနှုန်းကြလေသည်။
 
ဂီတသံစဉ်တို့၏ ပရိယာယ်အားဖြင့် အသံတစ်မျိုးလျှင် ခုနစ်မျိုးပြောင်နိုင်းသည်။ ပုံစံအားဖြင့် မူတည်သံကို တပေါက်ထားလျှင် ကျန်အသံများသည် ၂-၃-၄-၅-၆-၇ ဟုအစဉ်တိုင်းရှိကြသည်။ သို့သော် နှစ်ပေါက်သံကို မူတည်သံထားလျှင် သုံးပေါက်သံသည် လေးပေါက်၊ လေးပေါက်သံသည် ငါးပေါက်၊ ငါးပေါက်သံသည် ခြောက်ပေါက်၊ ခြောက်ပေါက်သံသည် ခုနစ်ပေါက်၊ ခုနစ်ပေါက်သံသည် တစ်ပေါက်သံဟူ၍ အစဉ်အတိုင်းပြောင်းသွားသည်။ အသံခုနစ်မျိုးအနက် မည်သည့်အသံကို မဆို မူတည်သံ ထားနိုင်ရာ ကျန်အသံခြောက်သံ တို့သည် ဆိုခဲ့သည့်နည်းအတိုင်း အသံပြောင်းသွားကြသည်။ တနည်းအားဖြင့် ဆိုရလျှင် မူတည်သံကိုလိုက်၍ တစ်ပေါက်သံသည် 'နှစ်'လည်း ဖြစ်နိုင်သည်။ 'သုံး' လည်းဖြစ်နိုင်သည်။ 'လေး' လည်းဖြစ်နိုင်သည်။ 'ငါး'လည်း ဖြစ်နိုင်သည်။ ထို့ကြောင့် အသံတစ်သံလျှင် ခုနစ်မျိုးပြောင်း သွားနိုင်၍ သံစဉ်ခုနှစ်ပါးသည် အသံ ၄၉ မျိုး ပြားနိုင်သည်ကိုပြောင်းနိုင်သည်ကို အစွဲပြုကာ၊ [[မဃဒေဝလင်္ကာသစ်]]၌ 'ပေါင်းရုံး ညိုးညံ၊ ခုနစ်သံတွင်၊ အသံ ခုနစ်မျိုး လေးဆဲ့ကိုးတည့်' ဟု ဖော်ပြထားသည်။
 
ရှေးဂီတပညာရှင်တို့သည် သံစဉ်တို့၏ ပရိယာယ်ကို နောင်လာ နောက်သားများ နားလည် သဘောပေါက်စေရန် သံစဉ် ခုနစ်မျိုးကို စုံအောင် လည်သော