ရှေးဟောင်းမြိုလူမျိုး: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁ -
(ဤအကြောင်းအရာနှင့် ခမီဘာသာစကားပြောသည့် မြိုဟု ခံယူသူများနဲ့ မရောထွေးပါနှင့်){{Infobox ethnic group|group=မြိုလူမျိုး|native_name=|flag=[[Myanmar]]|flag_caption=|image=Mro men from Bandarban.jpg|image_caption=ရှေးဟောင်းမြိုလူမျိုး|total=၁၀၀,၀၀၀|total1=၁၂၀,၀၀၀|population=၁၂၀,၀၀၀ (၂၀၂၀ ခန့် မှန်း)|popplace=[[Myanmar]] ,[[Bangladesh ]],[[ India]]| [[Bangladesh]] | [[India]]|regions=ရခိုင် | Rakhine State.|region1=[[flag|Myanmar]]|region2=[[flag|Bangladesh]]|region3=[[flag|India]]|languages=[[မြူဘာသာစကား| မြို]]|religions=[[နတ်ကိုးကွယ်ယုံကြည်မှု]]၊ [[ဗုဒ္ဓဘာသာ]] ၊[[ခရစ်ယာန်ဘာသာ]] ၊[[ဟိန္ဒူဘာသာ]] ၊ [[မြိုကရာမာ ဘာသာ]]|related_groups=ချင်း}}
 
 
[[တိဗက်-မြန်မာ|တိဗက်- မြန်မာ]] အစုမှ လူမျိုးများအနက်‌ [[ရှေးဟောင်းမြိုလူမျိုး]]တို့သည် စစ်တွေခရိုင် ဘူးသီးတောင် ဒေသနှင့် ယခင် ရခိုင်တောင်တန်းဒေသ၊ ယခု ချင်းဝိသေသတိုင်း ပီးချောင်း၊ မီးချောင်း တလျှောက်တွင် နေထိုင်ကြသည်။ ထို့ပြင် အရှေ့ပါကစ္စတန်ပြည်၊ [[စစ်တကောင်းတောင်တန်းဒေသ|စစ်တကောင်း တောင်တန်း]]၊ ဗိုလ်မင်းထောင် တောင်တန်းနယ် အစွန်အဖျားတွင်လည်း မြိုလူမျိုးတို့ နေထိုင်ကြသည်။ ၁၉၃၁ ခုနှစ် သန်းကောင်စာရင်းအရ မြိုလူမျိုးတို့၏ ဦးရေမှာ ၁၃,၇၆၆ ခန့်ရှိသည်။ မြိုလူမျိုးတို့သည် မြို့ကြီးပြကြီးနှင့်မနီး၊ တောတောင် ချောင်းမြောင်း ထူထပ်သော အရပ်များတွင် ရှေးဓလေ့အတိုင်း တောင်ယာပဲခင်း လုပ်ကိုင်စားသောက်လျက် ရှိကြသည်။ ယောက်ျားတို့မှာ အနံ တဝါးလောက် အပြာရောင် အဝတ်ရှည်ကို ခါးတောင်ကျိုက်၍ ဝတ်ကြပြီးလျှင်၊ မိန်းမများမှာ အင်္ကျီဝတ်ကြရိုး ထုံးစံမရှိဘဲ၊ နက်ပြာရောင် အဝတ်စ အနံတထွာလောက်ကို ဒူးဆစ်အထိ ဆီးစပ်အောက် ရှော၍ ပတ်ရစ်ဝတ်ဆင်ကြသည်။ ထိုအဝတ်စ ခါးတွင် မြဲနေစေရန် ပုတီးစေ့လုံးကြီးများ သီထားသော ကြိုးများဖြင့် ရစ်ပတ်စည်းနှောင်၍သော်လည်း ထားတတ်၏။ သို့မဟုတ် [[ကြေးနီခေတ်|ကြေးနီခွေ]]များကိုသော်လည်း စွပ်ထားတတ်၏။ ရိုးသားစွာ နေထိုင်လေ့ရှိသည်။ လူအိုလူမင်းများကို လုပ်ကိုင် ကျွေးမွေးမည့် သားသမီးမရှိလျှင် ကာလသားများသည် စု၍ အပိုသက်သက် တောင်ယာလုပ်ပြီးလျှင် ဝမ်းစာထည့်ပေးကြ၏။ခေါင်းကိုက်၊ ဝမ်းနာ၊ ဖျားနာခြင်းမှစ၍ နတ်ဖမ်းစားသည်ဟု အယူရှိပြီးလျှင် ကျွဲနွားဝက်တို့ကို သတ်၍ နတ်တင်လေ့ရှိသည်။ တောင်ပေါ် ယာခင်းတွင် မျိုးကြဲခါနီး၌ ကြက်ကို အကောင်များစွာ သတ်၍၊ ကြက်သွေးဖြင့် ယာခင်းကို ပက်ဖျန်းကာ ယာခင်းကောင်းစေရန်လည်း နတ်တင်လေ့ရှိသည်။မြိုလူမျိုးတို့သည် တချိန်က ရခိုင်ပြည်တွင် မင်းဧကရာဇ်များအဖြစ် နန်းတက်၍ “မြို” မင်းဆက် နှစ်ဆက်ကိုပင် တည်ထောင်ခဲ့ဘူးလေသည်။ ထိုသို့ မြိုမင်းဆက် နန်းတက်ခဲ့သည်မှာ သက္ကရာဇ် ၁၃၁ ခုနှစ်မှ ၁၅၆ ခုနှစ်အထိ ၂၅ နှစ်ခန့် ကြာခဲ့လေသည်။ဤသို့ မြို့မင်းဆက် နှစ်ဆက် ထူထောင်ခဲ့ဘူးသော မြိုလူမျိုးတို့မှာ ယခုအခါ မထင်မရှားသော လူမျိုးအနေဖြင့် တည်ရှိကာ၊ အခြား [[မြန်မာနိုင်ငံ]] တိုင်းရင်းဘွားတို့ကပင် မြိုလူမျိုးတို့အကြောင်းကို မသိရှိကြပေ။<ref>.မြန်မာ့စွယ်စုံကျမ်းအတွဲ( ၉)အပိုင်း(ခ)(စာ ၄၂၅-၄၂၆)</ref>
 
== ပထဝီနယ်မြေ ==